စာမူများတောင်းခံခြင်း
မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း
မျိုးနွယ်စုသတင်းစာစောင်
P.O. Box: 20196, West Palm Beach, FL 33416
သို့
လူကြီးမင်းများခင်ဗျား
ရက်စွဲ။ ။ ၂၀၁၀ခု၊ သြဂုတ်လ (၂၄)ရက်
“ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများသတင်းစာစောင် ” ကို ယခုနှစ်ဇွန်လမှစတင်၍ အောက်ပါရည်ရွယ်ချက်များဖြင့် အတွဲ(၁) အမှတ်(၁)အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့ပြီးဖြစ်ပါသည်။
၁။ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်းကြီး၏ လုပ်ဆောင်ချက်များကို အသင်းဝင်များသို့ပုံမှန်အစီရင်ခံသွားရန်။
၂။ နီးစပ်ရာမြန်မာအသိုင်းအ၀ိုင်းအတွင်း ဗဟုသုတဆိုင်ရာ၊ အသိပညာ အတတ်ပညာဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ ဥပဒေရေး ဆိုင်ရာ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာ၊ လူမှုဖူလုံရေးဆိုင်ရာ၊ သိမှတ်စရာသတင်းများဆိုင်ရာ၊ စိတ်ပျော်ရွှင်ဖွယ်ဆိုင်ရာများကို မြန်မာဘာသာဖြင့်တတ်နိုင်သလောက်ဖြန့်ချီပေးသွားရန်။
ဒုတိယအကြိမ်ထုတ်ဝေမည့် ” မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ သတင်းစာစောင် ” အတွက် အောက်ပါ လိပ်စာအတိုင်း “စာမူ”များဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
UNOB အဖွဲ့ဝင်သော်၎င်း၊ အဖွဲ့ဝင်မဟုတ်သူသော်၎င်း မည်သူမဆိုပါဝင်ရေးသားနိုင်ကြပါသည်။ စာစောင်သည် Comm unity အကျိုးအတွက်သာလျှင်ဖြစ်၍ စာမူခငွေကြေးချီးမြင့်နိုင်မည်မဟုတ်ပါ။
အောက်ပါခေါင်းစဉ်အရ၎င်း၊ မိမိကြိုက်နှစ်သက်ရာ၎င်း ပေးပို့နိုင်ကြပါသည်။ [...]






