အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ (August 2012)
August 2012 ည ဒေါက်တာ ညွန့်လွင် နှင့် အန်တီ လင်ဒါ တို့ အိမ်တွင် ကျင်းပခဲ့သော အစည်းအဝေးမှ မှတ်တမ်းတင် ဓါတ်ပုံများ -
August 2012 ည ဒေါက်တာ ညွန့်လွင် နှင့် အန်တီ လင်ဒါ တို့ အိမ်တွင် ကျင်းပခဲ့သော အစည်းအဝေးမှ မှတ်တမ်းတင် ဓါတ်ပုံများ -
ဥပဒေရေးရာဟောပြောပွဲမှ သတင်းကောင်းများ
လေးစားအပ်သောUNOBအဖွဲ့ဝင်များ၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ Website ပရိဿတ်များခင်ဗျား -
မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း၏အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု Federal Franchise ဥပဒေ များနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ အခြားသိသင့်သိထိုက်သောဥပဒေများကို New York အခြေစိုက်ရှေ့နေ ဦးပက်ထရစ်ဝမ် မှ အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် Federal Franchise ဥပဒေအကြောင်းရှင်းပြခြင်း၊ တက်ရောက်လာသူများ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေများ၊ အိမ်ခြံမြေအရောင်းအ၀ယ်(Foreclosure, Shortsales)ဥပဒေဆိုင်ရာမေးခွန်းများကိုလည်း ပြန်လည်ဖြေ ကြားအကြံပြုသွားပါသည်။
ဟောပြောပွဲတွင်အဖွဲ့ဝင်များအကြားနွေးထွေးရင်းနှီးမှုများလဲပိုမိုရရှိခဲ့ကြပါသည်။
UNOB အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးပက်ထရစ်ဝမ် မှမြန်မာတိုင်းရင်းသားမျိုးနွယ်စုများအတွက် ဥပဒေရေးရာ ကိစ္စများတွင် များစွာအကူအညီပေးမည်ဖြစ်ကြောင်း သတင်းကောင်းများပြောကြားခဲ့ပါသည်။ UNOB အဖွဲ့ဝင် များအနေဖြင့် ဥပဒေရေးရာအမှုကိစ္စများအတွက်ဆက်သွယ်မေးမြန်းလုပ်ဆောင်ပါက UNOB အဖွဲ့ဝင်ဖြစ်ကြောင်း ကြိုတင်ပြောကြားရန်အသိပေးလိုပါသည်။ အဖွဲ့ဝင်များအတွက်အထူးနှုံးအစီအစဉ်ဖြင့်ရရှိမည်ဖြစ်ပါသည်။
ဦး ပတ် ထ ၇စ် ဝမ်း နှင့် ဆက် သွယ် ရန်း 347-219-5337 mkpwssy.jsc@verizon.net
အ [...]
ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့် အနုပညာလောက စိတ်ဝင်စားဖွယ် မေးခွန်းများကို ဆရာဦးဝင်းငြိမ်း မှ စေ့စေ့ငှငှ ဖြေကြားသွားသည်မှာ အလွန်မှတ်သားဖွယ် ကောင်းပါသည်။ အခမ်းအနားတွင် မ၀င်းဝင်းသော် မှ ဆရာမကြီးဒေါ်ပတ္တမြားခင်၏ အထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး ဒေါက်တာကြင်ဟိုး၊ ဒေါက်တာကျော်ဦး၊ ဒေါက်တာထွေးထွေးစိန်တို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသည် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပျော်စရာလည်းကောင်းသလို အစားအသောက်များလည်း စုံလင်ပါသည်။ တက်ရောက်လာခဲ့သူများရော၊ မလာဖြစ်ခဲ့သူများ အတွက်ပါ ဆွေးနွေးပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများကို ပြန်လည်ကြည့်ရှု့နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။
These are the pictures from 1st Anniversary of UNOB in Vero Beach.
