Welcome! မင်္ဂလာပါ

Tag Archives: festival

2013 South Florida သင်္ကြန်

2013 ခုနှစ် တောင်ပိုင်း ဖလော်ရီဒါ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြားသိရပါတယ်။ နေရာကို Okeechobee ကန်အနီးက သီတဂူကျောင်းမှာ သတ်မှတ်ထားပါတယ်။ တေးသံရှင်မီမီဝင်းဖေ၊ စန္ဒယားကိုသစ်၊ လူရွှင်တော်ကိုယဉ်ထွေး တို့နှင့်အတူ သင်္ကြန်ယိမ်းအက၊ ကရင် ဒုံးယိမ်းအက၊ အခြားမြန်မာ့ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ အချိန် = နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ အထိ နေံရက် = ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက် (Easter Sunday) 3/31/2013 နေရာ  = 13425 US Hwy. 441 S.E Okeechobee, FL-34974 Florida Thingyan 2013 Note: ပန်းချီအောင်ကျော်ခင်၏ပန်းချီပုံကို ယူသုံးထားပါသည်။ Read More...

Asian Culture Festival 2012

Thai American Association မှ ကြီးမှူးတဲ့ ၂၂ ကြိမ်မြောက်   Asian Culture ပွဲတော် ကို  March ၃ ရက်နဲ့ ၄ ရက်နေ့က  Florida, Homestead ရှိ Fruit & Spice Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီပွဲတော်မှာ UNOB  အသင်းကလည်း ဖိတ်ကြားမှူ့အရ ပထမဦးဆုံး အကြိမ် ပါဝင်ကျင်းပခဲ့ပါတယ်။  Asian Culture ဆိုတဲ့အတိုင်း  Asian လူမျိုးပေါင်းစုံက မိမိတို့ရဲ့ ယဉ်ကျေးမှူ့ အကြောင်း၊ နိုင်ငံအကြောင်းတွေနဲ့ ရိုးရာ အစားအစာတွေကို ထုတ်နှုတ်ပြသ ခဲ့ကြပါတယ်။ ပွဲတော်မှာ အစားအစာမျိုးစုံ၊ ရိုးရာပစ္စည်းမျိုးစုံတွေ ရောင်းချကြတဲ့အပြင် သစ်ပင်မျိုးပေါင်း စုံလင်အောင် ရောင်းချကြတာကိုလည်း တွေ့ရှိကြရပါတယ်။ ပွဲတော်ဟာ မြို့ကြီးများနဲ့ အနည်းငယ် အလှမ်းဝေးသော်လည်း ပွဲဖွင့်ချိန် မနက် ၁၀နာရီ က ပွဲပိတ်ချိန် ၆ နာရီအထိ တိုးကြိတ် စည်ကားနေတာ ဆက်တိုက်ပါ။ လူမျိုးပေါင်းစုံ ပါဝင်ဆင်နွဲကြတာမို့ ရောင်စုံများစွာ လှုပ်ရှားသွားလာ နေကြတာကို ကြည့်ရတာ ရင်သပ်ရှု့ မောပါ။ လူမျိုးတစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် တလှည့်စီ တင်ဆက် Read More...