Welcome! မင်္ဂလာပါ

Author Archives: Than

သမ္မတ အိုဘားမား ၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေများ

အမေရိကန်နိုင်ငံတွင် ကျန်းမာရေးအာမခံကြေးပေးမထားတဲ့ ကျန်းမာရေးဝန်ဆောင်မူများ၏ ခွင်အပြင်တွင်ရောက်နေတဲ့သူပေါင်း ၃၂ သန်းခန့် ရှိပါတယ်။ ထိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြင်ဆင်မူ ဥပဒေကို (မတ်လ ၂၃ ရက် ၂၀၁၀) နေ့က သမ္မတအိုဘားမား ကလက်မှတ်ရေးထိုးခဲ့တယ်။ ဥပဒေသစ်အရဖြစ်ပေါ်လာမည့် ကျန်းမာရေးအာမခံကြေး မူဝါဒ အများစုမှာ ၂၀၁၄ ခုနှစ်ကျမှသာ တရားဝင်ဖြစ်လာပါတယ်၊ ထိုဥပဒေသစ်ရဲ့ထူးခြားချက်တွေကတော့ က) အာမခံကြေး ၂၀၁၄ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင်နေထိုင်သူတိုင်း တရားဥပဒေ အရ ကျန်းမာရေးအာမခံကြေးပေးရမည်၊ (ကျန်းမာရေး အာမခံကုမ္ပဏီများမှ အာမခံကြေးပေးဆောင်ရမည်။) အာမခံကြေးပေးဆောင်ရန်ပျက်ကွက်သူများကို (more…) Read More...

UNOB ဖွဲ့စည်းပုံအခြေခံဥပဒေ

UNOB ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မြန်မာဘာသာဖြင့်အောကါပါ Link ကိုကလစ်လုပ်၍ဖတ်ရှုနိုင်ပါသည်။ http://picasaweb.google.com/111592235876182796297/UNOBConstitution?authkey=Gv1sRgCP_XyPL5permcg# Read More...

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင်

အမေရိကန်ပြည်ထောင်စုကို စားစရာတွေ သယ်လာမယ်ဆိုရင် ချမ်းမြေ့အိမ် ပြည်ပရောက်နေကြတဲ့ မြန်မာတွေ၊ ရွှေပြည်တော်က လာမယ့်ဆွေမျိုး၊ မိတ်ဆွေတွေကို လူကြုံမှာလေ့ရှိတာကတော့ အစားအစာပါပဲ။ ကြိုက်နှစ်သက်လို့ပဲဖြစ်ဖြစ်၊ အလွမ်းဖြေဖို့ပဲဖြစ်ဖြစ် မြန်မာပြည်က စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သီချင်း၊ ရုပ်ရှင်၊ (more…) Read More...

သတင်းစဉ်

မွေးဖွားခြင်းမင်္ဂလာ မြန်မာမျိုးနွယ်သမီးလေး ‘မေသဇင်ဦး’ ကို ၂၀၁၀ခု၊ ဖေဖော်ဝါရီ (၁၈)ရက် ကြာဿပတေးနေ့ တွင် ဖခင်ဒေါက်တာကျော်နိုင်ဦး နှင့် မိခင်မဇင်နွယ်ဝင်း တို့မှ ကောင်းမွန်စွာဖွားမြင်ခဲ့ပြီးဖြစ်ပါသည်။ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများနှင့် UNOBအဖွဲ့ဝင်များမှဝမ်းသာဂုဏ်ယူစွာသွားရောက်ကြည့်ရှုကြိုဆိုခဲ့ကြပါသည်။ မွေးဖွားခြင်းများစွာတွင် လူသားတဦးမွေးဖွားခြင်းသည်မင်္ဂလာအရှိဆုံးပင်ဖြစ်ပါသည်။ ဆောင်းမှာပွင့်သောသဇင်ပန်းကို ပင်မြင့်ထက်မှာမွေးဖွားပါသည်။ ငွေသဇင်ပန်းကိုပင် ဦးခေါင်းမှာတမြတ်တနိုးပန်၍ ဂုဏ်တင့်ခြင်းဖြင့် တော်ဝင်ပန်းအစစ် တခမ်းတနားဖြစ်ရပါသည်။ ဖလော်ရီဒါ၏အေးချမ်းသော ဆောင်းမှာမွေးသည့် သမီးလေးမေသဇင်ဦးသည် အေးချမ်းသာယာသည့် ဘ၀၏ ချမ်းသာကိုရပါလိမ့်မည်။ တော်ဝင်ပန်း၏ ဂုဏ်တင့်ခြင်းမျိုးဖြင့် ရုပ်ဆင်းအလှ တော်စွပညာ၊ ချမ်းသာခြင်းမက ကျန်းမာခြင်းကတစ်ပါး၊ လူအများနှင့်နတ်ချစ် အကျိုးများစွာနှင့်လူဖြစ်သော အမိအဖများ၏ ရတနာအစစ်ဖြစ်ပါလိမ့်မည်။ ကောင်းကျိုးရတနာဖူးပွင့်လာသို့ ပြည့်စုံဂုဏ်ထူး ‘မေသဇင်ဦး’သည် သုခများစွာချစ်စရာဖြင့် အသက်တစ်ရာမကရှည်စေသော်ဝ်။ Read More...

