သမ္မတ အိုဘားမား ၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေများ
အမေရိကန်နိုင်ငံတွင် ကျန်းမာရေးအာမခံကြေးပေးမထားတဲ့ ကျန်းမာရေးဝန်ဆောင်မူများ၏ ခွင်အပြင်တွင်ရောက်နေတဲ့သူပေါင်း ၃၂ သန်းခန့် ရှိပါတယ်။ ထိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြင်ဆင်မူ ဥပဒေကို (မတ်လ ၂၃ ရက် ၂၀၁၀) နေ့က သမ္မတအိုဘားမား ကလက်မှတ်ရေးထိုးခဲ့တယ်။ ဥပဒေသစ်အရဖြစ်ပေါ်လာမည့် ကျန်းမာရေးအာမခံကြေး မူဝါဒ အများစုမှာ ၂၀၁၄ ခုနှစ်ကျမှသာ တရားဝင်ဖြစ်လာပါတယ်၊ ထိုဥပဒေသစ်ရဲ့ထူးခြားချက်တွေကတော့
က) အာမခံကြေး ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင်နေထိုင်သူတိုင်း တရားဥပဒေ အရ ကျန်းမာရေးအာမခံကြေးပေးရမည်၊ (ကျန်းမာရေး အာမခံကုမ္ပဏီများမှ အာမခံကြေးပေးဆောင်ရမည်။) အာမခံကြေးပေးဆောင်ရန်ပျက်ကွက်သူများကို ဒါဏ်ငွေဆောင်ရမည်။ ၀င်ငွေနည်းသူများကိုတော့ ချွင်းချက်အဖြစ်အာမခံကြေး ကင်းလွတ်ခွင့်ပေးမည်။
ခ) အာမခံကြေးဈေးကွက်ပြင်ဆင်မူ ဥပဒေ။ ။ ၂၀၁၀ ခုနှစ်မှစတင်ပြီး အာမခံ ကုမ္ပဏီတွေဟာ မွေးရာပါရောဂါ နဲ့ ကလေးတွေကိုအာမခံမပေးဘူးလို့ငြင်းလို့မရတော့ပါ။ အာမခံထားသူတွေ နာဖျားမှ အာမခံကြေးပေါ်လစီ တွေကိုပြင်ခွင့်ဖျက်ခွင့်မရှိတော့ပါ။ တစ်သက်စာအာမခံကြေးဝယ်ယူမူတွေကိုလည်းခွင့်ပြုရပါလိမ့်မယ်။ ကလေးတွေ အသက် ၂၆ နှစ် ရှိတဲ့အထဲ မိဘတွေ ရဲ့အာမခံတွဲထားလို့ ရ ရပါမယ်။ အာမခံ မရှိတဲ့သူတွေ (ရောဂါလက်ရှိခံစားနေရသူများအပါအ၀င်)ကိုလည်း အရေးပေါ်အရံအာမခံငွေထဲကနေ ချက်ခြင်းဆေးကုသခွင့်ရနိုင်စေရမယ်။ လုပ်ငန်း သေးသေးလေးတွေပိုင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း tax credit တွေဝယ်ပြီး သူတို့နဲ့ အလုပ်သမားတွေ အတွက် အာမခံ ၀ယ်ယူပေးနိုင်အောင်ဖန်တီးမယ်။ MEDICARE ဆေးဝန်ဆောင်မူအောက်ကလူတွေအတွက်ကတော့ ဆရာဝန်လက်မှတ်နဲ့ ၀ယ်လို့ ရတဲ့ဆေးတွေအတွက်ပိုက်ဆံပြန်အမ်းပေးရာမှ “Doughnut hole gap” လို့ခေါ်တဲ့ (ဒေါ်လာ၂၇၀၀ နဲ့ ဒေါ်လာ ၆၁၅၄ ကြား) မှာ Medicare က၀န်ဆောင်မူမပေးတဲ့အတွက် ဒေါ်လာ ၂၅၀ ပြန်ပေးပါမယ်။ သက္ကရာဇ် ၂၀၂၀ မှာဒီစနစ်ကို ဖျက်သိမ်းမှာ ဖြစ်ပါမယ်။
