Obituary (နာရေးသတင်း)
Obituary
မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။
ဝန်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99 ဖြစ်ပြီး $1000 အတွက် $16.99 ဖြစ်တာကို Western Union ရဲ့ web site မှာ တွေ့ရပါတယ်။
Western Union ရှိတဲ့ နေရာတွေကနေ အလွယ်တကူ လွှဲနိုင်ပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။
အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ၀န်ဆောင်ခ ပြောင်းလဲမှုရှိပါတယ်။ လွှဲဖူးတဲ့သူတစ်ချို့ကတော့ အဆင်ပြေကြောင်း ပြောကြပါတယ်။ အမေရိကားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ အခြားနိုင်ငံများမှလည်း အဆင်ပြေမယ် မျှော်လင့်ပါတယ်။
Link: http://www.westernunion.com
မိမိလုပ်ငန်းတွင်အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေသောသူသည်Indepentent Cnotractor လား Employee လား ဆိုတဲ့မေးခွန်းကိုဖြေရန် တခါထရံမလွယ်ကူသလို မှားယွင်းစွာဖော်ပြမိပါကလဲ ကြီးမားသောဒဏ် ကြေးပေးဆောင်ရတတ်ပါသည်။
အကြမ်းဖျင်းအားဖြင့်သင်(အလုပ်ရှင်) အနေဖြင့်ဝန်ထမ်းဟု ဥပဒေအရ သတ်မှတ်နိုင်သော သူဧ။် လစာမှ ဝင်ငွေခွန် (Income Tax) social security (ပင်စင်ဟုလွယ်လွယ် ဘာသာပြန်ပါရစေ) နှင့် Medicare (အသက်၊အိမ်ထောင်၊ မိသားစု အခြေအနေ စသဖြင့် ) ပေါ်မူတည်သဖြင့် လစာမှဖြတ်တောက် ထိန်းသိမ်းရပါမည်။
သင်(အလုပ်ရှင်)အနေဖြလဲ SS Tax, Medicare, Unemploymenmt Tax(FUTA &SUTA) အလုပ်ထုပ်ဆိုင်းငံ့ခံရပါက ယာယီထောက်ပံ့သော အခွန်တို့ကို၎င်းဝန်ထမ်း၏ လစာနှုန်းထားအလိုက် ပေးဆောင်ရပါမည်။
အထက်ဖော်ပြပါ အခွန်များကို I.C အတွက် ပေးဆောင်ရန်မလိုပါ။ I.C ဖြစ်ပါက S.E Tax(Self Employment Tax) သာလျှင် ၄င်း person မှ [...]
Worker’s Compensation Insurance ၀ယ်ဖို့လိုသလား?
Sushi လုပ်ငန်းရှင်များ ယခုလတ်တလော အငြင်းပွားနေရတဲ့ Worker’s Compensation Insurance ၀ယ်ဖို့လိုမလို ဆိုတဲ့ မေးခွန်းအတွက် အဖြေသည် State တစ်ခုနှင့် တစ်ခု ကွားခြားပါသည်။
သင့်လုပ်ငန်းတွင် အချိန်ပိုင်း/ အချိန်ပြည့် လုပ်ကိုင်နေသော ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရပါက အကာအကွယ် ခံစားခွင့် ရမည့် အာမခံချက် ဖြစ်ပါသည်။
ဝန်ထမ်းဟု ဆိုရာတါင် တစ်ချို့ State တွင် သင်ကိုယ်တိုင် ပါဝင်ပါသည်။ တစ်ချို့ State တွင် သင် (လုပ်ငန်းရှင်) သို့မဟုတ် Corporation Director အနေဖြင့် ကင်းလွတ်ခွင့် ရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် သင်ထိခိုက်လျှင် ခံစားခွင့် မရှိပါ။ ၀န်ထမ်းသု ဆိုရာတွင် Sub-Contractor များလည်း [...]
ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်များထဲက အတက်ကြွဆုံး သူတစ်ယောက်ကိုပြပါလို့ မေးလာခဲ့ရင် ကိုသက်လွင်ကို လက်ညှိုးထိုးပြကြမယ် လို့ ထင်ပါတယ်။ ဘာပဲလုပ်လုပ် အရှေ့ဆုံးကနေ ကျရာနေရာယူပြီး အပင်ပန်းခံ ကူညီတတ်တာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ တတ်ကြွလွန်းအားကြီးပြီး ကျန်တဲ့ ကျွန်တော် တို့လိုလူများကို စေတနာနဲ့ အားမလို အားမရ စကားတွေ ပြောတတ်တာလည်း သူပါပဲ။ ကိုသက်လွင် California ကိုပြောင်းရွေ့အခြေချဖို့ သတင်းကြားကြတော့ အားလုံး စိတ်မကောင်းကြပါဘူး။ ကျွန်တော်တို့ UNOB အဖွဲ့တင် မကပါဘူး West Palm Beach က သီတဂူ ဘုန်းကြီးကျောင်း အတွက်ပါ အားကိုးရတဲ့ မိသားစု တစ်စု လျော့သွားတာ အမှန်ပါ။ ကျွန်တော်တို့တွေ ဒီရောက်မှ တွေ့ဆုံ သိကျွမ်းခဲ့ကျပေမယ့် ခင်ရာဆွေမျိုး ညီအစ်ကို ရင်းများလို ကူညီလိုက် ငြင်းခုံလိုက်နဲ့ ပျော်ပျော်ပါးပါး [...]
ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို Fort Lauderdale မှာပြသမယ်ဆိုတာသိရလို့ သတင်းကောင်းပါးလိုက်ရခြင်းပါ။ အသေးစိတ်ကိုအောက် မှာမူရင်းအတိုင်း ဖော်ပြလိုက်ရပါတယ်။
Event Details
DescriptionJoin renowned Ft. Lauderdale artist, Jim McNalis an advocate for Burma democracy for the opening night screening of THE LADY, the extraordinary story of Aung San Suu Kyi and her husband, Michael Aris is also the epic [...]
ဘရန်ရှောင်ကိုလွတ်ပေးပါ။
################
မျက်နှာတွင် မီးစဖြင့်ထိုးထားသည့် ဒဏ်ရာများ၊ ဖူးယောင်နေသည့် မျက်နှာပြင်၊ တိရိစ္ဆာန်သဖွယ်ကြိုးနှင့်ဆွဲ ကာခေါ်လာသည့် ခင်ပွန်းဖြစ်သူ ဘရန်ရှောင်ကို မြင်လိုက်ရ၍ ဇနီးဖြစ်သူ မဇီးညွယ် မေ့လဲသွားသည်။ ဇနီးဖြစ် သူသာမက ဂျန်မိုင်ကောင့် စစ်ပြေးဒုက္ခသည်စခန်းတခုလုံးလည်း ထိတ်လန့် ၀မ်းနည်းခြင်း များနှင့် လွမ်းခြုံသွားသည်။ ဘရန်ရှောင်ဖမ်းခံရပြီး နှစ်ရက်အကြာ ဇွန်လ ၁၉ ရက်တွင် ဒုက္ခသည်စခန်းသို့ ခြိမ်းခြောက်ပြသခဲ့သည်။ ပေါက်ကွဲ ၃ ဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းမှ ဘရန်ရှောင်ကို စရဖ နှင့် အမှတ် ၁ ရဲစခန်းမှ စခန်းမှူးတို့ကလာရောက် ဖမ်းဆီးသွားခဲ့သည်။
ကေအိုင်အေ မှ ဗိုလ်ကြီးအဖြစ် ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ ရတနာပုံသတင်းစာတွင် ဖော်ပြခြင်းခံရသူ [...]
အနမ်း (၁၀ဝ)
ခင်ပွန်းက ဇနီးဆီကို ရေးလိုက်တဲ့ စာလေးပါ။
အချစ်ရေ ဒီလတော့ ကို လစာငွေမပိုနှိင်တော့လိုအနမ်း (၁၀ဝ) ကို ဒီစာနဲ့ အတူပို့လိုက်တယ်နော်။ မင်းဟာမောင့် ရဲ့အချစ်ဆုံးပါကွယ်။
မင်းရဲ့ အချစ်ဆုံးခင်ပွန်း
မောင်
ရက်အနည်းငယ်ကြာသောအခါ ဇနီးက သူ့ခင်ပွန်းသည်ထံ စာပြန်လိုက်သည်။
မောင်ရေ မောင့် အနမ်း (၁၀ဝ) အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ တဆက်တည်း ခင့်ရဲ့ ဒီလ အသုံးစရိတ်လေးကိုလည်း ပြောပါရစေနော်။
၁။ တလစာနွားနို့အတွက် နွားနို့လာပို့နေသူနဲ့ အနမ်း ၂ ခုသဘောတူလိုက်တယ် မောင်။
၂။ မီးပြင်သမားအတွက် အနမ်း ၇ ခုသဘောတူလိုက်တယ် မောင်။
၃။ ကျွန်မတို အိမ်ရှင်ကလည်းနေတိုင်းလာပြီး အိမ်လခအတွက် အနမ်း ၂ခု ၃ခု ယူလေ့ရှိတယ်မောင်။
၎။ စတိုးဆိုင် ပိုင်ရှင်ကတော့ အနမ်းတွေကိုလက်မခံလို့ တခြားဟာလေးတွေဘဲ ပေးလိုက်တယ်မောင်။
၅။ တခြားအသုံး စရိတ်လေးတွေအတွက်တော့ အနမ်း (၄၀) လောက်သုံးလိုက်တယ်မောင်။
အရမ်းစိုးရိမ်မနေပါနဲ့မောင်။ [...]
Attention to all members and guests,
The UNOB invites you to the 3rd Annual Anniversary. We hope you come and support our organization, and welcome anyone to be a part of this celebration.
Elks Lodge #1352
6188 Belvedere Road,
West Palm Beach, FL 33413
June 2nd. 2012
7:00PM TO 11:00PM
Here is the invitation letter in PDF.
အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့ UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB ညီအစ်ကိုများရဲ့ ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့ ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့ အကြံပေး လူကြီးများဖြစ်တဲ့ Dr. [...]