Welcome! မင်္ဂလာပါ

Author Archives: Administrator

Independent contractor or Employee?

မိမိလုပ်ငန်းတွင်အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေသောသူသည်Indepentent Cnotractor လား Employee လား ဆိုတဲ့မေးခွန်းကိုဖြေရန် တခါထရံမလွယ်ကူသလို မှားယွင်းစွာဖော်ပြမိပါကလဲ ကြီးမားသောဒဏ်  ကြေးပေးဆောင်ရတတ်ပါသည်။ အကြမ်းဖျင်းအားဖြင့်သင်(အလုပ်ရှင်) အနေဖြင့်ဝန်ထမ်းဟု ဥပဒေအရ သတ်မှတ်နိုင်သော သူဧ။် လစာမှ ဝင်ငွေခွန် (Income Tax) social security (ပင်စင်ဟုလွယ်လွယ် ဘာသာပြန်ပါရစေ) နှင့် Medicare  (အသက်၊အိမ်ထောင်၊ မိသားစု အခြေအနေ စသဖြင့် ) ပေါ်မူတည်သဖြင့် လစာမှဖြတ်တောက် ထိန်းသိမ်းရပါမည်။ သင်(အလုပ်ရှင်)အနေဖြလဲ SS Tax, Medicare, Unemploymenmt Tax(FUTA &SUTA) အလုပ်ထုပ်ဆိုင်းငံ့ခံရပါက ယာယီထောက်ပံ့သော အခွန်တို့ကို၎င်းဝန်ထမ်း၏ လစာနှုန်းထားအလိုက် ပေးဆောင်ရပါမည်။ အထက်ဖော်ပြပါ အခွန်များကို I.C အတွက် ပေးဆောင်ရန်မလိုပါ။  I.C ဖြစ်ပါက S.E Tax(Self Employment Tax) သာလျှင် ၄င်း person မှ ပေးဆောင်ရန် တာဝန်ရှိပါသည်။ ကျွန်ုပ်ပိုင်သော လုပ်ငန်းတွင် ကျွန်ုပ်သည် I.C လား??           အကယ်ရ်ျ သင်သည် တခြားလုပ်ငန်း(သို့) တခြားသူတဦးဦးအား ဝန်ဆောင်မှု ပေးပါကသင့်ကိုယ်သင် I.C ဟုခေါ်ရ်ျမရ သင်သည် ကိုယ်ပိုင်အလုပ်လုပ်သော လုပ်ရှင်ဖြစ်သည်။ သင်သည် တစုံတယောက်ကို သင့်လုပ်ငန်းတွင် ဝန်ဆောင်မှုပေးရန် အခကြေးငွေဖြင့် ငှားရမ်းပါက ထိုသူသည် I.C Read More...

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

ကျွန်တော်တို့ အားလုံး အမေရိကားကို ရောက်လာပြီး တစ်ချိန်မဟုတ် တစ်ချိန် US Immigration ဌာနနဲ့တော့ ပတ်သက်ရ စမြဲပါ။ ရောက်လာပြီးတဲ့ နောက် Status ရဖို့အတွက် Social ပဲ လျှောက် လျှောက်၊ Green Card အတွက် ပဲ ဖြစ်ဖြစ်၊ Citizenship အတွက်၊ မိဘ ခေါ်တာ၊ နောက်ဆုံး မိန်းမယူတာ ဒါတွေ အားလုံး US Immigration လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်၊ စည်းကမ်းချက်တွေနဲ့ ညီရင် အချိန်တန်တဲ့အခါ ရောက်လာ၊ ဒါတွေ ပုံမှန်ပါပဲ။ အခုလို ပြောလိုက်တော့လဲ လွယ် သလိုလို။ တစ်ကယ်တမ်း လုပ်ကျပြီဟေ့ ဆိုတာနဲ့ လျှောက်လွှာ Form စ ဖြည့်တဲ့ အခါ ပြသနာ စ တော့တာပါပဲ။ ဥပမာ- မေးခွန်းတစ်ခုကို ဖြေလိုက်တာ ဟုတ်သလိုလို မဟုတ်သလိုလို၊ အတွေ့အကြုံလဲ မရှိတော့ မှားပြီး အချိန်တွေ ပိုကြာသွားမှာ ပယ်လိုက်တဲ့ထဲ ပါ သွားမှာ စိုးတော့ ရှေ့နေဆီ ပြေးရတော့တာပေါ့။ တစ်ချို့လဲ အတွေ့အကြုံရှိတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ မေးပြီး Read More...

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

စာပေဟောပြောပွဲညမှ ဒေါ်မာမာအေး၏ မဟာဂီတ အမှတ်တရ ဟောပြောမှု ဗွီဒီယို အပြည့်အစုံ ဖြစ်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ Flash Player ရှိဖို့ လိုအပ်ပါတယ်။ Web Site ပေါ်တွင် ဗွီဒီယို ကြည့်ရန် အခက်အခဲ ရှိပါက မေးမြန်းနိုင်ပါတယ်။ Full length video of Daw Mar Mar Aye’s speech “Mahar Gita”.   Get the Flash Player to see the wordTube Media Player. Read More...

