Welcome! မင်္ဂလာပါ

Tag Archives: Meeting

အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ (August 2012)

August 2012 ည ဒေါက်တာ ညွန့်လွင် နှင့် အန်တီ လင်ဒါ တို့ အိမ်တွင် ကျင်းပခဲ့သော အစည်းအဝေးမှ မှတ်တမ်းတင် ဓါတ်ပုံများ – Read More...

3rd Annual Anniversary Celebration

ဇွန်လ ၂ ရက်နေ့ ညတွင် UNOB အသင်း နှစ်ပတ်လည် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အစီအစဉ်များကို အခမ်းအနားမှုး ကိုစိန်မြင့်အောင် မှ စတင်ကြေငြာပြီး၊ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးတို့မှ အဖွင့် မိတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ နှစ်ပတ်လည် ငွေစားရင်း ရှင်းတမ်းများကို အသီးသီး ပြောကြားခဲ့ပါသည်။ ဖိတ်ကြားထားသည့် မိတ်ဆွေ အပေါင်းအသင်းများ၊ အဖွဲ့ဝင်များ စုံညီစွာ လာရောက်ခဲ့သည့်အတွက် စည်စည်ကားကား ရှိခဲ့သလို BINGO အစီအစဉ်ကြောင့်လည်း အလွန်ပျော်ရွှင်ကြရပါသည်။ ဆုအများစုကို အမှုဆောင် နာယကကြီးများမှ သိမ်းကျုးံ ရရှိသွားခဲ့သဖြင့် ကျန်ရှိသော သူများမှ သိပ်မကျေနပ်ပါ။ တစ်ချို့ကလည်း လက်မှတ် အဟောင်းများကို လွှင့်မပစ်ပဲ ဆက်တိုက်ကစားကာ ဆုမဲများ ရရှိသွားကြ လေသလားဟု သံသယ၀င် ကြပါသည်။ မည်သို့ဆိုစေ BINGO ပေါက်သွားသည့် နာယကကြီးများ ကတော့ ပျော်မဆုံး မော်မဆုံး ဆုများ သယ်ဆောင်သွားပြီး ဖြစ်ပါသည်။ အားလုံးပျော်ခဲ့ကြပါသည်။ Birthday Cake Academy Ko Soe Read More...

3rd Anniversary Invitation

Attention to all members and guests, The UNOB invites you to the 3rd Annual Anniversary. We hope you come and support our organization, and welcome anyone to be a part of this celebration. Elks Lodge #1352 6188  Belvedere Road, West Palm Beach, FL 33413 June 2nd. 2012 7:00PM TO 11:00PM Here is the invitation letter in PDF. Download (PDF, 315KB) Read More...

EC Meeting (2nd Qr 2012)

မေလ ၆ရက်နေ့က UNOB EC meeting ကို Palm City ကိုပီတာ၊ မဝေ တို့နေအိမ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ EC များ အားလုံးနီးပါး တက်ရောက်ခဲ့ကြပြီး အကြောင်းအရာများ စုံလင်အောင် ဆွေးနွေးခဲ့ကြပါတယ်။ ထိုအထဲမှ UNOB နှစ်ပတ်လည် အခမ်းအနားအတွက် လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်၊ နေရာ၊ သွားရေးလာရေး အစီအစဉ်၊ အစားအသောက် အစစ အရာရာ ပြည့်စုံအောင် အမှုဆောင်များမှ အကြံပြု  ဆွေးနွေးခဲ့ကြပါတယ်။ ကိုပီတာရဲ့ လက်ရာ စပါယ်ရှယ်ဒံပေါက်အတွက် အထူးကျေးဇူးတင်ပါတယ်။ To-go များ အတွက် ပိုလို့တောင် ကျေးဇူးတင်ပါသေးတယ်။ UNOB အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ရက် သေသေချာချာ သတ်မှတ်ပြီးလျှင် Web Site, Email, Phone များ မှတစ်ဆင့် ဆက်သွယ် ကြေငြာပေးပါမည်။ Read More...

ဆွေးနွေးပွဲ မှတ်တမ်း

အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့  UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့  ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB  ညီအစ်ကိုများရဲ့  ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့  ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့  အကြံပေး လူကြီးများဖြစ်တဲ့ Dr. Lwin &  Aunty Lynda, Dr. Ho & Aunty Grace တို့ ကိုလည်း တွေ့ရပါတယ်။ ဆွေးနွေးပွဲ တစ်ခုဆိုတာထက် မိသားစု ပြန်လည်တွေ့ဆုံပွဲ တစ်ခုလို နွေးနွေးထွေးထွေး ရှိလှပါတယ်။ ဆွေးနွေးပွဲ လုပ်တော့လဲ တစ်ယောက်တစ်မျိုး မေးကြရင်း၊ အပြန်အလှန် ဆွေးနွေးကြရင်း အကြောင်းအရာ များလည်း တော်တော် စုံစုံလင်လင် Read More...

