3rd Annual Anniversary Celebration
ဇွန်လ ၂ ရက်နေ့ ညတွင် UNOB အသင်း နှစ်ပတ်လည် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အစီအစဉ်များကို အခမ်းအနားမှုး ကိုစိန်မြင့်အောင် မှ စတင်ကြေငြာပြီး၊ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးတို့မှ အဖွင့် မိတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ နှစ်ပတ်လည် ငွေစားရင်း ရှင်းတမ်းများကို အသီးသီး ပြောကြားခဲ့ပါသည်။
ဖိတ်ကြားထားသည့် မိတ်ဆွေ အပေါင်းအသင်းများ၊ အဖွဲ့ဝင်များ စုံညီစွာ လာရောက်ခဲ့သည့်အတွက် စည်စည်ကားကား ရှိခဲ့သလို BINGO အစီအစဉ်ကြောင့်လည်း အလွန်ပျော်ရွှင်ကြရပါသည်။ ဆုအများစုကို အမှုဆောင် နာယကကြီးများမှ သိမ်းကျုးံ ရရှိသွားခဲ့သဖြင့် ကျန်ရှိသော သူများမှ သိပ်မကျေနပ်ပါ။ တစ်ချို့ကလည်း လက်မှတ် အဟောင်းများကို လွှင့်မပစ်ပဲ ဆက်တိုက်ကစားကာ ဆုမဲများ ရရှိသွားကြ လေသလားဟု သံသယ၀င် ကြပါသည်။ မည်သို့ဆိုစေ BINGO ပေါက်သွားသည့် နာယကကြီးများ ကတော့ ပျော်မဆုံး မော်မဆုံး ဆုများ သယ်ဆောင်သွားပြီး [...]






