Welcome! မင်္ဂလာပါ

Category Archives: Featured

စာပေစကားဝိုင်းမှ မှတ်တမ်းတင် ဓါတ်ပုံများ

ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့် အနုပညာလောက စိတ်ဝင်စားဖွယ် မေးခွန်းများကို ဆရာဦးဝင်းငြိမ်း မှ စေ့စေ့ငှငှ ဖြေကြားသွားသည်မှာ အလွန်မှတ်သားဖွယ် ကောင်းပါသည်။ အခမ်းအနားတွင် မ၀င်းဝင်းသော် မှ ဆရာမကြီးဒေါ်ပတ္တမြားခင်၏ အထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး ဒေါက်တာကြင်ဟိုး၊ ဒေါက်တာကျော်ဦး၊ ဒေါက်တာထွေးထွေးစိန်တို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသည် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပျော်စရာလည်းကောင်းသလို အစားအသောက်များလည်း စုံလင်ပါသည်။ တက်ရောက်လာခဲ့သူများရော၊ မလာဖြစ်ခဲ့သူများ အတွက်ပါ ဆွေးနွေးပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများကို ပြန်လည်ကြည့်ရှု့နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ Read More...

UNOB Meeting at Sarasota

July 25 ရက်နေ့ Sarasota မြို့တွင်ပြုလုပ်ခဲ့သော UNOB လပတ်အစည်းအဝေးမှ မှတ်တမ်းဓါတ်ပုံများ- အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် နယ်မြေခံ ကိုယ်စားလှယ် ကိုဂျိမ်းစ် တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ Read More...

UNOB Newsletter (Vol. 1)

မျိုးနွယ်စုသတင်းစာစောင်ကို ၂၀၁၀ခုနှစ် ဇူလိုင်လတွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါသည်။ အခမဲ့ထုတ်ဝေဖြန့်ချီခြင်းဖြစ်ပြီး စာစောင်ကုန်ကျစရိပ်များကို Tampa မှ ကိုမောင်စိုး၊ Boca Raton မှ ကိုဇော်ကြီး၊ Vero Beach မှ ကိုသန်းနိုင်တို့က လှူဒါန်းခြင်းဖြစ်ပါသည်။ စာစောင်ဖြစ်မြောက်ရေးအတွက် ကိုသန်းနိုင်မှနေ၍ အစမှအဆုံးတာဝန်ယူ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါသည်။ စာစောင်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ပတွင်ရောက်ရှိ နေကြသော မြန်မာ့အသိုင်းအ၀ိုင်းအတွင်း လူမှုရေး၊ ကျန်းမာရေး၊ ဥပဒေရေးများကို တတ်အားသ၍ အပြန်အလှန် အကူအညီများ ပေးနိုင်ကြစေရန် အတွက် ရည်ရွယ်ပါသည်။ စာစောင်၏ပထမဆုံး စာမျက်နှာတွင်ပါရှိသော ကိုကျော်ဦးမှ ရှင်းလင်းတင်ပြထားချက်များကို ဖတ်ကြည့်လျှင် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များကို နားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။ ပထမဆုံးအကြိမ်ဖြစ်သည့် အားလျော်စွာ ပြည့်စုံမှုနည်းမည် ဖြစ်သော်လည်း နောက်ထပ် ထုတ်ဝေမည့် စာစောင်များတွင် မြန်မာ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ်လိုအပ်သည့်၊ အကျိုးရှိမည့် အကြောင်းအရာများကို ကဏ္ဍပေါင်းစုံ ကြိုးစားရွေးချယ်စုစည်း၍ ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ကျွန်တော်များ အသိုင်းအ၀ိုင်းအတွက် အကျိုးရှိမည့်စာများအပြင် အကြံဥာဏ်များပေးလိုပါကလည်း Email မှသော်လည်ကောင်း၊ စာတိုက်မှသော်လည်ကောင်း ဆက်သွယ်ပါဟု ဖိတ်ခေါ်ပါသည်။ နောက်ထုတ်မည့်စာစောင်များတွင် ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။ အကြောင်းအရာနှင့် ရေးသူ၏ နာမည်ရင်း၊ ဆက်သွယ်ရန် Info များကို တစ်ပါတည်းပေးစေလိုပါသည်။ Read More...

