Welcome! မင်္ဂလာပါ

UNOB Newsletter #3 has just been released

U.N.O.B Newsletter  မျိုးနွယ်စုစာစောင် အမှတ်(၃)  ကို ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ပုံနှိပ် ပြီးစီးသွားခဲ့ပြီး စတင် ဝေငှ နေပြီဖြစ်ပါသည်။
အဖွဲ့၏ နောက်ဆုံး Activities များ၊ ဥက္ကဌ ဒေါက်တာကျော်ဦး၏ အပူလွန်ကဲခြင်း ဝေဒနာ ဆေးပညာဆောင်းပါး၊ ကြေးမုံဦးသောင်း၏ ယောမင်းကြီး ဦးဖိုးလှိုင်နှင့် သတင်းစာ ဆောင်းပါး၊ အဖွဲ့ဝင် တစ်ချို့၏ ဆောင်းပါးများ၊ အတွေ့အကြုံများ၊ ရယ်မောဖွယ် ဖြစ်ရပ်များ အပြင် အဖွဲ့၏ ဘဏ္ဍာရေး စားရင်းရှင်းတမ်းများ ကိုလည်း ပြည့်ပြည့်စုံစုံ ဝေဆာစွာ ဖေါ်ပြထားပါသည်။
အဖွဲ့ဝင်များ၏ မအားလပ်သည့် ကြားမှ တစ်အုပ်ထက် တစ်အုပ် ဒီဇိုင်း၊ စာအုပ် အရည်အသွေးနှင့် စာများပါ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားထားမှုကို ဤစာစောင်တွင် တွေ့မြင် နိုင်ပါလိမ့်မည်။ ယခုထက် ပိုမို ကောင်းမွန်လာအောင်လည်း ကြိုးစားကြဦးမည် ဖြစ်ပါသည်။ ရသ မျိုးစုံအောင် ထည့်သွင်းနိုင်ရန်လည်း ကြိုးစားနေပါသည်။ […]

UNOB Newsletter No.2

အဖွဲ့ဝင်များ၏ အားကြိုးမာန်တက် အကူအညီပေးမှုများကြောင့် မျိုးနွယ်စုသတင်းစာစောင် အမှတ် ၂ ကို မကြာခင် ဖြန့်ဝေနိုင်တာ့မည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရသော်လည်း အရင် အမှတ်(၁)ထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ နောက်ထွက်မည့် စာစောင်များကိုလည်း အတွေ့အကြုံများ စုဆောင်းရင်း၊ လေ့လာရင်းဖြင့် တစ်စောင်ထက် တစ်စောင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားသွားကြမည် ဖြစ်ပါသည်။ သင့်တော်သော စာမူများကိုသော်လည်းကောင်း၊ စာရိုက်စာစီ အကူအညီပေးနိုင်မည့် သူများကိုသော်လည်းကောင်း ဖိတ်ခေါ်ပါသည်။
အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စာစောင်ရယူလိုပါလျှင် info@unobusa.org သို့  အမည်၊ နေရပ်လိပ်စာ နှင့်တကွ ဆက်သွယ်ပါ။ အခမဲ့ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
Online ပေါ်တွင် အလွယ်တကူ ဖတ်ရှု့နိုင်ရန် PDF file Link ကို အောက်ဖက်တွင် ဖေါ်ပြထားပါသည်။ မိမိ Connection Speed ပေါ် မူတည်၍ အချိန် အနည်းငယ် […]

Newsletter No.2

This is just a draft. I will wrap it up tomorrow.
Direct link  http://unobusa.org/wp-content/uploads/2011/07/UNOB_newsletter_2print.pdf
http://unobusa.org/wp-content/uploads/2011/07/UNOB_newsletter_2print.pdf

စာမူများတောင်းခံခြင်း

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း
မျိုးနွယ်စုသတင်းစာစောင်
P.O. Box: 20196, West Palm Beach, FL 33416
သို့
လူကြီးမင်းများခင်ဗျား
ရက်စွဲ။  ။ ၂၀၁၀ခု၊ သြဂုတ်လ (၂၄)ရက်
“ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသတင်းစာစောင် ” ကို ယခုနှစ်ဇွန်လမှစတင်၍ အောက်ပါရည်ရွယ်ချက်များဖြင့် အတွဲ(၁) အမှတ်(၁)အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။
၁။ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်းကြီး၏ လုပ်ဆောင်ချက်များကို အသင်းဝင်များသို့ပုံမှန်အစီရင်ခံသွားရန်။
၂။ နီးစပ်ရာမြန်မာအသိုင်းအ၀ိုင်းအတွင်း ဗဟုသုတဆိုင်ရာ၊ အသိပညာ အတတ်ပညာဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေရေး ဆိုင်ရာ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာ၊ လူမှုဖူလုံရေးဆိုင်ရာ၊ သိမှတ်စရာသတင်းများဆိုင်ရာ၊ စိတ်ပျော်ရွှင်ဖွယ်ဆိုင်ရာများကို မြန်မာဘာသာဖြင့်တတ်နိုင်သလောက်ဖြန့်ချီပေးသွားရန်။
ဒုတိယအကြိမ်ထုတ်ဝေမည့် ” မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ သတင်းစာစောင် ” အတွက် အောက်ပါ လိပ်စာအတိုင်း “စာမူ”များဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
UNOB အဖွဲ့ဝင်သော်၎င်း၊ အဖွဲ့ဝင်မဟုတ်သူသော်၎င်း မည်သူမဆိုပါဝင်ရေးသားနိုင်ကြပါသည်။ စာစောင်သည် Comm unity အကျိုးအတွက်သာလျှင်ဖြစ်၍ စာမူခငွေကြေးချီးမြင့်နိုင်မည်မဟုတ်ပါ။
အောက်ပါခေါင်းစဉ်အရ၎င်း၊ မိမိကြိုက်နှစ်သက်ရာ၎င်း ပေးပို့နိုင်ကြပါသည်။ […]