Welcome! မင်္ဂလာပါ

Category Archives: Featured

သမိုင်းအသစ်ရေးမည့် Lytro Camera

ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့ သူရဲ့ Interview တွေ၊ သူတို့ Marketing project တွေ လျှောက် ဖတ်မိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ Camera/Tech ၀ါသနာပါမယ့်  သူတွေကို ပြန်ပြီး ဝေမျှဖို့အတွက် UNOB ကနောက်ထွက်မယ့် Newsletter မှာ ထည့်ဖို့ ရေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအထိ မထွက်နိုင်သေးတာကြောင့် Web Site ပေါ် တင်ဖြစ်တာပါ။ တစ်ချို့လဲ Internet  ပေါ်မှာ ရေးပြီးသား ဖြစ်ကောင်းဖြစ် ပါလိမ့်မယ်။ အကြောင်းက Lytro’s Light Field Camera ပါ။ အဲဒီ Camera လေးကို ထွင်ထားတဲ့ Ren-Ng ကတော့ iPhone က Cellular တွေရဲ့ သမိုင်းအသစ် ခင်းခဲ့သလို သူ့ရဲ့ Lytro ကလည်း Digital Camera တွေရဲ့ သမိုင်းကြောင်း ကို အသစ်ရေးမယ် လို့ ရဲရဲ အာမခံထားပါတယ်။ သူ့အပြောတင်မဟုတ်ပါဘူး Lytro Camera အကြောင်းကို Internet မှာ ရှာကြည့်လိုက်ရင် Read More...

Where shopping is a pleasure!

Where shopping is a pleasure ဆိုတဲ့ Publix Ad ကို ခေါင်းစဉ်ရွေးလိုက်တာ ပိုပြီးသင့်တော်မယ်ထင်ပါတယ်။ အခုပါးချင်တဲ့ သတင်းက  West Palm beach နားက သူတွေကတော့ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ သွားရင်းလာရင်း ကြုံလို့ ၀င်ချင်လဲ ၀င်သွားလို့ရအောင်  သတင်းကောင်း ပေးချင်တာပါ။ နံပတ် (၁) က Restaurant Depot ဆိုင် အသစ်တစ်ဆိုင်ကို ပြီးခဲ့တဲ့လက Riviera beach မှာ ဖွင့်ခဲ့ပါတယ်။ Sushi bar ဆိုင်ပိုင်ရှင်တွေကတော့ တော်တော် သဘောကျကြပါတယ်။ အရေးပေါ်လိုအပ်လို ပစ္စည်းတစ်ချို့ ၀ယ်ချင်ရင် Pompano အထိ ဆင်းနေစရာ မလိုတော့ဘူးပေါ့။ ဘာတွေရလဲ ဆိုတာကတော့ သိပြီးသားတွေ ဖြစ်နေတော့ ရေးမနေတော့ပါဘူး။ လိပ်စာရယ် store hour ရယ်ကတော့ အောက်ဖက်မှာ ဖေါ်ပြထားပါတယ်။ 5840 N Military Trail Riviera Beach, Fl 33407 Phone: 561-242-6161 Store Hours: Mon: 7:00 AM – 6:00 PM Tue: 7:00 AM – 6:00 PM Wed: 7:00 AM – 6:00 PM Thu: 7:00 AM – 7:00 PM Fri: 7:00 AM – 6:00 PM Sat: 7:00 AM – 5:00 PM Sun: 9:00 AM – 3:00 PM Restaurant Depot 5840 N Military Trail Riviera Read More...

ပြည်သူ့ဂုဏ်ရည် အသင်းနှင့်ရင်းနှီးစွာ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် L.A. မြို့ အခြေ စိုက်   ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award Organization) အသင်းသည် ဒေါက်တာ ဦးဖေသန်းမောင် (UNOB အကြံပေးအရာရှိတစ်ဦး) မှတဆင့် မိမိတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်စု များ အသင်းသို့ ဆက်သွယ် လာပါသဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ်၊  Ft. Lauderdale ရှိ  ဒေါက်တာ ဦးဖေသန်းမောင် နှင့်ဇနီး ဒေါ်စဝ်မြနွယ်တို့ မိသားစုအိ မ်တွင် တွေ့ ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါသည်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ မှ ကိုယ်စားပြုအဖြစ် အထွေထွေအတွင်းရေးမူး ကိုကျော်ဝဏ္ဏ နှင့် မအိသွယ် တို့ တက်ရောက်ခဲ့ကြပြီး UNOB အ ဖွဲ့ မှ ဥက္ကဌ   ဒေါက်တာကိုကျော်ဦး၊ အတွင်းရေးမူး ကိုဘရန်ရှောင်၊ တွဲဖက်အတွင်းရေးမူး ကိုရဲမင်းဦး၊ ရုံးအဖွဲ့ မူး ကိုသက်လွင်၊ ပြန်ကြားရေးနှင့် Boca Raton ကိုယ်စား လှယ် ကိုစိန်မြင့်အောင်၊ ဆရာဝန်များအသင်း ကိုယ်စားလှယ် ဒေါက်တာ ဦးကျင်စိန်ဟိုး နှင့်ဇနီး၊ UNOB အကြံပေးပုဂ္ဂိုလ်များ Read More...

