Welcome! မင်္ဂလာပါ

Tag Archives: Florida

2013 South Florida သင်္ကြန်

2013 ခုနှစ် တောင်ပိုင်း ဖလော်ရီဒါ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြားသိရပါတယ်။ နေရာကို Okeechobee ကန်အနီးက သီတဂူကျောင်းမှာ သတ်မှတ်ထားပါတယ်။ တေးသံရှင်မီမီဝင်းဖေ၊ စန္ဒယားကိုသစ်၊ လူရွှင်တော်ကိုယဉ်ထွေး တို့နှင့်အတူ သင်္ကြန်ယိမ်းအက၊ ကရင် ဒုံးယိမ်းအက၊ အခြားမြန်မာ့ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ အချိန် = နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ အထိ နေံရက် = ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက် (Easter Sunday) 3/31/2013 နေရာ  = 13425 US Hwy. 441 S.E Okeechobee, FL-34974 Florida Thingyan 2013 Note: ပန်းချီအောင်ကျော်ခင်၏ပန်းချီပုံကို ယူသုံးထားပါသည်။ Read More...

စာပေစကားဝိုင်းမှ မှတ်တမ်းတင် ဓါတ်ပုံများ

ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့် အနုပညာလောက စိတ်ဝင်စားဖွယ် မေးခွန်းများကို ဆရာဦးဝင်းငြိမ်း မှ စေ့စေ့ငှငှ ဖြေကြားသွားသည်မှာ အလွန်မှတ်သားဖွယ် ကောင်းပါသည်။ အခမ်းအနားတွင် မ၀င်းဝင်းသော် မှ ဆရာမကြီးဒေါ်ပတ္တမြားခင်၏ အထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး ဒေါက်တာကြင်ဟိုး၊ ဒေါက်တာကျော်ဦး၊ ဒေါက်တာထွေးထွေးစိန်တို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသည် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပျော်စရာလည်းကောင်းသလို အစားအသောက်များလည်း စုံလင်ပါသည်။ တက်ရောက်လာခဲ့သူများရော၊ မလာဖြစ်ခဲ့သူများ အတွက်ပါ ဆွေးနွေးပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများကို ပြန်လည်ကြည့်ရှု့နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ Read More...

Lazy Club Concert Video

Here are the great concert videos. The most enjoyable night in Florida and we are proud to represent all of these videos in here. Click here to watch videos. (more…) Read More...