ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် [...]