08
Dec
Florida နှစ်သစ်ကူး အကြိုပွဲတော်
ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။ တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။
About the Author: Administrator
single and living happily in Florida.
ဒီလိုပွဲမျိုးနွှဲချင်နေတာဗျာ။ သွားနာနေလို့မသွားနိုင်ခဲ့ဘူး။ ပျော်စရာကောင်းမယ်ဆိုတာတွေးမိပါတယ်။ နောက်လဲဒီလိုပွဲမျိုးထပ်လုပ်ကြပါအုံး။ ဓါတ်ပုံလေးတွေရရင်ကြည့်ချင်ပါတယ်။
It was such a nice event. I love all the food I had tonight.
We need more family friendly event like this more often for the better of out community.