RSSAll Entries Tagged With: "tax"

Independent contractor or Employee?

Independent contractor or Employee?

မိမိလုပ်ငန်းတွင်အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေသောသူသည်Indepentent Cnotractor လား Employee လား ဆိုတဲ့မေးခွန်းကိုဖြေရန် တခါထရံမလွယ်ကူသလို မှားယွင်းစွာဖော်ပြမိပါကလဲ ကြီးမားသောဒဏ်  ကြေးပေးဆောင်ရတတ်ပါသည်။
အကြမ်းဖျင်းအားဖြင့်သင်(အလုပ်ရှင်) အနေဖြင့်ဝန်ထမ်းဟု ဥပဒေအရ သတ်မှတ်နိုင်သော သူဧ။် လစာမှ ဝင်ငွေခွန် (Income Tax) social security (ပင်စင်ဟုလွယ်လွယ် ဘာသာပြန်ပါရစေ) နှင့် Medicare  (အသက်၊အိမ်ထောင်၊ မိသားစု အခြေအနေ စသဖြင့် ) ပေါ်မူတည်သဖြင့် လစာမှဖြတ်တောက် ထိန်းသိမ်းရပါမည်။
သင်(အလုပ်ရှင်)အနေဖြလဲ SS Tax, Medicare, Unemploymenmt Tax(FUTA &SUTA) အလုပ်ထုပ်ဆိုင်းငံ့ခံရပါက ယာယီထောက်ပံ့သော အခွန်တို့ကို၎င်းဝန်ထမ်း၏ လစာနှုန်းထားအလိုက် ပေးဆောင်ရပါမည်။
အထက်ဖော်ပြပါ အခွန်များကို I.C အတွက် ပေးဆောင်ရန်မလိုပါ။  I.C ဖြစ်ပါက S.E Tax(Self Employment Tax) သာလျှင် ၄င်း person မှ […]

ဆွေးနွေးပွဲ မှတ်တမ်း

ဆွေးနွေးပွဲ မှတ်တမ်း

အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့  UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့  ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB  ညီအစ်ကိုများရဲ့  ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့  ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့  အကြံပေး လူကြီးများဖြစ်တဲ့ Dr. […]

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

နှစ်သစ် တစ်ခုပြောင်းပြီဆိုတိုင်း လုပ်ငန်းရှင်များ ကတော့ ခေါင်းခဲရစမြဲပါ။ ပြီးခဲ့တဲ့နှစ်က ကိုယ့် လုပ်ငန်း ကောင်းမကောင်းပေါ် မူတည်ပြီး ၀င်ငွေခွန် ဘယ်လို ဆောင်ရင် အဆင်ပြေမလဲ ဆိုတာ နှစ်သစ်ကူးတဲ့ ညကတည်းက တွေးနေရပြီပေါ့။ အင်္ဂလိပ်စကား အခက်အခဲ ရှိသော သူများအတွက် ပိုပြီး ခေါင်းကိုက်စရာ ဖြစ်တတ်ပါတယ်။ သိလိုသမျှ ကိုယ်လုပ်ချင်တာ မှန်သမျှကို နားလည်အောင် မပြောတတ်၊ သူပြောပြတာလည်း ရေရေရာရာ နားမလည် အဖြစ်မျိုး ကြုံရတတ်သလို တစ်ခါတစ်ရံ တစ်ကယ် လိုအပ်တာထက် ပိုမို ကုန်ကျရမှုမျိုးလည်း ကြုံရတတ်ပါတယ်။
လာမယ့် ၂၀ ရက်နေ့ ညမှာ ၀င်ငွေခွန် ကိစ္စများနှင့် ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင်က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး တက်ရောက်လာသူများရဲ့ သိလိုသော မေးခွန်းများကို လည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
တတ်ရောက်လာသူများအတွက် […]