2nd Annual Meeting & Election

UNOB ၏ ဒုတိယအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင် အသစ် ပြန်လည်ရွေးကောက်ပွဲကို 8/27/2011 ညက Deerfield Beach ရှိ Asian Buffet & Grill ဆိုင်တွင် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြပါသည်။ အခမ်းအနားမှုး ကိုစိန်မြင့်အောင်၊ ဥက္ကဌ ၏ အမှာစကား၊ အတွင်းရေးမှုး၏ ကျေးဇူးတင် စကား၊ ဘဏ္ဍာရေးမှုး၏ စားရင်းရှင်းတမ်း၊ အဖွဲ့ဝင် တစ်ချို့၏ အကြံပေးမှု အစီအစဉ်များ ပြီးသည့်နောက် အမှုဆောင်အသစ်နေရာများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ အမှုဆောင်များရွေးချယ်ပြီးသည့်နောက် Bingo ကစားကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။ Bingo နှစ်ပွဲ ကစားခဲ့ကြပြီး နှစ်ပွဲစလုံး၏ ပထမဆုများကို (ထူးထူးဆန်းဆန်း) ဥက္ကဌကတော် မထွေးထွေးစိန်မှ တစ်ဦးတည်း ဆွတ်ခူးသွားပါသည်။ Read More...

UNOB Newsletter No.2

အဖွဲ့ဝင်များ၏ အားကြိုးမာန်တက် အကူအညီပေးမှုများကြောင့် မျိုးနွယ်စုသတင်းစာစောင် အမှတ် ၂ ကို မကြာခင် ဖြန့်ဝေနိုင်တာ့မည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရသော်လည်း အရင် အမှတ်(၁)ထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ နောက်ထွက်မည့် စာစောင်များကိုလည်း အတွေ့အကြုံများ စုဆောင်းရင်း၊ လေ့လာရင်းဖြင့် တစ်စောင်ထက် တစ်စောင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားသွားကြမည် ဖြစ်ပါသည်။ သင့်တော်သော စာမူများကိုသော်လည်းကောင်း၊ စာရိုက်စာစီ အကူအညီပေးနိုင်မည့် သူများကိုသော်လည်းကောင်း ဖိတ်ခေါ်ပါသည်။ အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စာစောင်ရယူလိုပါလျှင် info@unobusa.org သို့  အမည်၊ နေရပ်လိပ်စာ နှင့်တကွ ဆက်သွယ်ပါ။ အခမဲ့ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ Online ပေါ်တွင် အလွယ်တကူ ဖတ်ရှု့နိုင်ရန် PDF file Link ကို အောက်ဖက်တွင် ဖေါ်ပြထားပါသည်။ မိမိ Connection Speed ပေါ် မူတည်၍ အချိန် အနည်းငယ် ကြာကောင်း ကြာပါလိမ့်မည်။ Click Here to view PDF File Read More...

Useful Apps for an iPhone

အိမ်အတွင်း မှာ PC နှင့် TV တွဲပြီး အသုံးပြုသူများအတွက်  Touch Mouse လို့ခေါ်တဲ့ iPhone App တစ်ခုက အလွန် အသုံးဝင်ပါတယ်။ Free Version ဖြစ်ပြီး Logitech Company က App ဖြစ်ပါတယ်။ iPhone ကို Wireless Mouse လို Wireless Keyboard လို အသုံးချနိုင်ပါတယ်။ WiFi Network (Wireless Router) ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်အိမ်မှာ ရှိတဲ့ Computer တွေ အားလုံးကို ချိပ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဘာတွေ လိုအပ်ပြီး၊ ဘယ်လို Install လုပ်ရမလဲဆိုရင်. Requirements… ( an iPhone or iPAD or iPod, a PC or MAC, Wi-Fi Network) (၁) iPhone မှ တစ်ဆင့် App store မှာ Touch Mouse ဆိုပြီး ရှာပါ။ Free ဖြစ်ပြီးတော့ Logitech Product ဖြစ်ပါတယ်။ Download လုပ်ပြီး Install လုပ်ပါ။ (၂) သင့်ရဲ့ Read More...

