သတင်းစဉ်
မွေးဖွားခြင်းမင်္ဂလာ
မြန်မာမျိုးနွယ်သမီးလေး ‘မေသဇင်ဦး’ ကို ၂၀၁၀ခု၊ ဖေဖော်ဝါရီ (၁၈)ရက် ကြာဿပတေးနေ့ တွင် ဖခင်ဒေါက်တာကျော်နိုင်ဦး နှင့် မိခင်မဇင်နွယ်ဝင်း တို့မှ ကောင်းမွန်စွာဖွားမြင်ခဲ့ပြီးဖြစ်ပါသည်။ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများနှင့် UNOBအဖွဲ့ဝင်များမှဝမ်းသာဂုဏ်ယူစွာသွားရောက်ကြည့်ရှုကြိုဆိုခဲ့ကြပါသည်။
မွေးဖွားခြင်းများစွာတွင် လူသားတဦးမွေးဖွားခြင်းသည်မင်္ဂလာအရှိဆုံးပင်ဖြစ်ပါသည်။
ဆောင်းမှာပွင့်သောသဇင်ပန်းကို ပင်မြင့်ထက်မှာမွေးဖွားပါသည်။
ငွေသဇင်ပန်းကိုပင် ဦးခေါင်းမှာတမြတ်တနိုးပန်၍ ဂုဏ်တင့်ခြင်းဖြင့် တော်ဝင်ပန်းအစစ် တခမ်းတနားဖြစ်ရပါသည်။
ဖလော်ရီဒါ၏အေးချမ်းသော ဆောင်းမှာမွေးသည့် သမီးလေးမေသဇင်ဦးသည် အေးချမ်းသာယာသည့် ဘ၀၏ ချမ်းသာကိုရပါလိမ့်မည်။ တော်ဝင်ပန်း၏ ဂုဏ်တင့်ခြင်းမျိုးဖြင့် ရုပ်ဆင်းအလှ တော်စွပညာ၊ ချမ်းသာခြင်းမက ကျန်းမာခြင်းကတစ်ပါး၊ လူအများနှင့်နတ်ချစ် အကျိုးများစွာနှင့်လူဖြစ်သော အမိအဖများ၏ ရတနာအစစ်ဖြစ်ပါလိမ့်မည်။
ကောင်းကျိုးရတနာဖူးပွင့်လာသို့ ပြည့်စုံဂုဏ်ထူး ‘မေသဇင်ဦး’သည် သုခများစွာချစ်စရာဖြင့် အသက်တစ်ရာမကရှည်စေသော်ဝ်။