Welcome! မင်္ဂလာပါ

Category Archives: General News

နာရေးသတင်း

JAY F LEONG (ခေါ်) ကိုဝင်းဆွေ အသက် (၅၃) နှစ် ဖလော်ရီဒါပြည်နယ်၊ Pompano Beach နေ SUSAN LEONG ၏ ချစ်လှစွာသောခင်ပွန်း၊ Deerfield Beach နေ ဒေါက်တာဦးကြင်ဟိုး နှင့် ဒေါ်Grace တို့၏တူ၊ Delaware ပြည် နယ် Newark မြို့နေ မLily + Mr. Terence၊ Texas ပြည်နယ် Austinမြို့နေ Mr. Jim တို့၏ ချစ်လှစွာသောအကိုသည် ၂၀၁၀ခုနှစ် ဇွန်လ(၁၉)ရက် နံနက်(၆)နာရီ (၄၀)မိနစ် အချိန်တွင် ဖလော်ရီဒါနေအိမ်၌ ဘ၀တပါးသို့ကူးပြောင်းကွယ်လွန်သွားပြီဖြစ်ပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။ ကွယ်လွန်သူ ကိုဝင်းဆွေသည်အချက်အပြုတ်အလွန်ကျွမ်းကျင်သော စားဖိုမှူးတဦးဖြစ်ခဲ့ ပြီး ၊ ဖလော်ရီဒါပြည်နယ်ရှိမြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း(UNOB) ၏အဖွဲ့ဝင် တဦးလည်းဖြစ်ပါသည်။ နာရေးအခမ်းအနားအစီအစဉ် နေ့ရက်။    ။ ၂၀၁၀ခုနှစ် ဇွန်လ(၂၂)ရက် အင်္ဂါနေ့။ အချိန်။      ။ ညနေ(၅)နာရီ နေရာ။      ။ Forest Lawn North Funeral Home & Cemetery, 200 West Copans Road, Pompano Beach,   FL 33064. Tel: 954-784-4000 Direction: http://maps.google.com/maps?q=200+w+copans+rd+pompano+beach,+fl+33064&oi=gmail ကွယ်လွန်သူအားရည်စူး၍ ကျန်ရစ်သူမိသားစုများက အခမ်းအနားတက်ရောက်လာသူမိတ်သင်္ဂဟ များအား Read More...

Letter From A Friend (2)

တစ်ခါက သိပ်ချစ်ကြတဲ့ ကောင်လေးနဲ့ ကောင်မလေး ၂ယောက် ရှိကြပါတယ်.. သူတို့၂ယောက်ချစ်နေတဲ့ အကြောင်းကို ကောင်မလေးရဲ့ အဖေက သိသွားတော့ ကောင်လေးနဲ့ လုံးဝကို သဘောမတူပါဘူးတဲ့… ဒါနဲ့ဘဲ ကောင်လေးနဲ့ ကောင်မလေးတို့ ၂ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လဲ မခွဲနိုင်မခွာရက် သိပ်ချစ်နေ ကြတော့ အိမ်ကနေ ထွက်ပြေးကြပြီး ၂ယောက်တည်းကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်.. သူတို့၂ယောက် ထွက်ပြေးသွားတော့ ကောင်မလေးအဖေက (more…) Read More...

သမ္မတ အိုဘားမား ၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေများ

အမေရိကန်နိုင်ငံတွင် ကျန်းမာရေးအာမခံကြေးပေးမထားတဲ့ ကျန်းမာရေးဝန်ဆောင်မူများ၏ ခွင်အပြင်တွင်ရောက်နေတဲ့သူပေါင်း ၃၂ သန်းခန့် ရှိပါတယ်။ ထိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြင်ဆင်မူ ဥပဒေကို (မတ်လ ၂၃ ရက် ၂၀၁၀) နေ့က သမ္မတအိုဘားမား ကလက်မှတ်ရေးထိုးခဲ့တယ်။ ဥပဒေသစ်အရဖြစ်ပေါ်လာမည့် ကျန်းမာရေးအာမခံကြေး မူဝါဒ အများစုမှာ ၂၀၁၄ ခုနှစ်ကျမှသာ တရားဝင်ဖြစ်လာပါတယ်၊ ထိုဥပဒေသစ်ရဲ့ထူးခြားချက်တွေကတော့ က) အာမခံကြေး ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင်နေထိုင်သူတိုင်း တရားဥပဒေ အရ ကျန်းမာရေးအာမခံကြေးပေးရမည်၊ (ကျန်းမာရေး အာမခံကုမ္ပဏီများမှ အာမခံကြေးပေးဆောင်ရမည်။) အာမခံကြေးပေးဆောင်ရန်ပျက်ကွက်သူများကို (more…) Read More...

2011 Green Card မဲ လျောက်လွှာများ စတင်လက်ခံ

2011 Green Card မဲဖေါက်ရန်လျောက်လွှာများလက်ခံနေပြီဖြစ်ပါသည်။ အကူအညီလိုအပ်ပါက UNOB Contact Email သို့ ဆက်သွယ်နိုင်ပါသည်။ အောက်ပါချို့ယွင်းချက်ပါရှိသောဓါတ်ပုံများကို လျောက်လွှာတွင်လက်ခံမည်မဟုတ်ပါ။ ၁။            ပင်ကိုမဟုတ်ဘဲ ဖြည့်စွက်ထားသောဓါတ်ပုံများ။ ဥပမာ – နုတ်ခမ်းမွှေး (အတု)၊ မုတ်ဆိတ်မွှေး (အတု)။ ၂။            မူရင်းဓါတ်ပုံကို ကျုံ့ထား ဆန့်ထားခြင်း။ ဥပမာ – မူရင်းပုံကို (more…) Read More...