Welcome! မင်္ဂလာပါ

Category Archives: UNOB

iPhone App “OPlayer” supports Windows Media Video

An iPhone app called “Oplayer” supports Windows Media Video (wmv) and a lot more media formats which means it can play video within our UNOB web site from your iPhone. Our web site only uses WMV format for video posts. Please launch  App store in your iPhone and search for Oplayer, there are free version and paid version $2.99. Only difference is paid version doesn’t have Ads. Even though  free version can handle decent job. So you can try before Read More...

ဥပဒေရေးရာဟောပြောပွဲ ဗွီဒီယိုမှတ်တမ်း

လူတစ်ခု အမှုတစ်ရာ ဆိုသလို ကျွန်တော်တို့၏ နေ့တစ်ဓူဝ ကြိုးစားရှင်သန် ရုန်းကန်နေရချိန်တွင် ပြသနာပေါင်းစုံသည် နေရာမျိုးစုံမှ ၀င်ရောက်လာတတ်ပါသည်။ တစ်ချို့ပြသနာများသည် မိမိအမှားကြောင့်ဖြစ်သော်လည်း တစ်ချို့မှာ မိမိအားနည်းချက်ကို အခွင့်ကောင်းယူ၍ အနိုင်ကျင့် စော်ကားခံရခြင်းများကြောင့် မဖြစ်သင့်ပဲ ဖြစ်လာရခြင်းများ တွေ့ကြုံဖူးကြပါလိမ့်မည်။ ထိုအခြေအနေမျိုးတွင် တရားမျှတသော ဥပဒေ၏ အကာအကွယ်ဖြင့်သာ တရားမျှတမှုကို ရရှိမည်ဖြစ်ပါသည်။ ဥပဒေပညာသည် ကျွန်တော်တို့၏ နေ့စဉ်ရှင်သန်မှုကာလတွင် လွန်စွာအရေးပါသော ကဏ္ဍမှပါဝင်လျက်ရှိပါသည်။ ယခု Video သည် သြဂတ်လ (၂၀)ရက်နေ့ တွင် ပြုလုပ်ခဲ့သော ဥပဒေရေးရာ ပညာပေးဟောပြောပွဲမှ မှတ်တမ်းတင် ဗွီဒီယိုဖြစ်ပါသည်။ ဟောပြောပွဲမှ Mr. Patrick ၏ မိတ်ဆက်ဟောပြောမှုများနှင့် အမေးအဖြေ ကဏ္ဍတစ်ချို့သာဖြစ်သော်လည်း မည်မျှ ကျွန်တော်တို့အား ဥပဒေပညာရပ်ဆိုင်ရာ ဗဟုသုတများ ပေးစွမ်းနိုင်ကြောင်းကို ကြည့်ရှုပြီးလျှင် သိရှိပါလိမ့်မည်။ ကျွန်တော်တို့၏ ဥပဒေရေးရာ အမြင်အာရုံများကို ကြည်လင်စေပြီး၊ ကြားရသမျှသော ပြောစကားများကို မည်သည်က အမှား၊ မည်သည်က အမှန် ခွဲခြားဆင်ခြင်နိုင်စွမ်းကို အထောက်အကူဖြစ်စေပါသည်။ ယခုကဲ့သို့သော ပညာပေး အစီအစဉ်များ မကြာခဏ ကျင်းပနိုင်ရန် မျှော်လင့်မိပါသည်။ (ဓါတ်ပုံများကြည့်ရန် Click here to see Pictures) Video Read More...

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ

ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ   လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား – မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို  New York အခြေစိုက်ရှေ့နေ ဦးပက်ထရစ်ဝမ် မှ အသိပညာပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲတွင် Federal Franchise ဥပဒေအကြောင်းရှင်းပြခြင်း၊  တက်ရောက်လာသူများ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ၊ အိမ်ခြံမြေအရောင်းအ၀ယ်(Foreclosure, Shortsales)ဥပဒေဆိုင်ရာမေးခွန်းများကိုလည်း ပြန်လည်ဖြေ ကြားအကြံပြုသွားပါသည်။ ဟောပြောပွဲတွင်အဖွဲ့ဝင်များအကြားနွေးထွေးရင်းနှီးမှုများလဲပိုမိုရရှိခဲ့ကြပါသည်။ UNOB အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပက်ထရစ်ဝမ် မှမြန်မာတိုင်းရင်းသားမျိုးနွယ်စုများအတွက် ဥပဒေရေးရာ ကိစ္စများတွင် များစွာအကူအညီပေးမည်ဖြစ်ကြောင်း သတင်းကောင်းများပြောကြားခဲ့ပါသည်။ UNOB အဖွဲ့ဝင် များအနေဖြင့် ဥပဒေရေးရာအမှုကိစ္စများအတွက်ဆက်သွယ်မေးမြန်းလုပ်ဆောင်ပါက UNOB အဖွဲ့ဝင်ဖြစ်ကြောင်း ကြိုတင်ပြောကြားရန်အသိပေးလိုပါသည်။ အဖွဲ့ဝင်များအတွက်အထူးနှုံးအစီအစဉ်ဖြင့်ရရှိမည်ဖြစ်ပါသည်။ ဦး ပတ် ထ ၇စ် ဝမ်း နှင့် ဆက် သွယ် ရန်း 347-219-5337   mkpwssy.jsc@verizon.net အ ကောင်း ဆုံး အ ချိန်း between 10 am and 6 pm ဆက် သွယ် တဲ့ အ ခါ နာ မည် ရယ်၊ UNOB အ ဖွဲ့ ဝင် ဖြစ် ကြောင်း Read More...