Regular meeting at Dr. Ho’s residence

UNOB EC များ ၂လခြားတစ်ခါ ပုံမှန်အစည်းအဝေးကို ဆရာဟိုး နေအိမ် (ဖေဖေါ်ဝါရီ ၂၇ရက် နေ့) တွင်ပြုလုပ်ခဲ့ပါသည်။ EC အဖွဲ့ဝင်များအားလုံးနှင့်အတူ ကိုဂျိမ်းစ်၊ ကိုနေ၀င်းထွန်းတို့မှလည်း Online Virtual Meeting မှတစ်ဆင့် စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အဖွဲ့၏လုပ်ငန်းစဉ် သုံးသပ်ချက်များ၊ community ၏အကျိုးကို ရှေ့ရှုသောအခွင့်အလမ်းများ၊ ငွေစာရင်းရှင်းတမ်းများ၊ ရံပုံငွေ ရှာကြံရေး စသဖြင့် ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့ပါသည်။ အဖွဲ့အတွက် ရံပုံငွေပွဲများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသလို လောလောဆယ်အချိန်တွင် EC များမှ တာဝန်ယူ၍ အဖွဲ့၏လိုအပ်သော ပုံမှန်သုံးငွေများကို ကျခံကြမည်ဟု သဘောတူညီခဲ့ကြပါသည်။ ပြင်ပမှ အလှူရှင်များမှလည်း နည်းများမဆို ကူညီ ပံ့ပိုးကြမည်ဆိုပါက အထူးကျေးဇူးတင် ဂုဏ်ယူစွာဖြင့် လက်ခံမည်ဖြစ်ပါသည်။ အဖွဲ့၏ ပုံမှန်သုံးငွေများတွင် Post Office Box ငှားရမ်းခ၊ Web Server ငှားရမ်းခ နှင့် စာရွက်စာတမ်းများ စသဖြင့် ပါဝင်ပါသည်။ အစည်းအဝေးသို့ လာရောက်တက်ရောက်ခဲ့သည့် အကြံပေးလူကြီးများဖြစ်သော ဒေါက်တာဦးဖေသန်းမောင်၊ ဒေါက်တာဟိုး၊ ဒေါက်တာညွန့်လွင် ၊နှင့်ဒေါက်တာတင်မျိုးသန်းတို့မှလည်း အလွန်တန်ဖိုးရှိသော အကြံပြုချက်များဖြင့် အားပေးအကြံပြုစကားများ ချီးမြင့်ခဲ့ကြပါသည်။ [nggallery id=19] Read More...

ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ

ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ via Nine Nine SaNay by နိုင်းနိုင်းစနေ on 2/8/10 မိတ်ဆွေတစ်ဦးရဲ့အိမ်ကို အလည်အပတ်သွားခဲ့တုန်းက ဓာတ်လှေကားကထွက်တာနဲ့ သူတို့အိမ်ပေါက်ဝမှာ ဆိုင်းပုဒ်တစ်ခု ချိတ်ထားတာကို တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာက “အိမ်ထဲမဝင်ခင် ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန် ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ” လို့ရေးထားတယ်။ အိမ်ထဲရောက်တော့ အိမ်ရှင်တွေက (more…) Read More...

Tickets are available NOW!

Chin Food Aid Concert (Florida) အစာရေစာပြတ်လပ်မှုကူညီရေးရံပုံငွေဂီတပွဲ(ဖလော်ရီဒါ) (more…) Read More...

သတင်းစဉ်

သမီးဦးရတနာဖွားမြင်ခြင်း မမေသူဦး ကိုကြိုဆိုပါ၏ ကိုရဲမင်းဦး နှင့်  မသူဇာ ဇနီးမောင်နှံတို့၏ ပထမဆုံးသမီးဦး မမေသူဦး ကိုဇန်န၀ါရီလ(၂၁)ရက် ကြာဿပတေးနေ့ ညနေချမ်း(၄နာရီ၃၃မိနစ်)တွင် ကောင်းမွန်အောင်မြင်စွာ (more…) Read More...

Food Aid Concert

သဘာဝဘေးအန္တရာယ်ကျရောက်၍ အစာရေစာ ပြတ်လပ်ခေါင်းပါးမှုဒဏ် ကြုံတွေ့နေရသော ချင်းပြည်နယ် ဒေသတလျောက်ရှိ တိုင်းရင်းသားပြည်သူများအား ကူညီရန်အတွက် UNOB အဖွဲ့မှ ကြီးမှူး၍ ဖလော်ရီဒါပြည်နယ် အတွင်း ရံပုံငွေ ဂီတပွဲ တစ်ပွဲပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။ ဆုန်သင်းပါရ်၊ ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ ထူးအယ်လင်း တို့အပြင် (more…) Read More...