Welcome! မင်္ဂလာပါ

Blog Post

စာမူများတောင်းခံခြင်း

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသတင်းစာစောင်
အမေရိကန်ပြည်ထောင်စု
P.O. Box: 20196, West Palm Beach, FL 33416
သို့
လူကြီးမင်းခင်ဗျား
ရက်စွဲ။ ။ ၂၀၁၀ခု၊ မေ (၁၁)ရက်

“ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသတင်းစာစောင် ” ကို ယခုနှစ်မှစတင်၍ အောက်ပါရည်ရွယ်ချက်များဖြင့် ထုတ်ဝေ ဖြန့်ချိသွားမည်ဖြစ်ပါသည်။
၁။ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်းကြီး၏ လုပ်ဆောင်ချက်များကို အသင်းဝင်များသို့ပုံမှန်အစီရင်ခံသွားရန်။
၂။ နီးစပ်ရာမြန်မာအသိုင်းအ၀ိုင်းအတွင်း ဗဟုသုတဆိုင်ရာ၊ အသိပညာ အတတ်ပညာဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေရေး ဆိုင်ရာ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာ၊ လူမှုဖူလုံရေးဆိုင်ရာ၊ သိမှတ်စရာသတင်းများဆိုင်ရာ၊ စိတ်ပျော်ရွှင်ဖွယ်ဆိုင်ရာများကို မြန်မာဘာသာဖြင့်တတ်နိုင်သလောက်ဖြန့်ချီပေးသွားရန်။

UNOB မှ ပထမဆုံးအကြိမ်ထုတ်ဝေမည့် ” မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ သတင်းစာစောင် ” အတွက် အောက်ပါ လိပ်စာအတိုင်း “စာမူ”များဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
UNOBအဖွဲ့ဝင်သော်၎င်း၊ အဖွဲ့ဝင်မဟုတ်သူသော်၎င်း မည်သူမဆိုပါဝင်ရေးသားနိုင်ကြပါသည်။ စာစောင်သည် Commu -nity အကျိုးအတွက်သာလျှင်ဖြစ်၍ စာမူခငွေကြေးချီးမြင့်နိုင်မည်မဟုတ်ပါ။
အောက်ပါခေါင်းစဉ်အရ၎င်း၊ မိမိကြိုက်နှစ်သက်ရာ၎င်း ပေးပို့နိုင်ကြပါသည်။ ဗဟုသုတ၊ ရသစာပေ၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ သတင်း၊ ဟာသ စသည်ဖြင့်ဖြစ်ပါသည်။
စာမူနှင့်အတူ ကိုယ်တိုင်ရေးဖြစ်ကြောင်း၊ အခြားစာစောင်များတွင်ပေးပို့ဖော်ပြခဲ့ခြင်းမရှိကြောင်း တာဝန်ယူပေးရမည်ဖြစ် ပါသည်။
ဘာသာပြန်စာမူဖြစ်ပါက မူရင်းစာမူကိုပူးတွဲပေးပို့ရပါမည်။
သတင်းရေးသားပေးပို့ပါက သတင်းရရှိ (သို့မဟုတ်) ဖြစ်ပေါ်သည့် ဇစ်မြစ်ကိုထည့်သွင်းဖော်ပြရပါမည်။

စာမူပို့ရာတွင် ကွန်ပျူတာစာမူဖြစ်စေ၊ လက်ရေးစာမူဖြစ်စေ ပေးပို့နိုင်ပါသည်။
စာစောင်၏ပုံမှန်ထုတ်ဝေမှုမှာ (၃)လ တစ်ကြိမ်ဖြစ်ပါသည်။ (January / May / August / October)
ပထမအကြိမ်ထုတ်ဝေမှု အတွဲ(၁) အမှတ်(၁)ကို ဇွန်လ (ပထမ)အပတ် (၂၀၁၀)ခုနှစ်တွင်ထုတ်ဝေပါမည်။

စာမူရွေးချယ်ရေးမူမှာ UNOB အဖွဲ့၏မူအတိုင်းပင်ဖြစ်ပါသည်။ www.unobusa.org တွင်အသေးစိတ်ကြည့်ရှုနိုင် ပါသည်။

စာစောင်ကိစ္စဆက်သွယ်ရန်။ ။ UNOB, P.O. Box: 20196, West Palm Beach, FL 33416
136 South US Hwy 1, Vero Beach, FL 32962
thanvero@gmail.com, Cell Phone: 772-538-1343 / Fax: 772-567-0679
လေးစားစွာဖြင့် –

သန်းနိုင်
စာစောင်ထုတ်ဝေရေးတာဝန်ခံ(ယာယီ) ၊ UNOB-USA

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Donated by Khin Maung Thein Susan Thein
Donation ဦးခင်မောင်သိန်း ဒေါ်စူဆန်သိန်း မိသားစုမှ အလှူငွေ ပေးအပ်လှူဒါန်းခြင်း

ဖလော်ရီဒါပြည်နယ် Boynton မြို့နေ ဦးခင်မောင်သိန်း နှင့် ဒေါ်စူဆန်သိန်းတို့မှ UNOB အသင်းကြီး အထွေထွေ ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ရန်အတွက် ဒေါ်လာ ၁၀၀၀ ကို

Literary Event 2019 Banner Florida USA
2019 ဖလော်ရီဒါ စာပေဟောပြောပွဲ မှတ်တမ်း

မြန်မာပြည်မှ ရောက်ရှိနေသော စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို–ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာ ညီပုလေးတို့ ၃ ဦး၏ စာပေဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ မှာ ဖလော်ရီဒါ(တောင်ပိုင်း)ရောက်မြန်မာမိသားစုများက

Myanmar New Year Water Festival Thingyan in South Florida United States 2019 Easter Sunday
2019 S. Florida Water Festival နှစ်သစ်ကူး အတာသင်္ကြန်

ဧပရယ် ၂၁ရက် | Easter Sunday 2019 Florida တောင်ပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို သီတဂူဘုန်းကြီးကျောင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ

Western Union Myanmar Burma
Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ   လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား – မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို  New

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )