စာပေစကားဝိုင်းမှ မှတ်တမ်းတင် ဓါတ်ပုံများ
ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့် အနုပညာလောက စိတ်ဝင်စားဖွယ် မေးခွန်းများကို ဆရာဦးဝင်းငြိမ်း မှ စေ့စေ့ငှငှ ဖြေကြားသွားသည်မှာ အလွန်မှတ်သားဖွယ် ကောင်းပါသည်။ အခမ်းအနားတွင် မ၀င်းဝင်းသော် မှ ဆရာမကြီးဒေါ်ပတ္တမြားခင်၏ အထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး ဒေါက်တာကြင်ဟိုး၊ ဒေါက်တာကျော်ဦး၊ ဒေါက်တာထွေးထွေးစိန်တို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသည် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပျော်စရာလည်းကောင်းသလို အစားအသောက်များလည်း စုံလင်ပါသည်။ တက်ရောက်လာခဲ့သူများရော၊ မလာဖြစ်ခဲ့သူများ အတွက်ပါ ဆွေးနွေးပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများကို ပြန်လည်ကြည့်ရှု့နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။
It was such a nice event and thanks a lot to those who supported for this wonderful event. We pray for Saya U Win Nyein to have a nice trip back home and do all the good works. As for Sayama Gyi Daw Padamya Khin, we pray to have a long life and write more for everyone who love her works.
Very nice pictures. Very good foods. Very happy night.
God bless you all.
Video ကတော့ Editor ကျန်းမာရေးမကောင်းသေးလို့ပါခင်ဗျာ၊
ု့အရမ်းကောင်းတဲံ့အစီအစဉ်ပါဘဲ။
ဖြစ်နိုင်ရင် Video ကြည့်ချင်ပါတယ်။
စကားဝိုင်းမှာ
ဆရာကြီးနဲ့ဆရာမကြီးတို့ရဲ့မှတ်သားဖွယ်တွေကြားခဲ့ရပါတယ်။
မိတ်ဆွေသူငယ်ချင်းများနဲ့ပျော်ပျော်ရွှင်ရွှင်ဆုံတွေ့ခဲ့ရပါတယ်။
အစားကောင်းအသောက်ကောင်းများစားသောက်ခဲ့ရပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။