UNOB Statement
ထုတ်ပြန်ကြေငြာချက် (View in PDF Format)
Comment section တစ်ခုတွင် လာရောက်ရေးသား အကြံပြုသွားသော Member ကိုအင်ဒရုး ၏ အကြံပြုချက်ကို လေးစားခြင်းအားဖြင့် ပြန်လည် ရှင်းလင်းဖေါ်ပြခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးလည်း မျိုးစုံကြားပါသည်။ အဖွဲ့အစည်းနှင့် မသက်ဆိုင်သော ဘာသာရေးကိစ္စဖြစ်၍ တစ်ကြောင်း၊ လူတယောက်ချင်းစီ၏ ထင်မြင် ယူဆချက်များကို အဖွဲ့အစည်းကြီးတစ်ခုမှ ပြန်လည်ရှင်းလင်း ဖေါ်ပြနေရန်မလို ဟု ယူဆသောကြောင့်လည်းကောင်း မည်သည်ကိုမျှ ရှင်းလင်းမနေခြင်းဖြစ်ပါသည်။
သို့သော် အဖွဲ့၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ရည်ရွယ်၍ မဟုတ်မမှန် ပြောဆိုနေသူများကို အဖွဲ့ဝင်များကိုယ်စား ကာကွယ်ရန် တာဝန်ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ အဖွဲ့ဝင်များ၏ မေးခွန်းများကို ရှင်းလင်းရန်အလို့ငှာ ယခုလို ထုတ်ပြန်ကြေငြာရခြင်းဖြစ်ပါသည်။
ပထမဆုံး အနေဖြင့် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များအရ ဘာသာရေး၊ နိုင်ငံရေးများနှင့် [...]






