RSSAll Entries in the "General News" Category

Ship to Myanmar (စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး)

Ship to Myanmar (စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး)

MyAddressUS can assist you in sending documents and small packages door to door to major cities in Myanmar within 5 business days.
We have partnered with U.N.O.B. to provide their members a free membership ($120.00 annual value) and 10% off their first shipment.

Getting started is simple and directed by you;
Register for a Membership

 Access MyAddressUS.com (http://www.myaddressus.com/membership.php) and […]

2013 South Florida သင်္ကြန်

2013 South Florida သင်္ကြန်

2013 ခုနှစ် တောင်ပိုင်း ဖလော်ရီဒါ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြားသိရပါတယ်။ နေရာကို Okeechobee ကန်အနီးက သီတဂူကျောင်းမှာ သတ်မှတ်ထားပါတယ်။
တေးသံရှင်မီမီဝင်းဖေ၊ စန္ဒယားကိုသစ်၊ လူရွှင်တော်ကိုယဉ်ထွေး တို့နှင့်အတူ သင်္ကြန်ယိမ်းအက၊ ကရင် ဒုံးယိမ်းအက၊ အခြားမြန်မာ့ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။
အချိန် = နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ အထိ
နေံရက် = ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက် (Easter Sunday) 3/31/2013
နေရာ  = 13425 US Hwy. 441 S.E Okeechobee, FL-34974
Note: ပန်းချီအောင်ကျော်ခင်၏ပန်းချီပုံကို ယူသုံးထားပါသည်။

Florida နှစ်သစ်ကူး အကြိုပွဲတော်

Florida နှစ်သစ်ကူး အကြိုပွဲတော်

ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။  ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် […]

Worker's Comp. Insurance ၀ယ်ဖို့လိုသလား

Worker’s Comp. Insurance ၀ယ်ဖို့လိုသလား

Worker’s Compensation Insurance ၀ယ်ဖို့လိုသလား?
Sushi လုပ်ငန်းရှင်များ ယခုလတ်တလော အငြင်းပွားနေရတဲ့ Worker’s Compensation Insurance ၀ယ်ဖို့လိုမလို ဆိုတဲ့ မေးခွန်းအတွက် အဖြေသည် State တစ်ခုနှင့် တစ်ခု ကွားခြားပါသည်။
သင့်လုပ်ငန်းတွင် အချိန်ပိုင်း/ အချိန်ပြည့် လုပ်ကိုင်နေသော ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရပါက အကာအကွယ် ခံစားခွင့် ရမည့် အာမခံချက် ဖြစ်ပါသည်။
ဝန်ထမ်းဟု ဆိုရာတါင် တစ်ချို့ State တွင် သင်ကိုယ်တိုင် ပါဝင်ပါသည်။ တစ်ချို့ State တွင် သင် (လုပ်ငန်းရှင်) သို့မဟုတ် Corporation Director  အနေဖြင့် ကင်းလွတ်ခွင့် ရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် သင်ထိခိုက်လျှင် ခံစားခွင့် မရှိပါ။ ၀န်ထမ်းသု ဆိုရာတွင် Sub-Contractor များလည်း […]

Asian Culture Festival 2012

Asian Culture Festival 2012

Thai American Association မှ ကြီးမှူးတဲ့ ၂၂ ကြိမ်မြောက်   Asian Culture ပွဲတော် ကို  March ၃ ရက်နဲ့ ၄ ရက်နေ့က  Florida, Homestead ရှိ Fruit & Spice Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီပွဲတော်မှာ UNOB  အသင်းကလည်း ဖိတ်ကြားမှူ့အရ ပထမဦးဆုံး အကြိမ် ပါဝင်ကျင်းပခဲ့ပါတယ်။  Asian Culture ဆိုတဲ့အတိုင်း  Asian လူမျိုးပေါင်းစုံက မိမိတို့ရဲ့ ယဉ်ကျေးမှူ့ အကြောင်း၊ နိုင်ငံအကြောင်းတွေနဲ့ ရိုးရာ အစားအစာတွေကို ထုတ်နှုတ်ပြသ ခဲ့ကြပါတယ်။ ပွဲတော်မှာ အစားအစာမျိုးစုံ၊ ရိုးရာပစ္စည်းမျိုးစုံတွေ ရောင်းချကြတဲ့အပြင် သစ်ပင်မျိုးပေါင်း စုံလင်အောင် ရောင်းချကြတာကိုလည်း တွေ့ရှိကြရပါတယ်။
ပွဲတော်ဟာ မြို့ကြီးများနဲ့ အနည်းငယ် […]

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

နှစ်သစ် တစ်ခုပြောင်းပြီဆိုတိုင်း လုပ်ငန်းရှင်များ ကတော့ ခေါင်းခဲရစမြဲပါ။ ပြီးခဲ့တဲ့နှစ်က ကိုယ့် လုပ်ငန်း ကောင်းမကောင်းပေါ် မူတည်ပြီး ၀င်ငွေခွန် ဘယ်လို ဆောင်ရင် အဆင်ပြေမလဲ ဆိုတာ နှစ်သစ်ကူးတဲ့ ညကတည်းက တွေးနေရပြီပေါ့။ အင်္ဂလိပ်စကား အခက်အခဲ ရှိသော သူများအတွက် ပိုပြီး ခေါင်းကိုက်စရာ ဖြစ်တတ်ပါတယ်။ သိလိုသမျှ ကိုယ်လုပ်ချင်တာ မှန်သမျှကို နားလည်အောင် မပြောတတ်၊ သူပြောပြတာလည်း ရေရေရာရာ နားမလည် အဖြစ်မျိုး ကြုံရတတ်သလို တစ်ခါတစ်ရံ တစ်ကယ် လိုအပ်တာထက် ပိုမို ကုန်ကျရမှုမျိုးလည်း ကြုံရတတ်ပါတယ်။
လာမယ့် ၂၀ ရက်နေ့ ညမှာ ၀င်ငွေခွန် ကိစ္စများနှင့် ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင်က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး တက်ရောက်လာသူများရဲ့ သိလိုသော မေးခွန်းများကို လည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
တတ်ရောက်လာသူများအတွက် […]

မြန်မာပြည်ရဲ့အလင်းရောင်တခုကိုလှမ်းမြင်မိလိုက်လို့ပါ

မြန်မာပြည်ရဲ့အလင်းရောင်တခုကိုလှမ်းမြင်မိလိုက်လို့ပါ

မြန်မာပြည်သားတွေအတွက်ဝမ်းသာကြည်နူးမိလို့ ဒီသတင်းကိုတင်လိုက်မိခြင်းဖြစ်ပါတယ်။ သိတဲ့လူလဲသိပြီးလောက်ရောပေါ့ ဘယ်လိုဘဲဖြစ်ဖြစ် ကျတော်တို့ UNOB လည်း မြန်မာပြည်သားတွေရဲ့အရေးအတွက် တတ်နိုင်တဲ့ဘက်က လက်တွေ့ ကျကျ ဘယ်လိုများ ဝိုင်းဝန်း ပန့်ပိုးကြရင်ကောင်းမလဲဆိုတာစဉ်းစားမိကြရအောင်ပါ။
လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယနေ့ ပြန်လည် လွတ်မြောက်လာသူများ၏ နောက်ဆုံးရ သတင်းများ(8am-12:15am)
သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၅၁ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ အခုလိုပြန်လွှတ်ပေးခဲ့တာပြီး တချိန်ကဝန်ကြီးချုပ်ဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်လည်းပြန်လွတ်လာတဲ့အထဲမှာပါဝင်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကအကျဉ်းကျခံနေရသူအားလုံး ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး Burma VJ သတင်းထောက်တွေလည်း ပြန်လွတ်လာကြပါတယ်။
အသေးစိတ်ကို အောက်မှာကြည့်နိုင်ပါတယ်
8:00 Am
သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူ များထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက် ဝန်းကျင်ခန့်ရှိပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု […]

သမိုင်းအသစ်ရေးမည့် Lytro Camera

သမိုင်းအသစ်ရေးမည့် Lytro Camera

ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့ သူရဲ့ Interview တွေ၊ သူတို့ Marketing project တွေ လျှောက် ဖတ်မိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ Camera/Tech ၀ါသနာပါမယ့်  သူတွေကို ပြန်ပြီး ဝေမျှဖို့အတွက် UNOB ကနောက်ထွက်မယ့် Newsletter မှာ ထည့်ဖို့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအထိ မထွက်နိုင်သေးတာကြောင့် Web Site ပေါ် တင်ဖြစ်တာပါ။ တစ်ချို့လဲ Internet  ပေါ်မှာ ရေးပြီးသား ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။
အကြောင်းက Lytro’s Light Field Camera ပါ။ အဲဒီ Camera လေးကို ထွင်ထားတဲ့ Ren-Ng ကတော့ […]

Where shopping is a pleasure!

Where shopping is a pleasure!

Where shopping is a pleasure ဆိုတဲ့ Publix Ad ကို ခေါင်းစဉ်ရွေးလိုက်တာ ပိုပြီးသင့်တော်မယ်ထင်ပါတယ်။
အခုပါးချင်တဲ့ သတင်းက  West Palm beach နားက သူတွေကတော့ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ သွားရင်းလာရင်း ကြုံလို့ ၀င်ချင်လဲ ၀င်သွားလို့ရအောင်  သတင်းကောင်း ပေးချင်တာပါ။
နံပတ် (၁) က Restaurant Depot ဆိုင် အသစ်တစ်ဆိုင်ကို ပြီးခဲ့တဲ့လက Riviera beach မှာ ဖွင့်ခဲ့ပါတယ်။ Sushi bar ဆိုင်ပိုင်ရှင်တွေကတော့ တော်တော် သဘောကျကြပါတယ်။ အရေးပေါ်လိုအပ်လို ပစ္စည်းတစ်ချို့ ၀ယ်ချင်ရင် Pompano အထိ ဆင်းနေစရာ မလိုတော့ဘူးပေါ့။ ဘာတွေရလဲ ဆိုတာကတော့ သိပြီးသားတွေ ဖြစ်နေတော့ ရေးမနေတော့ပါဘူး။ လိပ်စာရယ် store hour ရယ်ကတော့ အောက်ဖက်မှာ […]