ဥပဒေရေးရာဟောပြောပွဲ ဗွီဒီယိုမှတ်တမ်း
လူတစ်ခု အမှုတစ်ရာ ဆိုသလို ကျွန်တော်တို့၏ နေ့တစ်ဓူဝ ကြိုးစားရှင်သန် ရုန်းကန်နေရချိန်တွင် ပြသနာပေါင်းစုံသည် နေရာမျိုးစုံမှ ၀င်ရောက်လာတတ်ပါသည်။ တစ်ချို့ပြသနာများသည် မိမိအမှားကြောင့်ဖြစ်သော်လည်း တစ်ချို့မှာ မိမိအားနည်းချက်ကို အခွင့်ကောင်းယူ၍ အနိုင်ကျင့် စော်ကားခံရခြင်းများကြောင့် မဖြစ်သင့်ပဲ ဖြစ်လာရခြင်းများ တွေ့ကြုံဖူးကြပါလိမ့်မည်။ ထိုအခြေအနေမျိုးတွင် တရားမျှတသော ဥပဒေ၏ အကာအကွယ်ဖြင့်သာ တရားမျှတမှုကို ရရှိမည်ဖြစ်ပါသည်။ ဥပဒေပညာသည် ကျွန်တော်တို့၏ နေ့စဉ်ရှင်သန်မှုကာလတွင် လွန်စွာအရေးပါသော ကဏ္ဍမှပါဝင်လျက်ရှိပါသည်။
ယခု Video သည် သြဂတ်လ (၂၀)ရက်နေ့ တွင် ပြုလုပ်ခဲ့သော ဥပဒေရေးရာ ပညာပေးဟောပြောပွဲမှ မှတ်တမ်းတင် ဗွီဒီယိုဖြစ်ပါသည်။ ဟောပြောပွဲမှ Mr. Patrick ၏ မိတ်ဆက်ဟောပြောမှုများနှင့် အမေးအဖြေ ကဏ္ဍတစ်ချို့သာဖြစ်သော်လည်း မည်မျှ ကျွန်တော်တို့အား ဥပဒေပညာရပ်ဆိုင်ရာ ဗဟုသုတများ ပေးစွမ်းနိုင်ကြောင်းကို ကြည့်ရှုပြီးလျှင် သိရှိပါလိမ့်မည်။ ကျွန်တော်တို့၏ ဥပဒေရေးရာ အမြင်အာရုံများကို ကြည်လင်စေပြီး၊ ကြားရသမျှသော ပြောစကားများကို မည်သည်က အမှား၊ မည်သည်က အမှန် ခွဲခြားဆင်ခြင်နိုင်စွမ်းကို အထောက်အကူဖြစ်စေပါသည်။ ယခုကဲ့သို့သော ပညာပေး အစီအစဉ်များ မကြာခဏ ကျင်းပနိုင်ရန် မျှော်လင့်မိပါသည်။
(ဓါတ်ပုံများကြည့်ရန် Click here to see Pictures)
Video Format: Windows Media Video Apox. Running Time : 39 Minutes
URL : http://unobusa.org/uploads/unob_conference.wmv
unob…unob…unob….
Thar…..doo…..thar…doo……..th………
hello
thank for Video.
Thank you so much for organizing such a great group for our community.
တကယ်ကိုစိတ်ရှေးလက်ရှည်ဖြေကြားပေးသွားပါတယ်
မမောတမ်းမနားတမ်း ခုနတုန်းက အများကြီးပြေါသွားတယ်
ဗီဒီယိုရိုက်တဲ့သူကလည်းတော်တယ် ခုနတုန်းကလေးတင်ထပ်ကြည့်လိုက်သေးတယ် 🙂
အထူးကျေးဇူးတကယ်တင်တာပါ
အရမ်းပညာရပါတယ်။ UNOB အသင်းဝင်တစ်ဦးအနေနဲအခုလိုကူညီပေးတဲ့အတွက်အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်။