2nd Annual Meeting & Election

UNOB ၏ ဒုတိယအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင် အသစ် ပြန်လည်ရွေးကောက်ပွဲကို 8/27/2011 ညက Deerfield Beach ရှိ Asian Buffet & Grill ဆိုင်တွင် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြပါသည်။ အခမ်းအနားမှုး ကိုစိန်မြင့်အောင်၊ ဥက္ကဌ ၏ အမှာစကား၊ အတွင်းရေးမှုး၏ ကျေးဇူးတင် စကား၊ ဘဏ္ဍာရေးမှုး၏ စားရင်းရှင်းတမ်း၊ အဖွဲ့ဝင် တစ်ချို့၏ အကြံပေးမှု အစီအစဉ်များ ပြီးသည့်နောက် အမှုဆောင်အသစ်နေရာများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ အမှုဆောင်များရွေးချယ်ပြီးသည့်နောက် Bingo ကစားကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။ Bingo နှစ်ပွဲ ကစားခဲ့ကြပြီး နှစ်ပွဲစလုံး၏ ပထမဆုများကို (ထူးထူးဆန်းဆန်း) ဥက္ကဌကတော် မထွေးထွေးစိန်မှ တစ်ဦးတည်း ဆွတ်ခူးသွားပါသည်။ Read More...

8th E.C meeting

At the 8th U.N.O.B. E.C. meeting took place at the residence of Ko Yar Zar and family on July 9th 2011. We’ve decided to hold Annual business meeting, re-election and conference on Aug 27th, 2011 in Boca Raton. The members of the Event Committee will be announced soon. Some Representatives who couldn’t make it to the meeting, attended via web-cam. Mr. James Lintun( Sarasota), Mr. Maung Soe( Tampa Bay) and Mr. Zaw Min Oo( N/S Carolina). Some of E.C. members enjoying very delicious meals right before Read More...

UNOB Meeting at Sarasota

July 25 ရက်နေ့ Sarasota မြို့တွင်ပြုလုပ်ခဲ့သော UNOB လပတ်အစည်းအဝေးမှ မှတ်တမ်းဓါတ်ပုံများ- အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် နယ်မြေခံ ကိုယ်စားလှယ် ကိုဂျိမ်းစ် တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ Read More...

Regular meeting at Dr. Ho’s residence

UNOB EC များ ၂လခြားတစ်ခါ ပုံမှန်အစည်းအဝေးကို ဆရာဟိုး နေအိမ် (ဖေဖေါ်ဝါရီ ၂၇ရက် နေ့) တွင်ပြုလုပ်ခဲ့ပါသည်။ EC အဖွဲ့ဝင်များအားလုံးနှင့်အတူ ကိုဂျိမ်းစ်၊ ကိုနေ၀င်းထွန်းတို့မှလည်း Online Virtual Meeting မှတစ်ဆင့် စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အဖွဲ့၏လုပ်ငန်းစဉ် သုံးသပ်ချက်များ၊ community ၏အကျိုးကို ရှေ့ရှုသောအခွင့်အလမ်းများ၊ ငွေစာရင်းရှင်းတမ်းများ၊ ရံပုံငွေ ရှာကြံရေး စသဖြင့် ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့ပါသည်။ အဖွဲ့အတွက် ရံပုံငွေပွဲများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသလို လောလောဆယ်အချိန်တွင် EC များမှ တာဝန်ယူ၍ အဖွဲ့၏လိုအပ်သော ပုံမှန်သုံးငွေများကို ကျခံကြမည်ဟု သဘောတူညီခဲ့ကြပါသည်။ ပြင်ပမှ အလှူရှင်များမှလည်း နည်းများမဆို ကူညီ ပံ့ပိုးကြမည်ဆိုပါက အထူးကျေးဇူးတင် ဂုဏ်ယူစွာဖြင့် လက်ခံမည်ဖြစ်ပါသည်။ အဖွဲ့၏ ပုံမှန်သုံးငွေများတွင် Post Office Box ငှားရမ်းခ၊ Web Server ငှားရမ်းခ နှင့် စာရွက်စာတမ်းများ စသဖြင့် ပါဝင်ပါသည်။ အစည်းအဝေးသို့ လာရောက်တက်ရောက်ခဲ့သည့် အကြံပေးလူကြီးများဖြစ်သော ဒေါက်တာဦးဖေသန်းမောင်၊ ဒေါက်တာဟိုး၊ ဒေါက်တာညွန့်လွင် ၊နှင့်ဒေါက်တာတင်မျိုးသန်းတို့မှလည်း အလွန်တန်ဖိုးရှိသော အကြံပြုချက်များဖြင့် အားပေးအကြံပြုစကားများ ချီးမြင့်ခဲ့ကြပါသည်။ [nggallery id=19] Read More...

3 rd UNOB E.C. meeting in Naples

Third UNOB E.C. meeting was successfully held in Naples at the residence of Rep: Mr and Mrs Nay Wynn Tun on Oct 25th 2009. Thank you all who attended. Special thanks to Mr and Mrs Nay Wynn Tun for a lovely hospitality. Its our privilege to meet members and those who are not members yet. We hope one day, all peoples of Burma would join us and come to work together for a better community. God bless you all. Read More...