Welcome! မင်္ဂလာပါ

Tag Archives: UNOB

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

စာပေဟောပြောပွဲညမှ ဒေါ်မာမာအေး၏ မဟာဂီတ အမှတ်တရ ဟောပြောမှု ဗွီဒီယို အပြည့်အစုံ ဖြစ်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ Flash Player ရှိဖို့ လိုအပ်ပါတယ်။ Web Site ပေါ်တွင် ဗွီဒီယို ကြည့်ရန် အခက်အခဲ ရှိပါက မေးမြန်းနိုင်ပါတယ်။ Full length video of Daw Mar Mar Aye’s speech “Mahar Gita”.   Get the Flash Player to see the wordTube Media Player. Read More...

စာပေဟောပြောပွဲ မှတ်တမ်း

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။ စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ ဖလော်ရီဒါပြည်နယ် အတွက် ပထမဦးဆုံး အကြိမ်ဖြစ်သည့် အားလျော်စွာ တတ်ရောက် လာခဲ့ကြသည့် စာပေ ၀ါသနာရှင်များ မှလည်း စိတ်ဝင်တစား နားထောင်ခဲ့ကြသလို ဟောပြောပေးသည့် ပညာရှင်များ ဖက်မှလည်း အားရ၀မ်းသာ ရှိခဲ့ကြကြောင်း ကြားသိရသည့် အတွက် UNOB အသင်းသား/သူ များမှ များစွာ ကျေးဇူးတင် Read More...

3rd Annual Anniversary Celebration

ဇွန်လ ၂ ရက်နေ့ ညတွင် UNOB အသင်း နှစ်ပတ်လည် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အစီအစဉ်များကို အခမ်းအနားမှုး ကိုစိန်မြင့်အောင် မှ စတင်ကြေငြာပြီး၊ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးတို့မှ အဖွင့် မိတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ နှစ်ပတ်လည် ငွေစားရင်း ရှင်းတမ်းများကို အသီးသီး ပြောကြားခဲ့ပါသည်။ ဖိတ်ကြားထားသည့် မိတ်ဆွေ အပေါင်းအသင်းများ၊ အဖွဲ့ဝင်များ စုံညီစွာ လာရောက်ခဲ့သည့်အတွက် စည်စည်ကားကား ရှိခဲ့သလို BINGO အစီအစဉ်ကြောင့်လည်း အလွန်ပျော်ရွှင်ကြရပါသည်။ ဆုအများစုကို အမှုဆောင် နာယကကြီးများမှ သိမ်းကျုးံ ရရှိသွားခဲ့သဖြင့် ကျန်ရှိသော သူများမှ သိပ်မကျေနပ်ပါ။ တစ်ချို့ကလည်း လက်မှတ် အဟောင်းများကို လွှင့်မပစ်ပဲ ဆက်တိုက်ကစားကာ ဆုမဲများ ရရှိသွားကြ လေသလားဟု သံသယ၀င် ကြပါသည်။ မည်သို့ဆိုစေ BINGO ပေါက်သွားသည့် နာယကကြီးများ ကတော့ ပျော်မဆုံး မော်မဆုံး ဆုများ သယ်ဆောင်သွားပြီး ဖြစ်ပါသည်။ အားလုံးပျော်ခဲ့ကြပါသည်။ Birthday Cake Academy Ko Soe Read More...

