Personal Cloud အ ကြောင်း သိကောင်းစရာ
Smart Devices:
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ Smart Phone, Smart TV, Smart Home, Smart , smart တွေ ပုံတိုက်နေတဲ့ အချိန်မှာ နောက်ဆုံးပြန်စဉ်းစားကြည့်ရင် မိမိကိုယ်တိုင်ပဲ Smart ဖြစ်ဖို့လိုတော့ပါတယ်။ ကိုယ်တိုင်က မသိရင် ဒီ Smart device တွေရဲ့ အသုံးဝင်မှုဟာ ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေပါလိမ့်မယ်။
Storage:
Computer Storage နဲ့ ပတ်သက်ရင် အခုဆို CD/DVD မပြောနဲ့ Flash Drive တွေောင် မသုံးဖြစ်တော့ သ လောက်ပါပဲ။ အဓိက က Cloud Storage တွေ တွင်ကျယ်လာမှုကြောင့်ပါ။ Internet connection ရှိရုံနဲ့တင် ကိုယ့်ရဲ့ content တွေကို ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ နေရာ၊ ကြိုက်တဲ့ Device မ ရွေး အသုံးချနိုင်မှုက အားလုံးကို ပြောင်းလဲသွားစေပါတယ်။
Cloud Storage provider တွေဖြစ်တဲ့ Amazon, Google, Drop Box, Microsoft ကလဲ Free service တွေ ပေး၊ Business plan တွေလဲ ဈေးအပြိုင်အဆိုင် လျှော့လာတော့ အသုံးပြုမှုကလဲ ပိုကျယ်ပြန့်လာပါတယ်။ ဒါပေမယ့်လဲ Free Service ဆိုတဲ့ အတိုင်း သူ့မှာ ကန့်သပ်မှုတွေရှိပါတယ်။ Business plan ဆိုရင်လည်း လစဉ်ကြေးနဲ့ personal သုံးဖို့ အဆင်မ ပြေပြန်ဘူး။
အဲဒါကြောင့် Free Service နဲ့ Business Plan ကြားမှာ ကန့်သပ်မှုလဲမရှိ လစဉ်ကြေးလဲ မ ပေးရတဲ့ အ ခြေအနေ တရပ်လိုအပ်လာပါတယ်။
အခု ပြောချင်တာက Personal Cloud လို့ ခေါ်တဲ့ ကိုယ်ပိုင် Cloud Storage တွေ ထုတ်လုပ်တဲ့ Western Digital (WD), QNap, Synology, D-link, Buffalo Station တို့ အ ကြောင်းပါ။
အဲဒီ brand ထဲမှာ WD က အရှင်းဆုံး အလွယ်ကူဆုံးလို့ ထင်ပါတယ်။ WD My Personal Cloud 4TB ဆိုရင် $150 ပတ်ဝန်းကျင်လောက်နဲ့ ရပါတယ်။
ကိုယ့်အိမ်က Router မှာ ချိပ်ထားလိုက်ရုံပါပဲ။ WD မှာတော့ account လုပ်ရမှာပေါ့။ အိမ်က computers, phone ဓါတ်ပုံတွေ၊ Music library အကုန်လုံး automatic backup လုပ်လို့ရပါတယ်။ အဲဒီ Files တွေကို Internet connection ရှိရုံနဲ့ ဘယ်နေရာကမဆို လှမ်း access လုပ်လို့ ရပါတယ်။
ဒီဟာတွေ သုံးတတ်ဖို့ Computer ပညာရှင် ဖြစ်ဖို့ မလိုပါဘူး။ သာမာန်လူတိုင်း သုံးနိုင်အောင် လုပ်ထားပါတယ်။ Instruction booklet, instruction video အကုန် လေ့လာလို့ ရအောင်လဲ သူတို့ လုပ်ပေးထားပါတယ်။
Photos, Videos, Music and Files တွေကိုလည်း မိမိ share လုပ်ချင်တဲ့သူကို Link ပို့ပေးပြီး Share လုပ်လို့ရပါတယ်။ ဒီပြင် အသုံးဝင်မှုတွေ အများကြီးပါ။ ခရီးသွားမှတ်တမ်းတွေ၊ မိသားစု ဓါတ်ပုံတွေ၊ သားသမီး ဓါတ်ပုံ စတာတွေက တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒီလို Personal Storage ကို ပေါပေါလောလော ၀ယ်လို့ ရတဲ့အချိန်မှာ အသုံးချတတ်ရင် အသုံးဝင်လှလို့ ဒီပို့စ်ကို ရေးရခြင်းဖြစ်ပါတယ်။
Htun Linn Latt