သက္ကရာဇ် ၂၀၁၁ မှာ အာမခံကုမ္ပဏီတွေဟာ သူတို့ ရတဲ့ လူမူရေးအာမခံကြေးရဲ့ ၈၀% ရာခိုင်နှုန်းကို ကျန်းမာရေး ၀န်ဆောင်မူတွေအတွက်ပြန်ပေးရပါမယ်။ Medicare ၀န်ဆောင်မူအောက်ကလူတွေ Doughnut hole gap မှာရောက်နေရင် နာမည်ကြီးဘယ်ဆေးဝယ်ဝယ် ၅၀ %ရာခိုင်နှုန်း လျှော့ချပေးပါမယ်။
၂၀၁၃၊ ၂၀၁၄ နဲ့  ၂၀၁၈ နှစ်တွေရောက်ရင် အခွန်ငွေပေးဆောင်သူ၊ကျန်းမာရေး အာမခံမရှိသူ၊ ကျန်းမာရေးအာမခံပေးတဲ့ကုမ္ပဏီ အပြင် အလုပ်ရှင်တွေအတွက်ပါ ဥပဒေ အပြောင်အလဲတွေဖြစ်လာပါမယ်။
ကျန်းမာရေးအာမခံမူကိုဘယ်လိုရွေးချယ်မလဲ။
လုပ်ငန်းပိုင်ရှင်တွေ ကိုယ်ပိုင်အလုပ်တွေ ၂၀၁၄ ခုနှစ်ရောက်ရင် အစိုးရကဖွင့်ပေးမယ့် Exchange လို့ခေါ်တဲ့ ကျန်းမာရေးအာမခံဝန်ဆောင်မူ ဆိုင်လေးတွေမှာ ကျန်းမာရေး ၀န်ဆောင်မူကို ရွေးချယ်နိုင်ပါတယ်။
ဒီကျန်းမာရေး ၀န်ဆောင်မူကို အစိုးရကလုပ်တာလား? မဟုတ်ပါဘူး…ဒါပေမယ့် အစိုးရကဖွင့်တဲ့ Exchange မှာ ကျန်းမာရေးဝန်ဆောင်မူဝယ်ယူသူတွေအတွက်ကတော့ ခုလက်ရှိ ကွန်ဂရက် အမတ်တွေရပိုင်ခွင့်ရှိတဲ့ ကျန်းမာရေးအာမခံမူမျိုးကို ရမှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မူဟာ ပုဂ္ဂလိကပိုင် ပရဟိတလုပ်ငန်းဖြစ်တယ်။
ကိုယ်ဝန်ဖျက်ချခြင်း
ကျန်းမာရေးအာမခံအစီအစဉ်(Health Plan) တွေက အာမခံပေးပို့ မလိုပါဘူး၊ ကိုယ်ဝန်ဖျက်ချတာကို လက်ခံတဲ့ policy ရှိတဲ့ အာမခံကုမ္ပဏီ တွေကတော့ဆေးပေးပါလိမ့်မယ်။ ပြည်နယ်တွေက ဥပဒေတွေလုပ်ပြီး Exchange တွေကရောင်းမယ်။ ကိုယ်ဝန်ဖျက်ချမူ အစီအစဉ်တွေကိုတားမြစ်နိုင်ပါတယ်။ တစ်ဖက်ကလည်းခြွင်းချက်အနေနဲ့ အဓမ္မ္မ ပြုခံရတဲ့၊ ဆွေမျိုးသားချင်း ဆက်ဆံပြီး ကိုယ်ဝန်ရတဲ့၊ ကလေးမွေးရင် အန္တရာယ် ရှိနိုင်တဲ့ မိခင်တွေကို ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ဥပဒေထုတ်သွားမှာဖြစ်ပါတယ်။
That very nice information …… everyone should read