RSSAll Entries in the "Featured" Category

Money Transfer

Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။
ဝန်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99 ဖြစ်ပြီး $1000 အတွက် $16.99 ဖြစ်တာကို  Western Union ရဲ့ web site မှာ တွေ့ရပါတယ်။
Western Union ရှိတဲ့ နေရာတွေကနေ အလွယ်တကူ လွှဲနိုင်ပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။

အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ၀န်ဆောင်ခ ပြောင်းလဲမှုရှိပါတယ်။ လွှဲဖူးတဲ့သူတစ်ချို့ကတော့  အဆင်ပြေကြောင်း ပြောကြပါတယ်။ အမေရိကားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ အခြားနိုင်ငံများမှလည်း အဆင်ပြေမယ် မျှော်လင့်ပါတယ်။
Link:  http://www.westernunion.com

Fundraising Event in Florida 2012

Fundraising Event in Florida 2012

နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။  ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ [...]

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

ကျွန်တော်တို့ အားလုံး အမေရိကားကို ရောက်လာပြီး တစ်ချိန်မဟုတ် တစ်ချိန် US Immigration ဌာနနဲ့တော့ ပတ်သက်ရ စမြဲပါ။ ရောက်လာပြီးတဲ့ နောက် Status ရဖို့အတွက် Social ပဲ လျှောက် လျှောက်၊ Green Card အတွက် ပဲ ဖြစ်ဖြစ်၊ Citizenship အတွက်၊ မိဘ ခေါ်တာ၊ နောက်ဆုံး မိန်းမယူတာ ဒါတွေ အားလုံး US Immigration လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်၊ စည်းကမ်းချက်တွေနဲ့ ညီရင် အချိန်တန်တဲ့အခါ ရောက်လာ၊ ဒါတွေ ပုံမှန်ပါပဲ။
အခုလို ပြောလိုက်တော့လဲ လွယ် သလိုလို။ တစ်ကယ်တမ်း လုပ်ကျပြီဟေ့ ဆိုတာနဲ့ လျှောက်လွှာ Form စ ဖြည့်တဲ့ အခါ [...]

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

စာပေဟောပြောပွဲညမှ ဒေါ်မာမာအေး၏ မဟာဂီတ အမှတ်တရ ဟောပြောမှု ဗွီဒီယို အပြည့်အစုံ ဖြစ်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ Flash Player ရှိဖို့ လိုအပ်ပါတယ်။ Web Site ပေါ်တွင် ဗွီဒီယို ကြည့်ရန် အခက်အခဲ ရှိပါက မေးမြန်းနိုင်ပါတယ်။
Full length video of Daw Mar Mar Aye’s speech “Mahar Gita”.

စာပေဟောပြောပွဲ မှတ်တမ်း

စာပေဟောပြောပွဲ မှတ်တမ်း

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။
စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ [...]

3rd Annual Anniversary Celebration

3rd Annual Anniversary Celebration

ဇွန်လ ၂ ရက်နေ့ ညတွင် UNOB အသင်း နှစ်ပတ်လည် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အစီအစဉ်များကို အခမ်းအနားမှုး ကိုစိန်မြင့်အောင် မှ စတင်ကြေငြာပြီး၊ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးတို့မှ အဖွင့် မိတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ နှစ်ပတ်လည် ငွေစားရင်း ရှင်းတမ်းများကို အသီးသီး ပြောကြားခဲ့ပါသည်။
ဖိတ်ကြားထားသည့် မိတ်ဆွေ အပေါင်းအသင်းများ၊ အဖွဲ့ဝင်များ စုံညီစွာ လာရောက်ခဲ့သည့်အတွက် စည်စည်ကားကား ရှိခဲ့သလို BINGO အစီအစဉ်ကြောင့်လည်း အလွန်ပျော်ရွှင်ကြရပါသည်။ ဆုအများစုကို အမှုဆောင် နာယကကြီးများမှ သိမ်းကျုးံ ရရှိသွားခဲ့သဖြင့် ကျန်ရှိသော သူများမှ သိပ်မကျေနပ်ပါ။ တစ်ချို့ကလည်း လက်မှတ် အဟောင်းများကို လွှင့်မပစ်ပဲ ဆက်တိုက်ကစားကာ ဆုမဲများ ရရှိသွားကြ လေသလားဟု သံသယ၀င် ကြပါသည်။ မည်သို့ဆိုစေ BINGO ပေါက်သွားသည့် နာယကကြီးများ ကတော့ ပျော်မဆုံး မော်မဆုံး ဆုများ သယ်ဆောင်သွားပြီး [...]

