သမီးလေးဆိုဖီရာရဲ့မွေးနေ့ပွဲ
UNOB အလုပ်အမှူ့ဆောင်ကော်မတီဝင် တစ်ယောက်ဖြစ်သည့် ကိုသီဟန်နှင့်ဇနီး မစန်းစန်းမော်တို့၏ ပထမသမီးရတနာလေး ဆိုဖီရာမော်ဟန် မွေးဖွားခဲ့သည်မှာ မနေ့က ၆နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ သားသမီးရတနာများ မွေးဖွားခဲ့ရခြင်းကို ဝမ်းမြောက်ဝမ်းသာ အသိအမှက်ပြုသည့်အနေဖြင့် မွေးနေ့ရောက်တိုင်း ကျင်းပပြုလုပ်ကြခြင်းမှာ မင်္ဂလာတပါးဖြစ်သည်နှင့်အညီ သမီးလေးဆိုဖီရာ၏ မွေးနေ့ပွဲကို Boca Raton ရှိ Asian Buffet ဆိုင်တွင် သမီးလေးမွေးနေ့ ဖြစ်သောစက်တင်ဘာ၂၃ ရက်နေ့မှာပင် ဖိုးဖိုးဦးမျိုးညွန့် ဖွားဖွားဒေါ်ရီရီနှင့်တကွ မွေးနေ့ပွဲလာပရိတ်သတ်များ တပျော်တပါးကျင်းပခဲ့ကြပါသည်။ ထိုနေ့က မွေးနေ့ပွဲ၏ အနှစ်သာရများဖြစ်ကြသော စုပေါင်းပျော်ရွှင်ခြင်း စုစည်းခြင်းနှင့် မေတ္တာ ပို့သသက်ရောက်ကြခြင်း တို့ တည်ရှိနေသည့်အတိုင်း မွေးနေ့ပွဲ လာရောက်ကြသူ အားလုံးရင်ကို စိမ့်ဝင်စေခဲ့ပါသည်။ UNOB ၏သမီးလေး ဆိုဖီရာ ဤမွေးနေ့ပွဲမှသည် နောင်နှစ်တရာကျော်တိုင် ပျော်ရွှင်ချမ်းမြေ့စွာ နှစ်စဉ်မပျက် ကျင်းပနိုင်ရန် UNOB မှဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
Happy Chinese New Year to Our Chinese Friends!
http://www.youtube.com/watch?feature=player_detailpage&v=BnJhOUyR204
Nice celebration !
Long live Sofia with happiness and healthiness !