Welcome! မင်္ဂလာပါ

Author Archives: Administrator

2nd Annual Meeting & Election

UNOB ၏ ဒုတိယအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင် အသစ် ပြန်လည်ရွေးကောက်ပွဲကို 8/27/2011 ညက Deerfield Beach ရှိ Asian Buffet & Grill ဆိုင်တွင် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြပါသည်။ အခမ်းအနားမှုး ကိုစိန်မြင့်အောင်၊ ဥက္ကဌ ၏ အမှာစကား၊ အတွင်းရေးမှုး၏ ကျေးဇူးတင် စကား၊ ဘဏ္ဍာရေးမှုး၏ စားရင်းရှင်းတမ်း၊ အဖွဲ့ဝင် တစ်ချို့၏ အကြံပေးမှု အစီအစဉ်များ ပြီးသည့်နောက် အမှုဆောင်အသစ်နေရာများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။ အမှုဆောင်များရွေးချယ်ပြီးသည့်နောက် Bingo ကစားကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။ Bingo နှစ်ပွဲ ကစားခဲ့ကြပြီး နှစ်ပွဲစလုံး၏ ပထမဆုများကို (ထူးထူးဆန်းဆန်း) ဥက္ကဌကတော် မထွေးထွေးစိန်မှ တစ်ဦးတည်း ဆွတ်ခူးသွားပါသည်။ Read More...

Concert Videos from Orlando

Some show videos from Orlando night. Enjoy… visit this channel for more videos,, http://www.youtube.com/htunlinnlatt .. …. ….. …. Read More...

UNOB Newsletter No.2

အဖွဲ့ဝင်များ၏ အားကြိုးမာန်တက် အကူအညီပေးမှုများကြောင့် မျိုးနွယ်စုသတင်းစာစောင် အမှတ် ၂ ကို မကြာခင် ဖြန့်ဝေနိုင်တာ့မည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရသော်လည်း အရင် အမှတ်(၁)ထက် ပိုမိုကောင်းမွန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါသည်။ နောက်ထွက်မည့် စာစောင်များကိုလည်း အတွေ့အကြုံများ စုဆောင်းရင်း၊ လေ့လာရင်းဖြင့် တစ်စောင်ထက် တစ်စောင် ပိုမိုကောင်းမွန်လာအောင် ကြိုးစားသွားကြမည် ဖြစ်ပါသည်။ သင့်တော်သော စာမူများကိုသော်လည်းကောင်း၊ စာရိုက်စာစီ အကူအညီပေးနိုင်မည့် သူများကိုသော်လည်းကောင်း ဖိတ်ခေါ်ပါသည်။ အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စာစောင်ရယူလိုပါလျှင် info@unobusa.org သို့  အမည်၊ နေရပ်လိပ်စာ နှင့်တကွ ဆက်သွယ်ပါ။ အခမဲ့ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ Online ပေါ်တွင် အလွယ်တကူ ဖတ်ရှု့နိုင်ရန် PDF file Link ကို အောက်ဖက်တွင် ဖေါ်ပြထားပါသည်။ မိမိ Connection Speed ပေါ် မူတည်၍ အချိန် အနည်းငယ် ကြာကောင်း ကြာပါလိမ့်မည်။ Click Here to view PDF File Read More...

Newsletter No.2

This is just a draft. I will wrap it up tomorrow. Direct link  http://unobusa.org/wp-content/uploads/2011/07/UNOB_newsletter_2print.pdf http://unobusa.org/wp-content/uploads/2011/07/UNOB_newsletter_2print.pdf Read More...

8th E.C meeting

At the 8th U.N.O.B. E.C. meeting took place at the residence of Ko Yar Zar and family on July 9th 2011. We’ve decided to hold Annual business meeting, re-election and conference on Aug 27th, 2011 in Boca Raton. The members of the Event Committee will be announced soon. Some Representatives who couldn’t make it to the meeting, attended via web-cam. Mr. James Lintun( Sarasota), Mr. Maung Soe( Tampa Bay) and Mr. Zaw Min Oo( N/S Carolina). Some of E.C. members enjoying very delicious meals right before Read More...

Useful Apps for an iPhone

အိမ်အတွင်း မှာ PC နှင့် TV တွဲပြီး အသုံးပြုသူများအတွက်  Touch Mouse လို့ခေါ်တဲ့ iPhone App တစ်ခုက အလွန် အသုံးဝင်ပါတယ်။ Free Version ဖြစ်ပြီး Logitech Company က App ဖြစ်ပါတယ်။ iPhone ကို Wireless Mouse လို Wireless Keyboard လို အသုံးချနိုင်ပါတယ်။ WiFi Network (Wireless Router) ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်အိမ်မှာ ရှိတဲ့ Computer တွေ အားလုံးကို ချိပ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဘာတွေ လိုအပ်ပြီး၊ ဘယ်လို Install လုပ်ရမလဲဆိုရင်. Requirements… ( an iPhone or iPAD or iPod, a PC or MAC, Wi-Fi Network) (၁) iPhone မှ တစ်ဆင့် App store မှာ Touch Mouse ဆိုပြီး ရှာပါ။ Free ဖြစ်ပြီးတော့ Logitech Product ဖြစ်ပါတယ်။ Download လုပ်ပြီး Install လုပ်ပါ။ (၂) သင့်ရဲ့ Read More...

SSV Grand Opening Ceremony Video

ထေရ၀ါဒ သံဃ၀ိဟာရ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကို West Palm beach, Florida တွင် ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့ကြပါသည်။ သီတဂူဆရာတော်ဘုရားကြီးမှ ကြီးမှူး၍ အခြားဖိတ်ကြားထားသော ဆရာတော်ကြီးများ အပါအ၀င် လူသူဧည့်ပရိသတ်မြောက်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ အစီအစဉ်ကို Internet မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ထပ်မံကြည့်ရှု့လိုသူများ ပြန်လည်ကြည့်ရှု့ နိုင်ရန် UNOB Web site မှတစ်ဆင့် ဖေါ်ပြအပ်ပါသည်။ Running Time:2hrs 20mins Flash Video Player Read More...

Cheap Online Video Rental

ကျွန်တော်တို့ရဲ့ အနားယူ အပန်းဖြေချိန်များထဲမှာ ဗွီဒီယို ကြည့် အနားယူ ခြင်းသည်လည်း ကဏ္ဍတစ်ခု အဖြစ်ပါဝင်ပါတယ်။ ဆိုင်မှာ သွားရောက် ငှားခြင်းသော်လည်းကောင်း၊ Kiosk စက်များမှ သော်လည်းကောင်း၊ Online မှသော်လည်းကောင်း နည်းမျိုးစုံနဲ့ ရနိုင်ပါတယ်။ Online ကနေ Instant ငှားပြီး ကြည့်နိုင်တဲ့  Web site တွေထဲမှာ လောလောဆယ် Netflix က အသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။  တစ်လ ကို $7.99 ဖြစ်ပြီး Contract လဲ လုပ်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်မှာတော့ Internet အမြန်လိုင်း ရှိဖို့တော့ လိုပါတယ်။ တစ်လကို $9.99 ($2) ပိုပေးရင် DVD ကို Mail ကနေလဲ မှာနိုင်သလို Online မှာ လဲ ကြိုက်သလောက် ကြည့်နိုင်ပါတယ်။ အသေးစိတ် Plan တွေကို netflix.com မှာ သွားရောက် ဖတ်နိုင်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ Blu-Ray Player, TVs တွေမှာ Internet Access လုပ်ဖို့  Wi-Fi သို့မဟုတ် Ethernet Port တွေပါ ပါတယ်။ အဲဒီကနေတစ်ဆင့် ကိုယ့်အိမ်က Router ကို ချိပ်ပြီး Read More...

Surprise Birthday Party

ကျွန်တော်များ UNOB အဖွဲ့၏ အကြံပေးလူကြီး တစ်ယောက်ဖြစ်သော ဆရာဦးဖေသန်းမောင်၏ (Surprise birthday party) မွေးနေ့ပွဲကို 22 Jan 2011 နေ့ Plantation Country Club တွင် ကျင်းပခဲ့ရာ UNOB အဖွဲ့မှ EC တစ်ချို့ တက်ရောက် ချီးမြင့်ခဲ့ကြပါသည်။ ဆရာ၏  အဖွဲ့အပေါ် ကူညီမှုများ၊ လူငယ်များကို အားပေးတတ်သော စိတ်စေတနာများကို ကျေးဇူးတင်ခြင်းအားဖြင့် ဥက္ကဌ ကိုကျော်ဦးမှ လည်ကောင်း၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ကိုစိန်မြင့်အောင်မှ လည်ကောင်း အသီးသီး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပါသည်။  တက်ရာက်လာသူများနှင့်  အလွန်စည်ကား သိုက်မြိုက်သော ပျော်ရွှင်ဖွယ်ရာ မွေးနေ့တစ်ရက်ဖြစ်ကြောင်းကို ဓါတ်ပုံများမှ တစ်ဆင့် ပြန်လည် ပြောပြနေပါလိမ့်မည်။ “HAPPY BIRTHDAY” Read More...

အထူးသတင်း

အသင်းသူ အသင်းသားများနှင့် Sushi လုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များ အားလုံးအတွက် အရေးကြီး သတင်းတစ်ခု ရရှိပါသည်။ ပြီးခဲ့သည့် အပတ်က အလုပ်သမား ၀န်ကြီးဌာနမှနေ၍ Palm Beach County, Florida အတွင်းရှိ AFCFC လုပ်ငန်းရှင် တစ်ချို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကြားသိရပါသည်။ တိတိကျကျ အဖြေမသိရသေးသော်လည်း လုပ်ငန်းရှင်များ (Franchisee) နှင့် ၀န်ထမ်းများ (Chefs, Helpers) ၏ အလုပ်ချိန်များနှင့် အခြေခံလစာများ ကိုက်ညီမှုရှိမရှိ၊ ပေးဆောင်ထားသော အခွန်ငွေများ နှင့် ဆိုင် အရေအတွက်၊ ၀န်ထမ်း အရေအတွက်များအကြောင်းကို အဓိကထား၍ မေးကြောင်း သိရှိရပါသည်။ South Florida အတွင်းရှိ အခြားသူများကိုလည်း ထပ်မံ စစ်ဆေးမှုများ ပြုလုပ်လိမ့်မည်ဟု ယူဆကြောင်းလည်း သိရပါသည်။ အသေးစိပ် အခြေအနေများ မသိရသေးခြင်းကြောင့် အတိအကျ မပြောနိုင်သော်လည်း ၀န်းထမ်းများ ရှိသော လုပ်ငန်းရှင်များ အနေဖြင့် မိမိဝန်ထမ်းများနှင့်ဆိုင်သော အချိန်၊ လစာ၊ အခွန်ငွေပေးဆောင်ခြင်း ဆိုင်ရာများကို (အသေအခြာ မသိရသေးသော်လည်း) ကြိုတင် ပြင်ဆင်ထားလျှင် သင့်တော်မည်ဟု ယူဆပါသောကြောင့် ယခုလို အသိပေး ကြေငြာရခြင်းဖြစ်ပါသည်။ မိမိ အနီးအနား Read More...