EC Meeting (2nd Qr 2012)

EC Meeting (2nd Qr 2012)

မေလ ၆ရက်နေ့က UNOB EC meeting ကို Palm City ကိုပီတာ၊ မဝေ တို့နေအိမ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ EC များ အားလုံးနီးပါး တက်ရောက်ခဲ့ကြပြီး အကြောင်းအရာများ စုံလင်အောင် ဆွေးနွေးခဲ့ကြပါတယ်။ ထိုအထဲမှ UNOB နှစ်ပတ်လည် အခမ်းအနားအတွက် လိုအပ်ချက်များကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်၊ နေရာ၊ သွားရေးလာရေး အစီအစဉ်၊ အစားအသောက် အစစ အရာရာ ပြည့်စုံအောင် အမှုဆောင်များမှ အကြံပြု  ဆွေးနွေးခဲ့ကြပါတယ်။ ကိုပီတာရဲ့ လက်ရာ စပါယ်ရှယ်ဒံပေါက်အတွက် အထူးကျေးဇူးတင်ပါတယ်။ To-go များ အတွက် ပိုလို့တောင် ကျေးဇူးတင်ပါသေးတယ်။
UNOB အသင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ရက် သေသေချာချာ သတ်မှတ်ပြီးလျှင် Web Site, Email, Phone များ မှတစ်ဆင့် ဆက်သွယ် ကြေငြာပေးပါမည်။

Asian Culture Festival 2012

Asian Culture Festival 2012

Thai American Association မှ ကြီးမှူးတဲ့ ၂၂ ကြိမ်မြောက်   Asian Culture ပွဲတော် ကို  March ၃ ရက်နဲ့ ၄ ရက်နေ့က  Florida, Homestead ရှိ Fruit & Spice Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီပွဲတော်မှာ UNOB  အသင်းကလည်း ဖိတ်ကြားမှူ့အရ ပထမဦးဆုံး အကြိမ် ပါဝင်ကျင်းပခဲ့ပါတယ်။  Asian Culture ဆိုတဲ့အတိုင်း  Asian လူမျိုးပေါင်းစုံက မိမိတို့ရဲ့ ယဉ်ကျေးမှူ့ အကြောင်း၊ နိုင်ငံအကြောင်းတွေနဲ့ ရိုးရာ အစားအစာတွေကို ထုတ်နှုတ်ပြသ ခဲ့ကြပါတယ်။ ပွဲတော်မှာ အစားအစာမျိုးစုံ၊ ရိုးရာပစ္စည်းမျိုးစုံတွေ ရောင်းချကြတဲ့အပြင် သစ်ပင်မျိုးပေါင်း စုံလင်အောင် ရောင်းချကြတာကိုလည်း တွေ့ရှိကြရပါတယ်။
ပွဲတော်ဟာ မြို့ကြီးများနဲ့ အနည်းငယ် [...]

ဆွေးနွေးပွဲ မှတ်တမ်း

ဆွေးနွေးပွဲ မှတ်တမ်း

အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့  UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့  ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။
ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB  ညီအစ်ကိုများရဲ့  ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့  ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့  အကြံပေး လူကြီးများဖြစ်တဲ့ Dr. [...]

UNOB Newsletter #3 has just been released

UNOB Newsletter #3 has just been released

U.N.O.B Newsletter  မျိုးနွယ်စုစာစောင် အမှတ်(၃)  ကို ဖေဖေါ်ဝါရီလ ၂၀၁၂ တွင် ပုံနှိပ် ပြီးစီးသွားခဲ့ပြီး စတင် ဝေငှ နေပြီဖြစ်ပါသည်။
အဖွဲ့၏ နောက်ဆုံး Activities များ၊ ဥက္ကဌ ဒေါက်တာကျော်ဦး၏ အပူလွန်ကဲခြင်း ဝေဒနာ ဆေးပညာဆောင်းပါး၊ ကြေးမုံဦးသောင်း၏ ယောမင်းကြီး ဦးဖိုးလှိုင်နှင့် သတင်းစာ ဆောင်းပါး၊ အဖွဲ့ဝင် တစ်ချို့၏ ဆောင်းပါးများ၊ အတွေ့အကြုံများ၊ ရယ်မောဖွယ် ဖြစ်ရပ်များ အပြင် အဖွဲ့၏ ဘဏ္ဍာရေး စားရင်းရှင်းတမ်းများ ကိုလည်း ပြည့်ပြည့်စုံစုံ ဝေဆာစွာ ဖေါ်ပြထားပါသည်။
အဖွဲ့ဝင်များ၏ မအားလပ်သည့် ကြားမှ တစ်အုပ်ထက် တစ်အုပ် ဒီဇိုင်း၊ စာအုပ် အရည်အသွေးနှင့် စာများပါ အကောင်းဆုံး မဟုတ်သည့်တိုင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားထားမှုကို ဤစာစောင်တွင် တွေ့မြင် နိုင်ပါလိမ့်မည်။ ယခုထက် ပိုမို ကောင်းမွန်လာအောင်လည်း ကြိုးစားကြဦးမည် ဖြစ်ပါသည်။ ရသ မျိုးစုံအောင် ထည့်သွင်းနိုင်ရန်လည်း ကြိုးစားနေပါသည်။ [...]