RSSAll Entries Tagged With: "event"

Fundraising Event in Florida 2012

Fundraising Event in Florida 2012

နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။  ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ […]

စာပေဟောပြောပွဲ မှတ်တမ်း

စာပေဟောပြောပွဲ မှတ်တမ်း

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။
စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ […]

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် […]