Fundraising Event in Florida 2012
နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။ ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ ပညာရှင်နှစ်ဦးတို့မှ လာရောက် အားပေးကြသော မြန်မာ မိသားစုများအား ဂီတဖြင့် တရင်းတနှီး ဧည့်ခံဖျော်ဖြေခဲ့ကြရာ ပွဲမှာ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။
အမှတ်တရ ဓါတ်ပုံများကို အခြားသူများထံမှလည်း ရှာဖွေတင်ပြပေးပါဦးမည်။
အဖက်ဖက်မှဝိုင်းဝန်းပံပိုးကူညီကြသောမြန်မာမိသားစုများအားလုံးနှင့်တကွ Web Developer ကိုထွန်းလင်းလတ်အားအထူး ကျေးဇူးတင်ရှိပါကြောင်း
I want to say that,”where view is a pleasure”
absolutely excellence event.thanks for every one.
espectialy guest daw than myint aung,ko ye’ lwin &
ko song oo hlaing.’you are the man’ all you guy “who came to this event”.we can’t complain that.thanks,thanks,thanks
ဓါတ်ပုံနဲ့ITပညာရှင်ကိုထွန်းလင်းလတ်က မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဖလော်ရီဒါ မြန်မာမိသားစုများရဲ့ စိတ်နှလုံးသားများနဲ့ စာနာကူညီမှုများကို တစုတစည်းထဲမြင်ရလို့ ကြည်နူးမိပါတယ်။ မြန်မာပြည်တွင်းမှ တကူးတက လာရောက်ဟောပြောခဲ့ကြသော လူမှုရေးအကျိုးဆောင်များ ကိုလည်းကျေးဇူး အထူးတင်မိပါတယ်။