Subscribe via RSS Feed

Tag: "letter"

Letter to UNOB

Letter to UNOB

Mr. Brang Shawng
Secretary
United Nationals Organization of Burma (USA)
 
             ကျွန်တော်သည်  UNOB  အသင်းကြီးသို့မဝင်မှီအသင်းကြီး ရည်ရွယ်ချက်များနှင့်လုပ်ဆောင် ချက်များကိုလေ့လာကြည့်ရာ မွန်မြတ်လှသောရည်ရွယ်ချက်များနှင့် အားရကျေနပ်ဖွယ်ရာ လုပ်ဆောင် ချက်များကိုတွေ့ရပေသည် ထို့ကြောင့်မြန်မာ နိုင်ငံသားတယောက်အနေဖြင့် အသင်းကြီး ရည်ရှည် တည်တံခိုင်မြဲရေးအတွက်မိမိတက်နိုင်သည့်ဘက်မှအုတ်တချက်သဲတပွင့်အားဖြင့်ကူညီပါဝင်သင့်သည် ဟုယူဆပြီး (7/29/09) နေ့တွင်ဝင်ရောက်ခဲ့ပေသည်
အသင်းကြီးတည်တံခိုင်မြဲရေးဆိုရာတွင်အသင်းကြီးချမှတ်ထားသောရည်ရွယ်ချက်သုံးချက်အတိုင်းရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးတာဝန်အလိုက်လုပ်ဆောင်လိမ့်မည်ဟုယုံကြည်ပါသည် မြန်မာလူမျိုး တို့သည် မိမိတို့လူမှူ့ရေး ကိစ္စများနှင့် အကျိုးစီးပွားများဆောင်ရွက်ရာတွင် အရိုးစွဲနေပြီဖြစ်သော စိုးရိမ်ကြောင့်ကျမှူ့စိတ်ကြောင့် တဖက်မှ မတရားမှူ့များ မမှန်ကန်မှူ့များ တွေ့ ရှိစေကာမူ သည်းခံနေ လေ့ ရှိပေသည် တဘက်မှလဲ မိမိနားမလယ်သောအချက်များဟု အထင်သေးယူဆကာ အနိုင်ယူလေ့ ရှိပေသည် ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်(3)တွင်ပါရှိသော လူမှူ့ရေး နှင့် အကျိုးစီးပွား ကိုကူညီ ရန် ဆိုရာတွင် တ ယောက် [...]