နာရေးသတင်း (L Ah Sein)

ဒေါက်တာဦးစိန်လွင်၏ ဖခင် L Ah Sein (အသက် ၉၆နှစ်) သည် သြဂတ်လ ၃ရက်နေ့ ၂၀၁၀ခုနှစ်တွင် Fort Lauderdale နေအိမ်၌ ကွယ်လွန်သွားပါကြောင်း ကြားသိရပါသည်။ ဈာပနအခမ်းအနားကို အောက်ပါအတိုင်း စီစဉ်ထားပါသောကြောင့် UNOB Web Site မှနေ၍ အခမ်းအနားသို့တက်ရောက်လိုသူများအား မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲစွာဖြင့် အကြောင်းကြားအပ်ပါသည်။ Memorial Service to celebrate his life Location: Fred Hunter’s at 718 S. Federal Hwy., Ft. Lauderdale, FL 33316 (Google Map) Phone: (954) 527-1550 Date: Aug 08, 2010 Time: 11:00 am to 1:00 pm- Visitation 1:00 pm- Memorial Service 2:00 pm- Dragon Buffet to Read More...

UNOB Statement

ထုတ်ပြန်ကြေငြာချက် (View in PDF Format) Comment section တစ်ခုတွင် လာရောက်ရေးသား အကြံပြုသွားသော Member ကိုအင်ဒရုး ၏ အကြံပြုချက်ကို လေးစားခြင်းအားဖြင့် ပြန်လည် ရှင်းလင်းဖေါ်ပြခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးလည်း မျိုးစုံကြားပါသည်။ အဖွဲ့အစည်းနှင့် မသက်ဆိုင်သော ဘာသာရေးကိစ္စဖြစ်၍ တစ်ကြောင်း၊ လူတယောက်ချင်းစီ၏ ထင်မြင် ယူဆချက်များကို အဖွဲ့အစည်းကြီးတစ်ခုမှ ပြန်လည်ရှင်းလင်း ဖေါ်ပြနေရန်မလို ဟု ယူဆသောကြောင့်လည်းကောင်း မည်သည်ကိုမျှ ရှင်းလင်းမနေခြင်းဖြစ်ပါသည်။ သို့သော် အဖွဲ့၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ရည်ရွယ်၍ မဟုတ်မမှန် ပြောဆိုနေသူများကို အဖွဲ့ဝင်များကိုယ်စား ကာကွယ်ရန် တာဝန်ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ အဖွဲ့ဝင်များ၏ မေးခွန်းများကို ရှင်းလင်းရန်အလို့ငှာ ယခုလို ထုတ်ပြန်ကြေငြာရခြင်းဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များအရ ဘာသာရေး၊ နိုင်ငံရေးများနှင့် မပတ်သက်သော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော လူမှုရေး အဖွဲ့အစည်းသာဖြစ်ကြောင်း အဖွဲ့၏ (အခြေခံဥပဒေ) ထဲမှာ အတိအလင်းဖေါ်ပြထားပြီး ဖြစ်ပါသည်။ အကြိမ်ပေါင်း မြောက်များစွာ အခါအခွင့်သင့်တိုင်းလည်း ပြောဆိုနေဆဲဖြစ်ပါသည်။ အစည်းအဝေးတိုင်း တွင်လည်း နိုင်ငံရေး၊ ဘာသာရေး စကားများ တခွန်းတလေမှ ပြောဆိုခြင်းမရှိကြောင်း Read More...

