Welcome! မင်္ဂလာပါ

Tag Archives: income

ဆွေးနွေးပွဲ မှတ်တမ်း

အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့  UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့  ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB  ညီအစ်ကိုများရဲ့  ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့  ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့  အကြံပေး လူကြီးများဖြစ်တဲ့ Dr. Lwin &  Aunty Lynda, Dr. Ho & Aunty Grace တို့ ကိုလည်း တွေ့ရပါတယ်။ ဆွေးနွေးပွဲ တစ်ခုဆိုတာထက် မိသားစု ပြန်လည်တွေ့ဆုံပွဲ တစ်ခုလို နွေးနွေးထွေးထွေး ရှိလှပါတယ်။ ဆွေးနွေးပွဲ လုပ်တော့လဲ တစ်ယောက်တစ်မျိုး မေးကြရင်း၊ အပြန်အလှန် ဆွေးနွေးကြရင်း အကြောင်းအရာ များလည်း တော်တော် စုံစုံလင်လင် Read More...

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

နှစ်သစ် တစ်ခုပြောင်းပြီဆိုတိုင်း လုပ်ငန်းရှင်များ ကတော့ ခေါင်းခဲရစမြဲပါ။ ပြီးခဲ့တဲ့နှစ်က ကိုယ့် လုပ်ငန်း ကောင်းမကောင်းပေါ် မူတည်ပြီး ၀င်ငွေခွန် ဘယ်လို ဆောင်ရင် အဆင်ပြေမလဲ ဆိုတာ နှစ်သစ်ကူးတဲ့ ညကတည်းက တွေးနေရပြီပေါ့။ အင်္ဂလိပ်စကား အခက်အခဲ ရှိသော သူများအတွက် ပိုပြီး ခေါင်းကိုက်စရာ ဖြစ်တတ်ပါတယ်။ သိလိုသမျှ ကိုယ်လုပ်ချင်တာ မှန်သမျှကို နားလည်အောင် မပြောတတ်၊ သူပြောပြတာလည်း ရေရေရာရာ နားမလည် အဖြစ်မျိုး ကြုံရတတ်သလို တစ်ခါတစ်ရံ တစ်ကယ် လိုအပ်တာထက် ပိုမို ကုန်ကျရမှုမျိုးလည်း ကြုံရတတ်ပါတယ်။ လာမယ့် ၂၀ ရက်နေ့ ညမှာ ၀င်ငွေခွန် ကိစ္စများနှင့် ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင်က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး တက်ရောက်လာသူများရဲ့ သိလိုသော မေးခွန်းများကို လည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ တတ်ရောက်လာသူများအတွက် ညစာကိုလည်း ကျွန်တော်တို့ အဖွဲ့မှ တာဝန်ယူ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါး၊ ထမနဲ အပါအ၀င် အခြား အစားအစာများ စီစဉ်ထားမယ်လို့ ကြားရပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို လာရောက်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား။ Hostess : Ma Hnin Hnin Lwin Read More...