UNOB Newsletter #3 has just been released
U.N.O.B Newsletter မျိုးနွယ်စုစာစောင် အမှတ်(၃) ကို ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ပုံနှိပ် ပြီးစီးသွားခဲ့ပြီး စတင် ဝေငှ နေပြီဖြစ်ပါသည်။
အဖွဲ့၏ နောက်ဆုံး Activities များ၊ ဥက္ကဌ ဒေါက်တာကျော်ဦး၏ အပူလွန်ကဲခြင်း ဝေဒနာ ဆေးပညာဆောင်းပါး၊ ကြေးမုံဦးသောင်း၏ ယောမင်းကြီး ဦးဖိုးလှိုင်နှင့် သတင်းစာ ဆောင်းပါး၊ အဖွဲ့ဝင် တစ်ချို့၏ ဆောင်းပါးများ၊ အတွေ့အကြုံများ၊ ရယ်မောဖွယ် ဖြစ်ရပ်များ အပြင် အဖွဲ့၏ ဘဏ္ဍာရေး စားရင်းရှင်းတမ်းများ ကိုလည်း ပြည့်ပြည့်စုံစုံ ဝေဆာစွာ ဖေါ်ပြထားပါသည်။
အဖွဲ့ဝင်များ၏ မအားလပ်သည့် ကြားမှ တစ်အုပ်ထက် တစ်အုပ် ဒီဇိုင်း၊ စာအုပ် အရည်အသွေးနှင့် စာများပါ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားထားမှုကို ဤစာစောင်တွင် တွေ့မြင် နိုင်ပါလိမ့်မည်။ ယခုထက် ပိုမို ကောင်းမွန်လာအောင်လည်း ကြိုးစားကြဦးမည် ဖြစ်ပါသည်။ ရသ မျိုးစုံအောင် ထည့်သွင်းနိုင်ရန်လည်း ကြိုးစားနေပါသည်။ [...]






