Welcome! မင်္ဂလာပါ

Tag Archives: money

Money Saving Tip (2)

အခုနောက်ပိုင်း B.Y.O.D (BringYourOwnDevice) လို့ခေါ်တဲ့ကြငြာတွေ Cell phone ရောင်းတဲ့ ကုမ္ပဏီတွေမှာ အများအပြား တွေ့လာရပါတယ်။ ကိုယ့်မှာရှိတဲ့ Unlocked ဖုန်းကို ယူသွားပြီး သူတို့ဆီက Plan နဲ့တွဲသုံးတဲ့အခါ Unlimited Talk, Text and Data ကို ဒေါ်လာ ၅၀ ပတ်ဝန်းကျင်လောက်နဲ့ ရနိုင်ပါတယ်။ သူတို့ဆိုင်တွေမှာ ရှိတဲ့ ဖုန်းတွေ ၀ယ်လဲရပါတယ်။ ပုံမှန် Contract တွေနဲ့ ရောင်းတဲ့ AT&T တို့ Verizon တို့ဆီမှာဆိုရင် Unlimited Plan အတွက် လစဉ် $100 ပတ်ဝန်းကျင်လောက် ပေးရပါတယ်။ သက်သာချင်ရင် လစဉ် မိနစ် နည်းသွားပါလိမ့်မယ်။ ပြီးရင် မိနစ် ပိုသုံးမိလို့၊ Data ပိုသုံးမိလို့ MMS ပိုသွားလို့ ဆိုပြီး ထပ်ပေးရတဲ့ငွေက တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ Unlimited Plan သုံးပြီးသွားရင် အဲဒီ စိတ်ချမ်းသာမှုမျိုး ဘယ်လိုမှ ပြန်မလဲနိုင်တော့ပါဘူး။ အဲဒီတော့ လစဉ်ကြေးလဲ သက်သာ၊ စိတ်ချမ်းသာမှုလဲရအောင်  ရှာကြံရပါတော့တယ်။ အဲဒါမျိုးတွေထဲမှာ Metro PCS, Virgin Mobile, H2O, Straight Talk, Simple Mobile Read More...

Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99 ဖြစ်ပြီး $1000 အတွက် $16.99 ဖြစ်တာကို  Western Union ရဲ့ web site မှာ တွေ့ရပါတယ်။ Western Union ရှိတဲ့ နေရာတွေကနေ အလွယ်တကူ လွှဲနိုင်ပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။ အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ၀န်ဆောင်ခ ပြောင်းလဲမှုရှိပါတယ်။ လွှဲဖူးတဲ့သူတစ်ချို့ကတော့  အဆင်ပြေကြောင်း ပြောကြပါတယ်။ အမေရိကားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ အခြားနိုင်ငံများမှလည်း အဆင်ပြေမယ် မျှော်လင့်ပါတယ်။ Link:  http://www.westernunion.com Read More...