ယဉ်စည်းကမ်း တင်းကြပ်မှု စီမံချက်သတင်း

Website ပရိဿတ်များခင်ဗျား – သြဂုတ်လ(၁)ရက်မှစ၍ ရက်ပေါင်း(၃၀)အတွင်း ဒါဏ်ငွေပေါင်း(၉)သန်းရရှိသည်အထိ အဖမ်းအဆီးများကို State Troopers လုပ်ဆောင်ကြမည်ဟုသိရပါသည်။ ကားမောင်းခရီးသွားများ ပို၍သတိထားနိုင်ရန် သတိပေးရခြင်းဖြစ်ပါသည်။ Dear Everyone, Starting Aug 1st state troopers will write tickets for 5 miles over the speed limit. The goal is to get 9 million in 30 days. Drive safe. Read More...

စာပေဆွေးနွေးပွဲဖိတ်ကြားခြင်း

Burmese Literature Discussion(PDF format) မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း ( အမေရိကန်ပြည်ထောင်စု ) United Nationals Organization of Burma လေးစားအပ်ပါသော UNOB အသင်းဝင်များနှင့် လူကြီးမင်းများခင်ဗျား။ ဖလော်ရီဒါရှိစာပေ၀ါသနာရှင်များအတွက် စာပေဆွေးနွေးပွဲတခုကို UNOB မှစီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။ ဖလော်ရီဒါတွင်နေထိုင်သော စာရေးဆရာမကြီးဒေါ်ပတ္တမြားခင် နှင့် မြန်မာပြည်မှအလည်ခရီးရောက်ရှိလာသော ရွှေအမြုတေမဂ္ဂဇင်း နှင့် အလင်းတန်းဂျာနယ်အယ်ဒီတာချုပ် ဆရာဦးဝင်းငြိမ်း တို့မှ စာပေရေးရာများ ဆွေးနွေး ဟောပြောကြမည်ဖြစ်ပါသည်။ ရပ်ဝေးရပ်နီးမှ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ အားလုံးသောစာပေ၀ါသနာရှင်များ ကြွရောက်အားပေး ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ ဆွေးနွေးပွဲတွင် ပရိဿတ်များမှ စာပေရေးရာမေးခွန်းများကိုလည်း မေးမြန်းနိုင်ကြပါသည်။ အစီအစဉ် နေ့ရက်။                   ။ သြဂုတ်လ (၁၄)ရက် (စနေနေ့) 8/14/10 အချိန်။           ။ ညနေ(၈)နာရီ မှ ည(၁၁)နာရီအထိ နေရာ။           ။ ဒေါက်တာဦးကြင်ဟို + ဒေါ်ဂရေ့စ် နေအိမ် Address: 427 NW 38 Way, Deerfield Beach, FL-33442 954-849-2016 begin_of_the_skype_highlighting              954-849-2016      end_of_the_skype_highlighting ( ကြွရောက်လာကြသောပရိဿတ်များကို စုပေါင်းညစာဖြင့်တည်ခင်းဧည့်ခံပါမည် ) အလုပ်အမှုဆောင်အဖွဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း Read More...

စာပေဟောပြောပွဲ မလုပ်ဖြစ်ခြင်းနှင့် ပတ်သက်၍တောင်းပန်ခြင်း

လေးစားအပ်ပါသော UNOB အသင်းဝင်များ၊ Website ပရိဿတ်များ၊ စာပေ၀ါသနာရှင်များခင်ဗျား။ UNOB Website ပေါ်တွင် ဆရာကြီးဦးဝင်းဖေ၏စာပေဟောပြောပွဲတစ်ခုကျင်းပပြုလုပ်မည်ဟု ကျေညာခဲ့ပါသည်။ ထိုကျေညာချက်နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ရခြင်းအပေါ် အနူးအညွတ်တောင်းပန်အပ်ပါသည်။ တစ်ချိန်သောကာလတွင် အကောင်အထည်ပေါ်အောင်ဆောင်ရွက်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ပါသည်။ UNOB မှတတ်နိုင်သမျှသော ဆောင်ရွက်နေမှုများကို ဆက်လက်အားပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။ အလုပ်အမှုဆောင်အဖွဲ့ UNOB Read More...

UNOB Meeting at Sarasota

July 25 ရက်နေ့ Sarasota မြို့တွင်ပြုလုပ်ခဲ့သော UNOB လပတ်အစည်းအဝေးမှ မှတ်တမ်းဓါတ်ပုံများ- အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် နယ်မြေခံ ကိုယ်စားလှယ် ကိုဂျိမ်းစ် တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ Read More...

UNOB 1st Anniversary (2010)

These are the pictures from 1st Anniversary of UNOB in Vero Beach. [nggallery id=20] Read More...