Money Saving Tip (1)

အမေရိကားမှာ စီးပွားရေးတွေကျလို့  ကျွန်တော်တို့တွေအားလုံး ၀င်ငွေနည်းလာတော့ ငွေကိုဘယ်လိုချွေတာကြရမလဲ စဉ်းစားလာကြရတယ်။ ကုန်ပေါက်တွေမှန်သမျှ အကုန်ပိတ်၊ အရေးမကြီးရင် ဘာမှမ၀ယ်ပဲ တစ်ကယ်လိုအပ်တဲ့အရာ ဆိုရင်တောင် ဘယ်မှာသက်သာမလဲ သေချာစုံစမ်းပြီးမှ ၀ယ်တော့တယ်။ ဖလော်ရီဒါလိုနေရာမျိုးမှာ ကား မရှိရင် မဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အားလုံး Car Insurance ပါ မဖြစ်မနေတွဲဝယ်ကြရတယ်။ ဒီလိုနဲ့ပဲ ကြာလာတော့ အချိန်တန် Renew လုပ်ဖို့ Statement ရောက်လာရင် Check ရေးပြီးပြန်ပို့လိုက်နဲ့ အစဉ်ပြေနေကြတာပေါ့။ Violation Ticket မရရင် အလိုလို ဈေးကျသွားလိမ့်မယ်လို့ပဲ ပုံမှန်တွေးပြီး ဘယ်မှလဲ ထပ်စုံစမ်းမနေတော့ဘူး။ လွန်ခဲ့တဲ့ (၃)လ လောက်က သူငယ်ချင်းတစ်ယောက်ဆီက သတင်းရပြီး Sate Farm ကနေ Progressive ကိုပြောင်းလိုက်တာ (၆)လကို $300 နီးပါး သက်သာသွားတယ်။ ကျွန်တော် State Farm မှာ Full Cover (၆)လကို $600 နီးပါးပေးနေရာကနေ Progressive မှာ $300 ကျော်ပဲပေးရတော့တယ်။ (၆)လမှာ $300 ဘာမှလုပ်စရာမလိုပဲ ပြန်ထွက်လာတော့ ကိုယ်သုံးချင်တာ တစ်ခုခု စိတ်ဖြောင့်ဖြောင့် သုံးလို့ရတာပေါ့။ တစ်ချို့တွေဆို တစ်လ တစ်လ Read More...

UNOB 1st Anniversary (2010)

These are the pictures from 1st Anniversary of UNOB in Vero Beach. [nggallery id=20] Read More...

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )    Read More...

Myanmar Visa Information

မြန်မာနိုင်ငံသို့ခရီးသွားများ VISA ဥပဒေ စည်းမျဉ်းများ သိလိုပါက အောက်ပါဖိုင်ကိုဖွင့်ကြည့်နိုင်ကြပါသည်။ Myanmar-Visa.pdf Read More...

တရုတ်ရိုးရာအပ်စိုက်ဆေးကုသမှုသတင်းကောင်း

တရုတ်ရိုးရာအပ်စိုက်ဆေးကုသမှုကို နှစ်ချိုက်သူများအတွက် မြန်မာဘာသာဖြင့် ဝေဒနာများကိုပြောပြနိုင်ပါပြီ။ မြန်မာကျောင်းသူတဦး(မစုစန္ဒီအောင်)ကိုယ်တိုင် အပ်စိုက်ကုသပေးမှုကိုခံယူနိုင်ကြပါပြီ။ အောက်တွင်ဖော်ပြထားသော ဆေးကုသမှုအချိန်ဇယား၊ (more…) Read More...