Welcome! မင်္ဂလာပါ

Blog Post

Mid-year Report

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း (အမေရိကန်ပြည်ထောင်စု)

United Nationals Organization of Burma (USA )

ခြောက်လပြည့်အစီရင်ခံစာ

Mid-year Report

November 27, 2009.

လေးစားအပ်သော မြန်မာတိုင်းရင်းသားမျိုးနွယ်စုအသင်းဝင်များခင်ဗျား။

ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ရှေးဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မျိုးနွယ်စုအသင်းကြီးကို စုပေါင်းအကြံဥာဏ် စုပေါင်းလုပ်အားတို့ဖြင့်တည်ဆောက်ခဲ့ကြသည်မှာ ခြောက်လတင်း တင်းပြည့်လာခဲ့ပါပြီင်္။ ရင်းနှီးချစ်ခင်မှု ယုံကြည်စိတ်ချမှု နားလည်သည်းခံမှု ညီညွတ်မှုတို့ဖြင့်အလုပ်များစွာကိုလုပ် နိုင်ခဲ့ပါသည်။ အခက်အခဲများစွာကိုကျော်ဖြတ်နိုင်ခဲ့ပါသည်။

ပြီးစီးခဲ့သောလုပ်ငန်းစဉ်အကျဉ်းကိုအောက်ပါအတိုင်းအစီရင်ခံလိုပါသည်။

အစည်းအဝေးများ

  • အလုပ်အမှုဆောင်ပုံမှန်အစည်းအဝေး(၃)ကြိမ်
  • အလုပ်အမှုဆောင်ကြားဖြတ်အစည်းအဝေး(၁)ကြိမ်
  • အလုပ်အမှုဆောင်လုပ်ငန်းအစည်းအဝေး(၂)ကြိမ်
  • လူထုအစည်းအဝေး(၂)ကြိမ် Tempa and Naples
  • လုပ်အားရှင်များဂုဏ်ပြုပွဲ(၁)ကြိမ်
  • အသင်းဝင်လူကြီးသူမများအားတွေ့ဆုံမေးမြန်းခြင်းဖြင့် အကြံဥာဏ်များရယူခြင်း(၁)ကြိမ်

လူမှုရေးလုပ်ငန်းများ

  • သာရေး(၁)ကြိမ်
  • နာရေး(၂)ကြိမ်
  • ကူညီကယ်ဆယ်ရေး(၃)ကြိမ်
  • ပျော်ပွဲရွှင်ပွဲ(၁)ကြိမ်
  • အသင်း၏ Thanksgiving Dinner မိတ်ဆုံစားပွဲနှင့်စုပေါင်းအပန်းဖြေပွဲကျင်းပခြင်း(၁)ကြိမ်

ရုံးလုပ်ငန်းများ

  • အသင်းမှတ်ပုံတင်ခြင်း
  • အတွင်းရေးမှူးရုံးအဖွဲ့ ဖွဲ့စည်းခြင်း
  • လုပ်ငန်းကော်မီတီများ ဖွဲ့စည်းခြင်း
  • အင်တာနက်ထူထောင်ခြင်း

ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းများ

  • အသင်းဝင်ကြေးလက်ခံခြင်းများ
  • တစ်ဦးချင်းပုဂ္ဂလိကလှူဒါန်းငွေများလက်ခံခြင်း(၄)ကြိမ်
  • အသင်း၏စပို့ရှပ်အင်္ကျီရောင်းချခြင်း(၃)ကြိမ်
  • ပျော်ပွဲရွှင်ပွဲတွင်ရံပုံငွေအလှူလက်ခံခြင်း(၁)ကြိမ်
  • ပျော်ပွဲရွှင်ပွဲမှ တီးဝိုင်းမှတ်တမ်းအခွေရောင်းချခြင်း(၁)ကြိမ်
  • Garage Sales ရောင်းပွဲ(၁)ကြိမ်

ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များ

  • အသင်းကြီး၏ဖွဲ့စည်းပုံအခြေခံဥပဒေကိုမြန်မာဘာသာဖြင့်ပြန်လည်ရေးသားခြင်း
  • ထပ်မံပြင်ဆင်ဖြည့်စွက်ရန်အချက်များနှစ်ပါတ်လည်ညီလာခံသို့တင်ပြနိုင်ရန်စီစဉ်ခြင်း
  • အသင်းဝင်များအကျိုးခံစားခွင့်များသတ်မှတ်ဖော်ပြနိုင်ရန်စီစဉ်ခြင်း
  • အသင်း၏ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများထပ်မံဖြည့်စွက်နိုင်ရန်စီစဉ်ခြင်း
  • အသင်းဝင်ကဒ်များစီစဉ်ခြင်း
  • နှစ်သစ်ပို့စ်ကဒ်များစီစဉ်ခြင်း
  • အသင်း၏အသိအမှတ်ပြုစာများပေးပို့ရန်စီစဉ်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိပါသည်။

အထူးအစီရင်ခံလိုသည်မှာ အသင်းကြီး၏သင်းလုံးကျွတ်နှစ်ပါတ်လည်ညီလာခံကြီးကို အသင်းသူအသင်းသား အားလုံးစုံညီစွာဖြင့် ၂၀၁၀ခုနှစ်တွင်ကျင်းပသွားရန်ကြိုတင်စီစဉ်လျက်ရှိပါသည်။

တနှစ်ပါတ်လုံး၏လုပ်ငန်းဆောင်ရွက်မှုအသေးစိတ်အစီအစဉ်များကို အသင်းသားများအားလုံးသို့စနစ်တကျတင်

ပြအစီရင်ခံသွားပါမည်။

နှစ်ပါတ်လည်သင်းလုံးကျွတ်အစည်းအဝေးကြီးတွင် အသင်းသားအားလုံးရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ အားလုံးကောင်းကျိုးသယ်ပိုးဆောင်ရွက်ရန် ဆက်လက်ချီတက်ကြပါစို့။

လေးစားစွာဖြင့်

အလုပ်အမှုဆောင်အဖွဲ့

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း

အမေရိကန်ပြည်ထောင်စု

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Myanmar New Year Water Festival Thingyan in South Florida United States 2019 Easter Sunday
2019 S. Florida Water Festival နှစ်သစ်ကူး အတာသင်္ကြန်

ဧပရယ် ၂၁ရက် | Easter Sunday 2019 Florida တောင်ပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို သီတဂူဘုန်းကြီးကျောင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ

Western Union Myanmar Burma
Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ   လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား – မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို  New

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )