Welcome! မင်္ဂလာပါ

Author Archives: Administrator

Zawgyi Font in a MAC OS(Apple) Video

MAC Version 10.14 (Mojave) မှာ ဇော်ဂျီဖောင့်နဲ့ ပက်သက်ပြီး ပြသနာတွေဖြစ်နေတယ်လို့ ကြားရပါတယ်။ Font Book ကို မသုံးပါနဲ့။  Finder ကိုဖွင့်ပါ။   သင့်ရဲ့ MAC Root Hard Disk ကိုရှာပါ။ မရှိလျှင် Finder Preference မှာ Hard Disk ကို Check လုပ်ပါ။ Desktop ပေါ်မှာ HD ပေါ်လာပါလိမ့်မယ်။  HD ကို ဖွင့်ပါ။ Library ကို ဖွင့်ပါ။ Fonts Folder ကို ဖွင့်ပါ။ Myanmar MN and Sagnam Font တွေကို Right Click လုပ်ပြီး Trash လုပ်လိုက်ပါ။ ဒီအပြင် မြန်မာဖောင့်တွေ ရှိနေသေးလျှင် လဲ ဖျက်ထုတ်ပေးပါ။ ဇော်ဂျီဖောင့်ကိုတော့ Install လုပ်ထားရပါမယ်။ Zawgyi Font download နည်း Install လုပ်နည်းများကို ဒီ post ရဲ့ အလယ်မှာ ပုံများနဲ့ ရှင်းပြထားပါတယ်။ (1) Finder Preferences (2) Library (3) Fonts Folder (4) Trash Font Book ထဲမှာရောက်နေလျှင် Read More...

Myanmar Font in iPhone

Updated (10/2011) အခု လောလောဆယ် အချိန်မှာ Browser ၃ခု App Store ထဲမှာတွေ့ပါတယ်။ Free Version တွေ စမ်းပြီးသုံးကြည့်ပါ။ ကိုယ်နဲ့ အဆင်ပြေမယ့် တစ်ခုတော့ တွေ့မှာပါ။ iPhone ရဲ့မူလ Safari Browser က Helvetica Font ကလွဲရင် support လုပ်မထားတဲ့ အတွက်ကြောင့် ဥပမာ Zawgyi Font လိုမျိုး မြန်မာစာတွေ့  ဖတ်လို့မရပါဘူး။ အစားထိုး Font တွေ သုံးနေကြပေမယ့် အဲဒါတွေက Native font မဟုတ်ပါဘူး။ အင်္ဂလိပ်စာ A,B,C,D တွေ အားလုံးက လက်ကွက်နေရာခြင်းတူနေတာကြောင့် လုပ်လို့ရပါတယ်။ မြန်မာစာကြတော့ အဲလို အစားထိုးလို့ မရတဲ့အတွက်ကြောင့် Internet Browser တစ်ခုအသစ်လုပ်ပြီး မြန်မာ Font ကို Default အနေနဲ့ထားပေးလိုက်တဲ့အခါ အဲဒီ Browser သုံးရင်တော့ မြန်မာစာတွေ မြင်ရပါလိမ့်မယ်။ iPhone သုံးနေတဲ့ မြန်မာ အားလုံးရဲ့ အခက်အခဲကိုဖြေရှင်းပေးလိုက်တာက iBrowser MM လို့ခေါ်တဲ့ iPhone App တစ်ခုပါ။ Safari အစားထိုး မြန်မာ Browser လို့ ပြောရင်လည်းရပါတယ်။ Facebook Read More...

iPhone App “OPlayer” supports Windows Media Video

An iPhone app called “Oplayer” supports Windows Media Video (wmv) and a lot more media formats which means it can play video within our UNOB web site from your iPhone. Our web site only uses WMV format for video posts. Please launch  App store in your iPhone and search for Oplayer, there are free version and paid version $2.99. Only difference is paid version doesn’t have Ads. Even though  free version can handle decent job. So you can try before Read More...

Installing Zawgyi Font and Trouble Shooting (Video)

ဇော်ဂျီဗမာစာလုံးမရှိသည့်အတွက် Web Site များပေါ်မှာ ဗမာစာဖတ်ရန် အခက်အခဲရှိနေသူများ ဤ Video ကြည့်၍ ဖြေရှင်းနိုင်ပါမည်။ Windows System များ အတွက်သာဖြစ်ပါသည်။ သင်၏ မိတ်ဆွေ သူငယ်ချင်းများ အခက်အခဲ ကြုံသည့် အခါမျိုးများတွင်လည်း ဤ Web Site Link ကိုပေး၍ ကူညီပေးနိုင်ပါသည်။ (Font Download) | Direct Link :  http://unobusa.org/uploads/how_to_zawgyi_high.wmv Click here to go to Zawgyi Font Download page Read More...

ဥပဒေရေးရာဟောပြောပွဲ ဗွီဒီယိုမှတ်တမ်း

လူတစ်ခု အမှုတစ်ရာ ဆိုသလို ကျွန်တော်တို့၏ နေ့တစ်ဓူဝ ကြိုးစားရှင်သန် ရုန်းကန်နေရချိန်တွင် ပြသနာပေါင်းစုံသည် နေရာမျိုးစုံမှ ၀င်ရောက်လာတတ်ပါသည်။ တစ်ချို့ပြသနာများသည် မိမိအမှားကြောင့်ဖြစ်သော်လည်း တစ်ချို့မှာ မိမိအားနည်းချက်ကို အခွင့်ကောင်းယူ၍ အနိုင်ကျင့် စော်ကားခံရခြင်းများကြောင့် မဖြစ်သင့်ပဲ ဖြစ်လာရခြင်းများ တွေ့ကြုံဖူးကြပါလိမ့်မည်။ ထိုအခြေအနေမျိုးတွင် တရားမျှတသော ဥပဒေ၏ အကာအကွယ်ဖြင့်သာ တရားမျှတမှုကို ရရှိမည်ဖြစ်ပါသည်။ ဥပဒေပညာသည် ကျွန်တော်တို့၏ နေ့စဉ်ရှင်သန်မှုကာလတွင် လွန်စွာအရေးပါသော ကဏ္ဍမှပါဝင်လျက်ရှိပါသည်။ ယခု Video သည် သြဂတ်လ (၂၀)ရက်နေ့ တွင် ပြုလုပ်ခဲ့သော ဥပဒေရေးရာ ပညာပေးဟောပြောပွဲမှ မှတ်တမ်းတင် ဗွီဒီယိုဖြစ်ပါသည်။ ဟောပြောပွဲမှ Mr. Patrick ၏ မိတ်ဆက်ဟောပြောမှုများနှင့် အမေးအဖြေ ကဏ္ဍတစ်ချို့သာဖြစ်သော်လည်း မည်မျှ ကျွန်တော်တို့အား ဥပဒေပညာရပ်ဆိုင်ရာ ဗဟုသုတများ ပေးစွမ်းနိုင်ကြောင်းကို ကြည့်ရှုပြီးလျှင် သိရှိပါလိမ့်မည်။ ကျွန်တော်တို့၏ ဥပဒေရေးရာ အမြင်အာရုံများကို ကြည်လင်စေပြီး၊ ကြားရသမျှသော ပြောစကားများကို မည်သည်က အမှား၊ မည်သည်က အမှန် ခွဲခြားဆင်ခြင်နိုင်စွမ်းကို အထောက်အကူဖြစ်စေပါသည်။ ယခုကဲ့သို့သော ပညာပေး အစီအစဉ်များ မကြာခဏ ကျင်းပနိုင်ရန် မျှော်လင့်မိပါသည်။ (ဓါတ်ပုံများကြည့်ရန် Click here to see Pictures) Video Read More...

စာပေစကားဝိုင်းမှ မှတ်တမ်းတင် ဓါတ်ပုံများ

ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့် အနုပညာလောက စိတ်ဝင်စားဖွယ် မေးခွန်းများကို ဆရာဦးဝင်းငြိမ်း မှ စေ့စေ့ငှငှ ဖြေကြားသွားသည်မှာ အလွန်မှတ်သားဖွယ် ကောင်းပါသည်။ အခမ်းအနားတွင် မ၀င်းဝင်းသော် မှ ဆရာမကြီးဒေါ်ပတ္တမြားခင်၏ အထုပ္ပတ္တိ အကျဉ်းကို ဖတ်ကြားပေးခဲ့ပြီး ဒေါက်တာကြင်ဟိုး၊ ဒေါက်တာကျော်ဦး၊ ဒေါက်တာထွေးထွေးစိန်တို့မှ ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသည် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ပျော်စရာလည်းကောင်းသလို အစားအသောက်များလည်း စုံလင်ပါသည်။ တက်ရောက်လာခဲ့သူများရော၊ မလာဖြစ်ခဲ့သူများ အတွက်ပါ ဆွေးနွေးပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများကို ပြန်လည်ကြည့်ရှု့နိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ Read More...

နာရေးသတင်း (L Ah Sein)

ဒေါက်တာဦးစိန်လွင်၏ ဖခင် L Ah Sein (အသက် ၉၆နှစ်) သည် သြဂတ်လ ၃ရက်နေ့ ၂၀၁၀ခုနှစ်တွင် Fort Lauderdale နေအိမ်၌ ကွယ်လွန်သွားပါကြောင်း ကြားသိရပါသည်။ ဈာပနအခမ်းအနားကို အောက်ပါအတိုင်း စီစဉ်ထားပါသောကြောင့် UNOB Web Site မှနေ၍ အခမ်းအနားသို့တက်ရောက်လိုသူများအား မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲစွာဖြင့် အကြောင်းကြားအပ်ပါသည်။ Memorial Service to celebrate his life Location: Fred Hunter’s at 718 S. Federal Hwy., Ft. Lauderdale, FL 33316 (Google Map) Phone: (954) 527-1550 Date: Aug 08, 2010 Time: 11:00 am to 1:00 pm- Visitation 1:00 pm- Memorial Service 2:00 pm- Dragon Buffet to Read More...

UNOB Statement

ထုတ်ပြန်ကြေငြာချက် (View in PDF Format) Comment section တစ်ခုတွင် လာရောက်ရေးသား အကြံပြုသွားသော Member ကိုအင်ဒရုး ၏ အကြံပြုချက်ကို လေးစားခြင်းအားဖြင့် ပြန်လည် ရှင်းလင်းဖေါ်ပြခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးလည်း မျိုးစုံကြားပါသည်။ အဖွဲ့အစည်းနှင့် မသက်ဆိုင်သော ဘာသာရေးကိစ္စဖြစ်၍ တစ်ကြောင်း၊ လူတယောက်ချင်းစီ၏ ထင်မြင် ယူဆချက်များကို အဖွဲ့အစည်းကြီးတစ်ခုမှ ပြန်လည်ရှင်းလင်း ဖေါ်ပြနေရန်မလို ဟု ယူဆသောကြောင့်လည်းကောင်း မည်သည်ကိုမျှ ရှင်းလင်းမနေခြင်းဖြစ်ပါသည်။ သို့သော် အဖွဲ့၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ရည်ရွယ်၍ မဟုတ်မမှန် ပြောဆိုနေသူများကို အဖွဲ့ဝင်များကိုယ်စား ကာကွယ်ရန် တာဝန်ရှိသည့်အတွက်ကြောင့် လည်းကောင်း၊ အဖွဲ့ဝင်များ၏ မေးခွန်းများကို ရှင်းလင်းရန်အလို့ငှာ ယခုလို ထုတ်ပြန်ကြေငြာရခြင်းဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များအရ ဘာသာရေး၊ နိုင်ငံရေးများနှင့် မပတ်သက်သော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သော လူမှုရေး အဖွဲ့အစည်းသာဖြစ်ကြောင်း အဖွဲ့၏ (အခြေခံဥပဒေ) ထဲမှာ အတိအလင်းဖေါ်ပြထားပြီး ဖြစ်ပါသည်။ အကြိမ်ပေါင်း မြောက်များစွာ အခါအခွင့်သင့်တိုင်းလည်း ပြောဆိုနေဆဲဖြစ်ပါသည်။ အစည်းအဝေးတိုင်း တွင်လည်း နိုင်ငံရေး၊ ဘာသာရေး စကားများ တခွန်းတလေမှ ပြောဆိုခြင်းမရှိကြောင်း Read More...

UNOB Meeting at Sarasota

July 25 ရက်နေ့ Sarasota မြို့တွင်ပြုလုပ်ခဲ့သော UNOB လပတ်အစည်းအဝေးမှ မှတ်တမ်းဓါတ်ပုံများ- အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် နယ်မြေခံ ကိုယ်စားလှယ် ကိုဂျိမ်းစ် တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ Read More...

UNOB Newsletter (Vol. 1)

မျိုးနွယ်စုသတင်းစာစောင်ကို ၂၀၁၀ခုနှစ် ဇူလိုင်လတွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါသည်။ အခမဲ့ထုတ်ဝေဖြန့်ချီခြင်းဖြစ်ပြီး စာစောင်ကုန်ကျစရိပ်များကို Tampa မှ ကိုမောင်စိုး၊ Boca Raton မှ ကိုဇော်ကြီး၊ Vero Beach မှ ကိုသန်းနိုင်တို့က လှူဒါန်းခြင်းဖြစ်ပါသည်။ စာစောင်ဖြစ်မြောက်ရေးအတွက် ကိုသန်းနိုင်မှနေ၍ အစမှအဆုံးတာဝန်ယူ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါသည်။ စာစောင်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ပတွင်ရောက်ရှိ နေကြသော မြန်မာ့အသိုင်းအ၀ိုင်းအတွင်း လူမှုရေး၊ ကျန်းမာရေး၊ ဥပဒေရေးများကို တတ်အားသ၍ အပြန်အလှန် အကူအညီများ ပေးနိုင်ကြစေရန် အတွက် ရည်ရွယ်ပါသည်။ စာစောင်၏ပထမဆုံး စာမျက်နှာတွင်ပါရှိသော ကိုကျော်ဦးမှ ရှင်းလင်းတင်ပြထားချက်များကို ဖတ်ကြည့်လျှင် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များကို နားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။ ပထမဆုံးအကြိမ်ဖြစ်သည့် အားလျော်စွာ ပြည့်စုံမှုနည်းမည် ဖြစ်သော်လည်း နောက်ထပ် ထုတ်ဝေမည့် စာစောင်များတွင် မြန်မာ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ်လိုအပ်သည့်၊ အကျိုးရှိမည့် အကြောင်းအရာများကို ကဏ္ဍပေါင်းစုံ ကြိုးစားရွေးချယ်စုစည်း၍ ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ကျွန်တော်များ အသိုင်းအ၀ိုင်းအတွက် အကျိုးရှိမည့်စာများအပြင် အကြံဥာဏ်များပေးလိုပါကလည်း Email မှသော်လည်ကောင်း၊ စာတိုက်မှသော်လည်ကောင်း ဆက်သွယ်ပါဟု ဖိတ်ခေါ်ပါသည်။ နောက်ထုတ်မည့်စာစောင်များတွင် ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။ အကြောင်းအရာနှင့် ရေးသူ၏ နာမည်ရင်း၊ ဆက်သွယ်ရန် Info များကို တစ်ပါတည်းပေးစေလိုပါသည်။ Read More...