Worker’s Comp. Insurance ၀ယ်ဖို့လိုသလား
Worker’s Compensation Insurance ၀ယ်ဖို့လိုသလား?
Sushi လုပ်ငန်းရှင်များ ယခုလတ်တလော အငြင်းပွားနေရတဲ့ Worker’s Compensation Insurance ၀ယ်ဖို့လိုမလို ဆိုတဲ့ မေးခွန်းအတွက် အဖြေသည် State တစ်ခုနှင့် တစ်ခု ကွားခြားပါသည်။
သင့်လုပ်ငန်းတွင် အချိန်ပိုင်း/ အချိန်ပြည့် လုပ်ကိုင်နေသော ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရပါက အကာအကွယ် ခံစားခွင့် ရမည့် အာမခံချက် ဖြစ်ပါသည်။
ဝန်ထမ်းဟု ဆိုရာတါင် တစ်ချို့ State တွင် သင်ကိုယ်တိုင် ပါဝင်ပါသည်။ တစ်ချို့ State တွင် သင် (လုပ်ငန်းရှင်) သို့မဟုတ် Corporation Director အနေဖြင့် ကင်းလွတ်ခွင့် ရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် သင်ထိခိုက်လျှင် ခံစားခွင့် မရှိပါ။ ၀န်ထမ်းသု ဆိုရာတွင် Sub-Contractor များလည်း အကျုံးဝင်ပါသည်။
ဘယ်သူတွေ အာမခံဝယ်ရမလဲ?
အထက်တွင် ဖေါ်ပြခဲ့သလို State အလိုက် စည်းမျဉ်းများ ကွာခြားပါတယ်။ ဥပမာ အနေဖြင့် Florida ရှိ လုပ်ငန်းရှင်တစ်ဦးတွင် ၀န်ထမ်း ၄ ဦး ထက်ပိုပါက အာမခံ မရှိမဖြစ် ၀ယ်ရပါမည်။ ချွှင်းချက် – လုပ်ငန်းရှင် ဒါရိုက်တာ ကင်းလွတ်ခွင့် ရှိပါတယ်။ အခြားပြည်နယ်များ လိုအပ်ချက်ကို အောက်ဖေါ်ပြပါ Web Site များမှာ သွားရောက် ကြည့်နိုင်ပါတယ်။
http://www.nfib.com/legal-center/compliance-resource-center/compliance-resource-item?cmsid=57181
ခံစားခွင့်များ
ဤအာမခံ ရှိခြင်းဖြင့် ပေးဆောင်ရသော Premium ပေါ်မူတည်၍ ၎င်း ၀န်ထမ်း၏ လစာပေါ်မူတည်၍၎င်း ထိုဝန်ထမ်း ဒဏ်ရာ ရပါက ဆေးစရိပ် လစာခံစားခွင့် နှင့် အခြား ခံစားခွင့်များ ရနိုင်ပါတယ်။
မေးခွန်းများ မေးလိုပါက hlwin87@gmail.com သို့ အခမဲ့ မေးနိုင်ပါတယ်။
Hnin Lwin
(916) 388-4826
Licensed Tax Preparer
Ma Hnin,
So many thanks ….that helpful
You are most welcome Ko Ye. I’ll keep posted more articles which I think may be helpful for our community. Thanks!
Ma Hnin Lwin, thank you for sharing with us.
Ko Htun Linn, It’s my pleasure to share some of the important tips for small business owner.