UNOB Newsletter #3 has just been released
U.N.O.B Newsletter မျိုးနွယ်စုစာစောင် အမှတ်(၃) ကို ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ပုံနှိပ် ပြီးစီးသွားခဲ့ပြီး စတင် ဝေငှ နေပြီဖြစ်ပါသည်။
အဖွဲ့၏ နောက်ဆုံး Activities များ၊ ဥက္ကဌ ဒေါက်တာကျော်ဦး၏ အပူလွန်ကဲခြင်း ဝေဒနာ ဆေးပညာဆောင်းပါး၊ ကြေးမုံဦးသောင်း၏ ယောမင်းကြီး ဦးဖိုးလှိုင်နှင့် သတင်းစာ ဆောင်းပါး၊ အဖွဲ့ဝင် တစ်ချို့၏ ဆောင်းပါးများ၊ အတွေ့အကြုံများ၊ ရယ်မောဖွယ် ဖြစ်ရပ်များ အပြင် အဖွဲ့၏ ဘဏ္ဍာရေး စားရင်းရှင်းတမ်းများ ကိုလည်း ပြည့်ပြည့်စုံစုံ ဝေဆာစွာ ဖေါ်ပြထားပါသည်။
အဖွဲ့ဝင်များ၏ မအားလပ်သည့် ကြားမှ တစ်အုပ်ထက် တစ်အုပ် ဒီဇိုင်း၊ စာအုပ် အရည်အသွေးနှင့် စာများပါ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားထားမှုကို ဤစာစောင်တွင် တွေ့မြင် နိုင်ပါလိမ့်မည်။ ယခုထက် ပိုမို ကောင်းမွန်လာအောင်လည်း ကြိုးစားကြဦးမည် ဖြစ်ပါသည်။ ရသ မျိုးစုံအောင် ထည့်သွင်းနိုင်ရန်လည်း ကြိုးစားနေပါသည်။ အဖွဲ့ဝင်များ ထဲမှ ကျွန်တော်တို့ မြန်မာ့ အသိုင်းအ၀ိုင်း အတွက် အကျိုးရှိစေနိုင်မည့် စာမူများ ဆောင်းပါးများ ရှိလျှင်လည်း ဝေမျှပေးပါရန် ဖိတ်ခေါ်ပါသည်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ကြေငြာများ ထည့်သွင်းလိုပါလျှင်လည်း အခမဲ့ ပုံနှိပ်ဖေါ်ပြပေးမည် ဖြစ်ပါသည်။
အဖွဲ့ဝင် မဟုတ်သော်လည်း စာစောင် ရယူလိုပါလျှင် ကျွန်တော်တို့အား ဆက်သွယ်ပါ။ အခမဲ့ ပို့ဆောင်ပေးပါမည်။
Online တွင် အလွယ်တကူ ဖတ်ရှု့နိုင်ရန် PDF file လည်း အောက်တွင် ဖေါ်ပြပေးထားပါသည်။
Note: PDF file ဖွင့်သည့် အချိန်တွင် 6.5MB file size ရှိပါသောကြောင့် မိမိ Connection speed ပေါ်မူတည်၍ အချိန် အနည်းငယ် ကြာကောင်း ကြာပါမည်။
UNOB စာစောင်ကိုကြိုက်နှစ်သက်ပါသည်။ စာစောင်များ အမှတ်(၁)ထက် အမှတ်(၂)ပိုကောင်း အမှတ်(၂)ထက်အမှတ်(၃)ပိုကောင်းတာကိုသတိထားမိပါသည်။ UNOB အဖွဲ့သားအားလုံးနဲ့ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ကျန်းမာချမ်းသာကြပါစေ။
Very nice. Great job and thanks to those who put so much time and efforts.
Let’s keep it up.