SSV Grand Opening Ceremony Video

ထေရ၀ါဒ သံဃ၀ိဟာရ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကို West Palm beach, Florida တွင် ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့ကြပါသည်။ သီတဂူဆရာတော်ဘုရားကြီးမှ ကြီးမှူး၍ အခြားဖိတ်ကြားထားသော ဆရာတော်ကြီးများ အပါအ၀င် လူသူဧည့်ပရိသတ်မြောက်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ အစီအစဉ်ကို Internet မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ထပ်မံကြည့်ရှု့လိုသူများ ပြန်လည်ကြည့်ရှု့ နိုင်ရန် UNOB Web site မှတစ်ဆင့် ဖေါ်ပြအပ်ပါသည်။ Running Time:2hrs 20mins Flash Video Player Read More...

Cheap Online Video Rental

ကျွန်တော်တို့ရဲ့ အနားယူ အပန်းဖြေချိန်များထဲမှာ ဗွီဒီယို ကြည့် အနားယူ ခြင်းသည်လည်း ကဏ္ဍတစ်ခု အဖြစ်ပါဝင်ပါတယ်။ ဆိုင်မှာ သွားရောက် ငှားခြင်းသော်လည်းကောင်း၊ Kiosk စက်များမှ သော်လည်းကောင်း၊ Online မှသော်လည်းကောင်း နည်းမျိုးစုံနဲ့ ရနိုင်ပါတယ်။ Online ကနေ Instant ငှားပြီး ကြည့်နိုင်တဲ့  Web site တွေထဲမှာ လောလောဆယ် Netflix က အသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။  တစ်လ ကို $7.99 ဖြစ်ပြီး Contract လဲ လုပ်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်မှာတော့ Internet အမြန်လိုင်း ရှိဖို့တော့ လိုပါတယ်။ တစ်လကို $9.99 ($2) ပိုပေးရင် DVD ကို Mail ကနေလဲ မှာနိုင်သလို Online မှာ လဲ ကြိုက်သလောက် ကြည့်နိုင်ပါတယ်။ အသေးစိတ် Plan တွေကို netflix.com မှာ သွားရောက် ဖတ်နိုင်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ Blu-Ray Player, TVs တွေမှာ Internet Access လုပ်ဖို့  Wi-Fi သို့မဟုတ် Ethernet Port တွေပါ ပါတယ်။ အဲဒီကနေတစ်ဆင့် ကိုယ့်အိမ်က Router ကို ချိပ်ပြီး Read More...

Zawgyi Font in a MAC OS(Apple) Video

MAC Version 10.14 (Mojave) မှာ ဇော်ဂျီဖောင့်နဲ့ ပက်သက်ပြီး ပြသနာတွေဖြစ်နေတယ်လို့ ကြားရပါတယ်။ Font Book ကို မသုံးပါနဲ့။  Finder ကိုဖွင့်ပါ။   သင့်ရဲ့ MAC Root Hard Disk ကိုရှာပါ။ မရှိလျှင် Finder Preference မှာ Hard Disk ကို Check လုပ်ပါ။ Desktop ပေါ်မှာ HD ပေါ်လာပါလိမ့်မယ်။  HD ကို ဖွင့်ပါ။ Library ကို ဖွင့်ပါ။ Fonts Folder ကို ဖွင့်ပါ။ Myanmar MN and Sagnam Font တွေကို Right Click လုပ်ပြီး Trash လုပ်လိုက်ပါ။ ဒီအပြင် မြန်မာဖောင့်တွေ ရှိနေသေးလျှင် လဲ ဖျက်ထုတ်ပေးပါ။ ဇော်ဂျီဖောင့်ကိုတော့ Install လုပ်ထားရပါမယ်။ Zawgyi Font download နည်း Install လုပ်နည်းများကို ဒီ post ရဲ့ အလယ်မှာ ပုံများနဲ့ ရှင်းပြထားပါတယ်။ (1) Finder Preferences (2) Library (3) Fonts Folder (4) Trash Font Book ထဲမှာရောက်နေလျှင် Read More...

Installing Zawgyi Font and Trouble Shooting (Video)

ဇော်ဂျီဗမာစာလုံးမရှိသည့်အတွက် Web Site များပေါ်မှာ ဗမာစာဖတ်ရန် အခက်အခဲရှိနေသူများ ဤ Video ကြည့်၍ ဖြေရှင်းနိုင်ပါမည်။ Windows System များ အတွက်သာဖြစ်ပါသည်။ သင်၏ မိတ်ဆွေ သူငယ်ချင်းများ အခက်အခဲ ကြုံသည့် အခါမျိုးများတွင်လည်း ဤ Web Site Link ကိုပေး၍ ကူညီပေးနိုင်ပါသည်။ (Font Download) | Direct Link :  http://unobusa.org/uploads/how_to_zawgyi_high.wmv Click here to go to Zawgyi Font Download page Read More...