RSSAll Entries Tagged With: "new year"

Florida နှစ်သစ်ကူး အကြိုပွဲတော်

Florida နှစ်သစ်ကူး အကြိုပွဲတော်

ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။  ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။

Wishing you all

Wishing you all

မင်္ဂလာပါ။
ယနေ့ ကျွန်တော်တို့ အသုံးပြုနေသော Internet ၏ အကျိုးသက်ရောက်မှုမှာ မည်မျှကြီးမားကြောင်း ယခုစာဖတ်နေသူကိုယ်တိုင် သိရှိပြီးဖြစ်ပါလိမ့်မည်။ ယခင်က ကမ္ဘာ အရှေ့ခြမ်းနှင့် အနောက်ဖက်ခြမ်း စာတစ်စောင်ပို့မည်ဆိုလျှင် လနှင့်ချီ၍ ကြာနိုင်သော်လည်း ယနေ့ မိနစ်ပိုင်းအတွင်း Email ကိုအသုံးပြု၍ သိရှိနိုင်ပါသည်။ သင့်မှာ အခြေခံလိုအပ်ချက်များသာ ပြည့်စုံပါက Instant Video Messenger များကို အသုံးပြု၍ ရုပ်နှင့်အသံပါ တစ်ချိန်တည်း မြင်နိုင် ကြားနိုင်ပါသည်။  ကမ္ဘာ့သတင်းအချက်အလက် များစွာကို မိနစ်ပိုင်းအတွင်း ရှာဖွေရယူနိုင်ပြီး၊ Twitter နှင့် Facebook ကဲ့သို့သော Social Network များမှတစ်ဆင့် ကမ္ဘာ့နေရာ အရပ်ရပ်တွင် ပျံနှံနေသည့်  မိတ်ဆွေ သူငယ်ချင်းများအား တစ်ချိန်တည်းတွင် အလာဘ၊ သလာဘ ပြောဆိုနေနိုင်ပါသည်။ Digital Media […]