[nggallery id=20]
UNOB EC များ ၂လခြားတစ်ခါ ပုံမှန်အစည်းအဝေးကို ဆရာဟိုး နေအိမ် (ဖေဖေါ်ဝါရီ ၂၇ရက် နေ့) တွင်ပြုလုပ်ခဲ့ပါသည်။ EC အဖွဲ့ဝင်များအားလုံးနှင့်အတူ ကိုဂျိမ်းစ်၊ ကိုနေ၀င်းထွန်းတို့မှလည်း Online Virtual Meeting မှတစ်ဆင့် စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အဖွဲ့၏လုပ်ငန်းစဉ် သုံးသပ်ချက်များ၊ community ၏အကျိုးကို ရှေ့ရှုသောအခွင့်အလမ်းများ၊ ငွေစာရင်းရှင်းတမ်းများ၊ ရံပုံငွေ ရှာကြံရေး စသဖြင့် ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့ပါသည်။ အဖွဲ့အတွက် ရံပုံငွေပွဲများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသလို လောလောဆယ်အချိန်တွင် EC များမှ တာဝန်ယူ၍ အဖွဲ့၏လိုအပ်သော ပုံမှန်သုံးငွေများကို ကျခံကြမည်ဟု သဘောတူညီခဲ့ကြပါသည်။ ပြင်ပမှ အလှူရှင်များမှလည်း နည်းများမဆို ကူညီ ပံ့ပိုးကြမည်ဆိုပါက အထူးကျေးဇူးတင် ဂုဏ်ယူစွာဖြင့် လက်ခံမည်ဖြစ်ပါသည်။ အဖွဲ့၏ ပုံမှန်သုံးငွေများတွင် Post Office [...]
Here are the some of your pictures at Photo Service from the Concert. All pictures will be ready to pick up
Congrat to the family of Ko Thi Han.
မျိုးဆက်သစ်
မျိုးဆက်သစ်ဟူသည် လတ်ဆတ်ခြင်း၊ လန်းဆန်းခြင်း၊ ဆန်းသစ်ခြင်းနှင့် အားမာန်တို့၏ သင်္ကေတဖြစ်ပါသည်။ မျိုးဆက်သစ်တို့၏ကောင်းခြင်းဖြင့် လောကကိုအလှဆင်ရပါသည်။
ကိုသီဟန် + မစန်းစန်း တို့၏သားလှရတနာ မောင်ဂေဘရီယဲလ်(Gabriel)သည်ကောင်းသောမွေးဖွားခြင်းမှသည် ကိုယ် စိတ် နှလုံး ကျန်းမာချမ်းသာမှုပြည့်စုံသော အသိညာဏ်ပညာထူးချွှန်ထက်မြက်သော လောကကိုအလှဆင်မည့် ယောကျာ်းကောင်းတစ်ယောက်အဖြစ်သို့ ကောင်းသောဆုမွန်ဖြင့်ကြိုဆိုလိုက်ရပါသည်။
ကောင်းကြိုးပြည့်ကြွယ် မောင်ဂေဘရီယဲလ် အသက်ရာကြော်ရှည်စေသောဝ်
[nggallery id=15]
You’re in our thoughts
Please know how much
you are loved
and how deeply
your loss is felt by all.
With Sincerest Sympathy
ဒေါ်ခင်မာချို နာရေးသို့ရပ်ဝေး ရပ်နီးမှလာရောက်စာနာအားပေးကူညီကြသူများနှင့် နာရေးအကူလှူငွေထည့်ဝင်ကြသူအားလုံးကို ကျန်ရစ်သူမိသားစုများက ကျေးဇူးအထူးတင်ရှိပါကြောင်းကို နာရေးတက်ရောက်အားပေးကူညီခဲ့ကြသောUNOBအဖွဲ့ဝင်ကိုယ်စားလှယ်များမှတဆင့် အသိအမှတ်ပြုပြောကြားခဲ့ပါကြောင်းသတင်းပါးအပ်ပါသည်။
[nggallery id=14]