Category Archives: General News
သမိုင်းအသစ်ရေးမည့် Lytro Camera
ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့ သူရဲ့ Interview တွေ၊ သူတို့ Marketing project တွေ လျှောက် ဖတ်မိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ Camera/Tech ၀ါသနာပါမယ့် သူတွေကို ပြန်ပြီး ဝေမျှဖို့အတွက် UNOB ကနောက်ထွက်မယ့် Newsletter မှာ ထည့်ဖို့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအထိ မထွက်နိုင်သေးတာကြောင့် Web Site ပေါ် တင်ဖြစ်တာပါ။ တစ်ချို့လဲ Internet ပေါ်မှာ ရေးပြီးသား ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။
အကြောင်းက Lytro’s Light Field Camera ပါ။ အဲဒီ Camera လေးကို ထွင်ထားတဲ့ Ren-Ng ကတော့ iPhone က Cellular တွေရဲ့ သမိုင်းအသစ် ခင်းခဲ့သလို သူ့ရဲ့ Lytro ကလည်း Digital Camera တွေရဲ့ သမိုင်းကြောင်း ကို အသစ်ရေးမယ် လို့ ရဲရဲ အာမခံထားပါတယ်။ သူ့အပြောတင်မဟုတ်ပါဘူး Lytro Camera အကြောင်းကို Internet မှာ ရှာကြည့်လိုက်ရင် Read More...