UNOB Newsletter #3 has just been released

U.N.O.B Newsletter  မျိုးနွယ်စုစာစောင် အမှတ်(၃)  ကို ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ပုံနှိပ် ပြီးစီးသွားခဲ့ပြီး စတင် ဝေငှ နေပြီဖြစ်ပါသည်။ အဖွဲ့၏ နောက်ဆုံး Activities များ၊ ဥက္ကဌ ဒေါက်တာကျော်ဦး၏ အပူလွန်ကဲခြင်း ဝေဒနာ ဆေးပညာဆောင်းပါး၊ ကြေးမုံဦးသောင်း၏ ယောမင်းကြီး ဦးဖိုးလှိုင်နှင့် သတင်းစာ ဆောင်းပါး၊ အဖွဲ့ဝင် တစ်ချို့၏ ဆောင်းပါးများ၊ အတွေ့အကြုံများ၊ ရယ်မောဖွယ် ဖြစ်ရပ်များ အပြင် အဖွဲ့၏ ဘဏ္ဍာရေး စားရင်းရှင်းတမ်းများ ကိုလည်း ပြည့်ပြည့်စုံစုံ ဝေဆာစွာ ဖေါ်ပြထားပါသည်။ အဖွဲ့ဝင်များ၏ မအားလပ်သည့် ကြားမှ တစ်အုပ်ထက် တစ်အုပ် ဒီဇိုင်း၊ စာအုပ် အရည်အသွေးနှင့် စာများပါ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားထားမှုကို ဤစာစောင်တွင် တွေ့မြင် နိုင်ပါလိမ့်မည်။ ယခုထက် ပိုမို ကောင်းမွန်လာအောင်လည်း ကြိုးစားကြဦးမည် ဖြစ်ပါသည်။ ရသ မျိုးစုံအောင် ထည့်သွင်းနိုင်ရန်လည်း ကြိုးစားနေပါသည်။ အဖွဲ့ဝင်များ ထဲမှ ကျွန်တော်တို့ မြန်မာ့ အသိုင်းအ၀ိုင်း အတွက် အကျိုးရှိစေနိုင်မည့် စာမူများ ဆောင်းပါးများ ရှိလျှင်လည်း ဝေမျှပေးပါရန် ဖိတ်ခေါ်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ကြေငြာများ ထည့်သွင်းလိုပါလျှင်လည်း အခမဲ့ ပုံနှိပ်ဖေါ်ပြပေးမည် ဖြစ်ပါသည်။ အဖွဲ့ဝင် မဟုတ်သော်လည်း စာစောင် ရယူလိုပါလျှင် Read More...

ပြည်သူ့ဂုဏ်ရည် အသင်းနှင့်ရင်းနှီးစွာ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် L.A. မြို့ အခြေ စိုက်   ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award Organization) အသင်းသည် ဒေါက်တာ ဦးဖေသန်းမောင် (UNOB အကြံပေးအရာရှိတစ်ဦး) မှတဆင့် မိမိတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်စု များ အသင်းသို့ ဆက်သွယ် လာပါသဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ်၊  Ft. Lauderdale ရှိ  ဒေါက်တာ ဦးဖေသန်းမောင် နှင့်ဇနီး ဒေါ်စဝ်မြနွယ်တို့ မိသားစုအိ မ်တွင် တွေ့ ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါသည်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ မှ ကိုယ်စားပြုအဖြစ် အထွေထွေအတွင်းရေးမူး ကိုကျော်ဝဏ္ဏ နှင့် မအိသွယ် တို့ တက်ရောက်ခဲ့ကြပြီး UNOB အ ဖွဲ့ မှ ဥက္ကဌ   ဒေါက်တာကိုကျော်ဦး၊ အတွင်းရေးမူး ကိုဘရန်ရှောင်၊ တွဲဖက်အတွင်းရေးမူး ကိုရဲမင်းဦး၊ ရုံးအဖွဲ့ မူး ကိုသက်လွင်၊ ပြန်ကြားရေးနှင့် Boca Raton ကိုယ်စား လှယ် ကိုစိန်မြင့်အောင်၊ ဆရာဝန်များအသင်း ကိုယ်စားလှယ် ဒေါက်တာ ဦးကျင်စိန်ဟိုး နှင့်ဇနီး၊ UNOB အကြံပေးပုဂ္ဂိုလ်များ Read More...

Executive Members Of UNOB for 2011-2013 term

Dear All members, We have successfully elected executive members for 2011-2013 term, and we have new regional representative. Those are President                                                        Dr. Kyaw Oo Secretary                                                        Brangshawng Maran Treasurer                                                        Aung Aung Thet Representative ( Boca Raton )               Sein Myint Aung Representative ( West Palm Beach )    Hlaing Win Representative ( Jupiter )                     Read More...

Event Committee member list

Date: July 27th ,2011. Dear Friends, It’s been 2 years that we’ve developed our Organization in the best we can. I can still remember how we started just as it was yesterday. We’ve come so far just because we all come forward whenever we hear the calling for our community. It is not because of one person or a handful group of peoples. It is because all of us responded the calling. I am so proud of our achievement and hopefully Read More...

The 8th E.C. meeting

Date: July 12th ,2011. Dear friends, Greeting from the Secretary office of UNOB. It’s been 2 years we’ve founded our Organization with the help of each and every one of you. We are so proud to be part of this Organization and can’t thank enough to all the members for giving us a chance to serve our community. We had the 8th E.C. meeting on July 09, 20011. The outcomes of the meeting are as follow. 1. To hold Annual business meeting and re-election for Read More...

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )    Read More...