အထူးသတင်း
အသင်းသူ အသင်းသားများနှင့် Sushi လုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ အားလုံးအတွက် အရေးကြီး သတင်းတစ်ခု ရရှိပါသည်။
ပြီးခဲ့သည့် အပတ်က အလုပ်သမား ၀န်ကြီးဌာနမှနေ၍ Palm Beach County, Florida အတွင်းရှိ AFCFC လုပ်ငန်းရှင် တစ်ချို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရပါသည်။ တိတိကျကျ အဖြေမသိရသေးသော်လည်း လုပ်ငန်းရှင်များ (Franchisee) နှင့် ၀န်ထမ်းများ (Chefs, Helpers) ၏ အလုပ်ချိန်များနှင့် အခြေခံလစာများ ကိုက်ညီမှုရှိမရှိ၊ ပေးဆောင်ထားသော အခွန်ငွေများ နှင့် ဆိုင် အရေအတွက်၊ ၀န်ထမ်း အရေအတွက်များအကြောင်းကို အဓိကထား၍ မေးကြောင်း သိရှိရပါသည်။ South Florida အတွင်းရှိ အခြားသူများကိုလည်း ထပ်မံ စစ်ဆေးမှုများ ပြုလုပ်လိမ့်မည်ဟု ယူဆကြောင်းလည်း သိရပါသည်။
အသေးစိပ် အခြေအနေများ မသိရသေးခြင်းကြောင့် အတိအကျ မပြောနိုင်သော်လည်း ၀န်းထမ်းများ ရှိသော လုပ်ငန်းရှင်များ အနေဖြင့် မိမိဝန်ထမ်းများနှင့်ဆိုင်သော အချိန်၊ လစာ၊ အခွန်ငွေပေးဆောင်ခြင်း ဆိုင်ရာများကို (အသေအခြာ မသိရသေးသော်လည်း) ကြိုတင် ပြင်ဆင်ထားလျှင် သင့်တော်မည်ဟု ယူဆပါသောကြောင့် ယခုလို အသိပေး ကြေငြာရခြင်းဖြစ်ပါသည်။ မိမိ အနီးအနား ပတ်ဝန်းကျင်မှ မိတ်ဆွေများကို အသိပေး အကြောင်းကြားခြင်းများ၊ တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်လျှင်လည်း ကောင်းမွန်ပါသည်။
အခြေအနေများ အေးချမ်းစွာ ပြီးဆုံးသွားပါစေ မျှော်လင့်ရင်း သတင်းများ ထပ်မံကြားသိရလျှင်လည်း အသင်း Web Site ပေါ်တွင် ထပ်မံ တင်ပြပါဦးမည်။
မိတ်ဆွေများခင်ဗျား။ သတင်းအရစဉ်းစားကြည့်ပါက Sushi လုပ်ငန်းတွင်အစိုးရ၏စည်းမျဉ်စည်းကမ်များနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းဖြစ်နိုင်ပါသည်။ အမေရိကန်နိုင်ငံတွင် မည်သည့်လုပ်ငန်းမဆို အစိုးရ၏စည်းမဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမှုများရှိပါသည်။
လုပ်ငန်းများသာမက လူတစ်ဦးချင်းကလည်း အစိုးရ၏စည်းမဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုရှိရပါသည်။ ထို့ကြောင့် အလုပ်ချိန် လုပ်အားခနှင့် အခွန်ပေးဆောင်မှုတို့မှာ အလုပ်ရှင်ရော အလုပ်သမားအတွက်ပါ သတိထားလိုက်နာရန်လိုအပ်ပါသည်။ နည်းလမ်းတခုမှာ W 9 Form ဖြည့်ထားရန်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် W 9 Form ဖြည့်ထားခြင်းဖြင့် အလုပ်ရှင်ရော အလုပ်သမားအတွက်ပါ ထိခိုက်စရာမရှိပဲ စစ်ဆေးသူကို တရားဝင်သဘောတူအလုပ်လုပ်နေကြကြောင်းပြသနိုင်ပါသည်။ နှစ်ကုန်ချိန်တွင် နှစ်ဦးနှစ်ဖက်သဘောတူဆောင်ရွက်နိုင်ပါသည်။ အခြားသင့်တော်သောနည်းလမ်းများလည်းရှိနိုင်ပါသေးသည်။ အကောင်းဆုံးမှာ အမှန်ကန်ဆုံးလုပ်ကိုင်ရန်ပင်ဖြစ်ပါသည်။ ဤနိုင်ငံတွင် စည်းကမ်းလိုက်မာပါက ဘေးကင်းကွာယုံမက ပင်စင်ယူချိန်တွင်လည်းကောင်း အခြားအခွင့်အရေးများတွင်လည်းကောင်း အလွန်ချမ်းသာပါမည်ကို စဉ်းစားမိသလောက်တင်ပြလိုက်ရပါသည်။