Welcome! မင်္ဂလာပါ

Author Archives: thetlwin

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ကူညီရေး

ကချင်ပြည်နယ်စစ်ပြေးဒုက္ခသည်များ ကူညီရေး မြန်မာတိုင်းရင်းသား မျိုးနွယ်စုအသင်းဝင် မိဘညီအစ်ကို မောင်နှမများခင်ဗျား- လက်ရှိမြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် နေရပ်ဌာနေ စွန့်ခွာပြီး စစ်ပွဲများနှင့်ဝေးရာ လွတ်ရာကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသော ကချင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများ စားဝတ်နေရေးနှင့် ဆေးဝါးပစ္စည်းများ အထူးလိုအပ်လျှက်ရှိသည်ကို သတင်းဌာနများ မှတစ်ဆင့်ကြားသိရပါသည်။ ထို့ကြောင့် မြန်မာပြည်ဖွားတိုင်းရင်းသားခြင်း လူသားခြင်းစာနာ ထောက်ထား သောအားဖြင့် ပါဝင်ကူညီလိုသူများ စေတနာတရား ထက်သန်သလောက် U.N.O.B မှတစ်ဆင့် ပါဝင် လှူဒါန်းနိုင်ကြပါသည်။ လာမည့်သောကြာနေ့(8/12/11) တွင်ထိုစစ်ပြေးဒုက္ခသည်များစခန်းသို့ တိုက်ရိုက် ဆက်သွယ်ပေးပို့ရန် အစီအစဉ်ရှိပါ၍ အချိန်မှီပါဝင်ကူညီနိုင်ပါကြောင်း သတင်းပေး နိုးဆော်အပ်ပါသည်။ အလှူငွေပေးပို့လိုပါလျှင်- U.N.O.B P.O.Box  20196 West Palm Beach, FL-33416 အလှူငွေလက်ခံဖြတ်ပိုင်းပြန်လည်ပို့ပေးပါမည်။ အလှူငွေကိစ္စအတွက် စုံစမ်းမေးမြန်းလိုပါလျှင်- ကိုအောင်သက်    (561)414-3221 ကိုဘရန်ရှောင်     (561)351-7343 ကိုမောင်ငယ်       (561)271-0251 ကိုသက်လွင်       (561)676-5903 Dr. Read More...