Welcome! မင်္ဂလာပါ

Blog Post

Letter to UNOB

Mr. Brang Shawng

Secretary

United Nationals Organization of Burma (USA)

 

             ကျွန်တော်သည်  UNOB  အသင်းကြီးသို့မဝင်မှီအသင်းကြီး ရည်ရွယ်ချက်များနှင့်လုပ်ဆောင် ချက်များကိုလေ့လာကြည့်ရာ မွန်မြတ်လှသောရည်ရွယ်ချက်များနှင့် အားရကျေနပ်ဖွယ်ရာ လုပ်ဆောင် ချက်များကိုတွေ့ရပေသည် ထို့ကြောင့်မြန်မာ နိုင်ငံသားတယောက်အနေဖြင့် အသင်းကြီး ရည်ရှည် တည်တံခိုင်မြဲရေးအတွက်မိမိတက်နိုင်သည့်ဘက်မှအုတ်တချက်သဲတပွင့်အားဖြင့်ကူညီပါဝင်သင့်သည် ဟုယူဆပြီး (7/29/09) နေ့တွင်ဝင်ရောက်ခဲ့ပေသည်

အသင်းကြီးတည်တံခိုင်မြဲရေးဆိုရာတွင်အသင်းကြီးချမှတ်ထားသောရည်ရွယ်ချက်သုံးချက်အတိုင်းရှေ့လုပ်ငန်းစဉ်များချမှတ်ပြီးတာဝန်အလိုက်လုပ်ဆောင်လိမ့်မည်ဟုယုံကြည်ပါသည် မြန်မာလူမျိုး တို့သည် မိမိတို့လူမှူ့ရေး ကိစ္စများနှင့် အကျိုးစီးပွားများဆောင်ရွက်ရာတွင် အရိုးစွဲနေပြီဖြစ်သော စိုးရိမ်ကြောင့်ကျမှူ့စိတ်ကြောင့် တဖက်မှ မတရားမှူ့များ မမှန်ကန်မှူ့များ တွေ့ ရှိစေကာမူ သည်းခံနေ လေ့ ရှိပေသည် တဘက်မှလဲ မိမိနားမလယ်သောအချက်များဟု အထင်သေးယူဆကာ အနိုင်ယူလေ့ ရှိပေသည် ထိုအချက်များကိုကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်(3)တွင်ပါရှိသော လူမှူ့ရေး နှင့် အကျိုးစီးပွား ကိုကူညီ ရန် ဆိုရာတွင် တ ယောက် ချင်းအနေဖြင့် စိတ်ဓာတ်ရေးရာနှင့် ပညာ ဗဟုတုတများ အထူး လိုအပ်လှသည်မှာ သိသာ ထင်ရှားလှပေသည် ထို့ကြောင့် အသင်းသားများ  အနေဖြင့် ပညာဗဟု တုတ များ ရရှိစေပြီး ကြောက်ရွှံ့စိတ်များကျိုးစားဖျောက်ယူစေနိုင်သည်သာမက အသင်းသား များ ချစ်ကြည်ရင်းနှီးမှူ့ကိုရယူစေနိုင်သော အောက်ပါအချက်များကို UNOB အသင်းကြီး လုပ်ဆောင်ချက် များတွင် ပါဝင်ဖြည့်စွက်ရန် အကြံပြုအပ်ပါသည်

  1. စာဆိုတော်နေ့မျိုးများကဲ့သို့သောနေ့ထူးနေ့မြတ်မျိုးများတွင်ဟောပြေါပွဲများပုံမှန်ကျင်းပပေးခြင်း (ပညာဗဟုတုတကြွယ်ဝသူမိမိအသင်းသားများမှသော်လည်းကောင်း ပြင်ပအခြါးသူများကိုဖိတ်ခေါ်ခြင်းဖြင့်လည်းကောင်းဗဟုတုတများဖြန့်ဝေပေးခြင်: )
  2. မြန်မာနိုင်ငံသားအများအကျိုးအတွက်ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူ ဆောင်ရွက်ခဲ့သူများ အတွက် စုတောင်းပွဲများ ဂုဏ်ပြုပွဲမျာပြုလုပ်ပေးခြင်း
  3. အသင်းသားများ အတွက် ကျပန်းစကား ပြေါ ပြိုင်ပွဲ များ ဖန်တီးပေးခြင်း                                       (ကျပန်းစကားပြေါပြိုင်ပွဲဝင်ခြင်းအားဖြင့်မိမိကြောက်စိတ်ကိုအားတင်းပြေဖြောက်စေနိုင်ခြင်း                 ပြိုင်ပွဲဝင်နိုင်ရန်လိုအပ်သောအချက်အလက်များစုဆောင်းခြင်းဖြင့်အသိပညာများတိုးတက်စေ ခြင်း)      

 

          UNOB အဖွဲ့ကြီးမှအသင်းသားအကျိုးမျှော်ကိုး ခြင်းအားဖြင့်ထိုအချက်များကိုထည့်တွင်း စဉ်းစားမည်ဟု ကျွန်တော်.အနေဖြင့် ယုံကြည်မိပါသည်  

                                                       လေးစားစွာဖြင့်                                                                                                                       သက်လွင်

                                                                       (UNOB အသင်းဝင်) Registrační sídlo English to Vietnamese .

Leave a Reply

Your email address will not be published. Required fields are marked *