Welcome! မင်္ဂလာပါ

Blog Post

Florida နှစ်သစ်ကူး အကြိုပွဲတော်

ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။  ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။

Comments (2)

  1. Than Naing December 18, 2012 at 3:21 pm Reply

    ဒီလိုပွဲမျိုးနွှဲချင်နေတာဗျာ။ သွားနာနေလို့မသွားနိုင်ခဲ့ဘူး။ ပျော်စရာကောင်းမယ်ဆိုတာတွေးမိပါတယ်။ နောက်လဲဒီလိုပွဲမျိုးထပ်လုပ်ကြပါအုံး။ ဓါတ်ပုံလေးတွေရရင်ကြည့်ချင်ပါတယ်။

  2. bmaran December 16, 2012 at 1:04 am Reply

    It was such a nice event. I love all the food I had tonight.
    We need more family friendly event like this more often for the better of out community.

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Myanmar New Year Water Festival Thingyan in South Florida United States 2019 Easter Sunday
2019 S. Florida Water Festival နှစ်သစ်ကူး အတာသင်္ကြန်

ဧပရယ် ၂၁ရက် | Easter Sunday 2019 Florida တောင်ပိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ကို သီတဂူဘုန်းကြီးကျောင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း

Lytro_02.jpg
သမိုင်းအသစ်ရေးမည့် Lytro Camera

ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့