Welcome! မင်္ဂလာပါ

Blog Post

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ကူညီရေး

ကချင်ပြည်နယ်စစ်ပြေးဒုက္ခသည်များ
ကူညီရေး

မြန်မာတိုင်းရင်းသား မျိုးနွယ်စုအသင်းဝင် မိဘညီအစ်ကို မောင်နှမများခင်ဗျား-

လက်ရှိမြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် နေရပ်ဌာနေ စွန့်ခွာပြီး စစ်ပွဲများနှင့်ဝေးရာ လွတ်ရာကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော ကချင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများ စားဝတ်နေရေးနှင့် ဆေးဝါးပစ္စည်းများ အထူးလိုအပ်လျှက်ရှိသည်ကို သတင်းဌာနများ မှတစ်ဆင့်ကြားသိရပါသည်။ ထို့ကြောင့် မြန်မာပြည်ဖွားတိုင်းရင်းသားခြင်း လူသားခြင်းစာနာ ထောက်ထား သောအားဖြင့် ပါဝင်ကူညီလိုသူများ စေတနာတရား ထက်သန်သလောက် U.N.O.B မှတစ်ဆင့် ပါဝင် လှူဒါန်းနိုင်ကြပါသည်။ လာမည့်သောကြာနေ့(8/12/11) တွင်ထိုစစ်ပြေးဒုက္ခသည်များစခန်းသို့ တိုက်ရိုက် ဆက်သွယ်ပေးပို့ရန် အစီအစဉ်ရှိပါ၍ အချိန်မှီပါဝင်ကူညီနိုင်ပါကြောင်း သတင်းပေး နိုးဆော်အပ်ပါသည်။

အလှူငွေပေးပို့လိုပါလျှင်-

U.N.O.B

P.O.Box  20196

West Palm Beach, FL-33416

အလှူငွေလက်ခံဖြတ်ပိုင်းပြန်လည်ပို့ပေးပါမည်။

အလှူငွေကိစ္စအတွက် စုံစမ်းမေးမြန်းလိုပါလျှင်-

ကိုအောင်သက်    (561)414-3221

ကိုဘရန်ရှောင်     (561)351-7343

ကိုမောင်ငယ်       (561)271-0251

ကိုသက်လွင်       (561)676-5903

Dr. ဦးကျင်ဟိုး    (954)849-2016

UNOB

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Literary Event 2019 Banner
2019 ဖလော်ရီဒါ စာပေဟောပြောပွဲ မှတ်တမ်း

မြန်မာပြည်မှ ရောက်ရှိနေသော စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို–ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာ ညီပုလေးတို့ ၃ ဦး၏ စာပေဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ မှာ ဖလော်ရီဒါ(တောင်ပိုင်း)ရောက်မြန်မာမိသားစုများက

myanmar literary event 2019 Florida
စာပေဟောပြောပွဲ ဖိတ်ကြားလွှာ

မြန်မာပြည်မှ ရောက်ရှိနေသော စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို–ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ဆရာ ညီပုလေးတို့ ၃ ဦး၏ စာပေဟောပြောပွဲကို—ဖလော်ရီဒါ(တောင်ပိုင်း)ရောက်မြန်မာမိသားစုများကစုပေါင်း၍ အောက်ပါအစီအစဉ်တိုင်း ကျင်းပမည်ဖြစ်ပါသည်— သို့ပါသောကြောင့် ရပ်နီးရပ်ဝေးမှ စာပေချစ်သူများ မည်သူမဆို

Myanmar New Year Water Festival Thingyan in South Florida United States 2019 Easter Sunday
2019 S. Florida Water Festival နှစ်သစ်ကူး အတာသင်္ကြန်

ဧပရယ် ၂၁ရက် | Easter Sunday 2019 Florida တောင်ပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို သီတဂူဘုန်းကြီးကျောင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ

Western Union Myanmar Burma
Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99

Lytro_02.jpg
သမိုင်းအသစ်ရေးမည့် Lytro Camera

ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ   လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား – မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို  New

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )