2012 ဖလော်ရီဒါ စာပေဟောပြောပွဲ
ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် ကြုံခဲ အစီအစဉ်မှာ ပါဝင်ပေးကြဖို့လဲ အထူး ဖိတ်ခေါ်ပါတယ်။
ဖိတ်ကြားဖို့ စီစဉ်ထားတဲ့ ပုဂ္ဂိုလ်ကြီးများ အတွက် အားလုံး စီစဉ်ပြီး ဖြစ်သလို အချိန်နှင့် နေရာများလည်း သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဖိတ်ကြားထားသည့် သူများကတော့ ကမ္ဘာတစ်ဝှမ်း မြန်မာ့ စာပေ ဂီတ အနုပညာ ချစ်မြတ်နိုးသူများ အားလုံး လေးစားကြတဲ့ စာရေးဆရာ ကံထွန်းသစ် ( အရှင်ဇာဂရ )၊ ကဗျာဆရာကြီး ဦးအောင်ဝေး၊ တေးသံရှင် ဒေါ်မာမာအေး တို့ ဖြစ်ကြပါတယ်။ အချိန်နင့် နေရာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Date: 1st September 2012 (Saturday)
Time: 6:00pm to 11pm
Place: Asian Buffet & Grill
240 South Federal Highway
Deerfield Beach, FL 33441
ဆရာ၊ ဆရာမကြီးများကို ကန်တော့ရန် ရံပုံငွေ ရရှိရေးအတွက် ညစာ Buffet အပါအ၀င် တစ်ဦးလျှင် $20 သတ်မှတ် ထားပါသည်။ စေတနာ သဓ္ဒါတရား ထက်သန်လျှင်လည်း ဒီထက်ပိုမို ထည့်ဝင်နိုင်ပါသည်။ မိသားစုများ စုပေါင်း လာပါက အထူးသက်သာအောင် စီစဉ်ပေးမည် ဖြစ်ကြောင်း အကြောင်းကြားရင်း အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။
Click Her: PDF Version for Printing purpose.
Info:
Ko Aung Thet : (561)414-3221
Ko Phi Phi : (954)325-4269
Ko Maung Nge : (561)271-0251
Ko Sein Myint Aung : (561)866-5151
Ko Ye Min Oo : (561)685-8470
Click Here: PDF Version for Printing purpose.
ဖလော်ရီဒါမှာ ဒီပွဲဖြစ်မြောက်ဖို့ UNOB ထဲကအတောင့်တဆုံး ဆန္နအရှိဆုံးမှာကျနော်အပါအဝင်ပါဗျာ ဘယ့်နယ် ကျနော်မရှိတော့မှ လုပ်တာတော့မတရားဘူးဗျာ ချက်ချင်း ပြန်လားပြီးအဖွဲ့သားတွေနဲ့ အရင်လိုနွဲလိုက်ချင်ပါရဲ့
The first, and hopefully the best it will be.
Very good news. I’ll try to come there. Thanks UNOB.
Very nice. I will try to be there. Great job UNOB.
I like this. very nice.
thank you so much Ko Htun lin.
my pleasure.