စာပေဟောပြောပွဲ မှတ်တမ်း

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။ စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ ဖလော်ရီဒါပြည်နယ် အတွက် ပထမဦးဆုံး အကြိမ်ဖြစ်သည့် အားလျော်စွာ တတ်ရောက် လာခဲ့ကြသည့် စာပေ ၀ါသနာရှင်များ မှလည်း စိတ်ဝင်တစား နားထောင်ခဲ့ကြသလို ဟောပြောပေးသည့် ပညာရှင်များ ဖက်မှလည်း အားရ၀မ်းသာ ရှိခဲ့ကြကြောင်း ကြားသိရသည့် အတွက် UNOB အသင်းသား/သူ များမှ များစွာ ကျေးဇူးတင် Read More...

အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ (August 2012)

August 2012 ည ဒေါက်တာ ညွန့်လွင် နှင့် အန်တီ လင်ဒါ တို့ အိမ်တွင် ကျင်းပခဲ့သော အစည်းအဝေးမှ မှတ်တမ်းတင် ဓါတ်ပုံများ – Read More...

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် ကြုံခဲ အစီအစဉ်မှာ ပါဝင်ပေးကြဖို့လဲ အထူး ဖိတ်ခေါ်ပါတယ်။ ဖိတ်ကြားဖို့ စီစဉ်ထားတဲ့ ပုဂ္ဂိုလ်ကြီးများ အတွက် အားလုံး စီစဉ်ပြီး ဖြစ်သလို အချိန်နှင့် နေရာများလည်း သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဖိတ်ကြားထားသည့် သူများကတော့ ကမ္ဘာတစ်ဝှမ်း မြန်မာ့ စာပေ ဂီတ အနုပညာ ချစ်မြတ်နိုးသူများ အားလုံး လေးစားကြတဲ့ Read More...

Worker’s Comp. Insurance ၀ယ်ဖို့လိုသလား

Worker’s Compensation Insurance ၀ယ်ဖို့လိုသလား? Sushi လုပ်ငန်းရှင်များ ယခုလတ်တလော အငြင်းပွားနေရတဲ့ Worker’s Compensation Insurance ၀ယ်ဖို့လိုမလို ဆိုတဲ့ မေးခွန်းအတွက် အဖြေသည် State တစ်ခုနှင့် တစ်ခု ကွားခြားပါသည်။ သင့်လုပ်ငန်းတွင် အချိန်ပိုင်း/ အချိန်ပြည့် လုပ်ကိုင်နေသော ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရပါက အကာအကွယ် ခံစားခွင့် ရမည့် အာမခံချက် ဖြစ်ပါသည်။ ၀န်ထမ်းဟု ဆိုရာတါင် တစ်ချို့ State တွင် သင်ကိုယ်တိုင် ပါဝင်ပါသည်။ တစ်ချို့ State တွင် သင် (လုပ်ငန်းရှင်) သို့မဟုတ် Corporation Director  အနေဖြင့် ကင်းလွတ်ခွင့် ရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် သင်ထိခိုက်လျှင် ခံစားခွင့် မရှိပါ။ ၀န်ထမ်းသု ဆိုရာတွင် Sub-Contractor များလည်း အကျုံးဝင်ပါသည်။ ဘယ်သူတွေ အာမခံဝယ်ရမလဲ? အထက်တွင် ဖေါ်ပြခဲ့သလို State အလိုက် စည်းမျဉ်းများ ကွာခြားပါတယ်။ ဥပမာ အနေဖြင့်  Florida ရှိ လုပ်ငန်းရှင်တစ်ဦးတွင် ၀န်ထမ်း ၄ ဦး ထက်ပိုပါက အာမခံ မရှိမဖြစ် ၀ယ်ရပါမည်။ ချွှင်းချက် – လုပ်ငန်းရှင် ဒါရိုက်တာ ကင်းလွတ်ခွင့် ရှိပါတယ်။ Read More...

Farewell ကိုသက်လွင်

ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်များထဲက အတက်ကြွဆုံး သူတစ်ယောက်ကိုပြပါလို့ မေးလာခဲ့ရင် ကိုသက်လွင်ကို လက်ညှိုးထိုးပြကြမယ် လို့ ထင်ပါတယ်။ ဘာပဲလုပ်လုပ် အရှေ့ဆုံးကနေ ကျရာနေရာယူပြီး အပင်ပန်းခံ ကူညီတတ်တာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ တတ်ကြွလွန်းအားကြီးပြီး ကျန်တဲ့ ကျွန်တော် တို့လိုလူများကို စေတနာနဲ့ အားမလို အားမရ စကားတွေ ပြောတတ်တာလည်း သူပါပဲ။ ကိုသက်လွင် California ကိုပြောင်းရွေ့အခြေချဖို့ သတင်းကြားကြတော့ အားလုံး စိတ်မကောင်းကြပါဘူး။ ကျွန်တော်တို့ UNOB အဖွဲ့တင် မကပါဘူး West Palm Beach က သီတဂူ ဘုန်းကြီးကျောင်း အတွက်ပါ အားကိုးရတဲ့ မိသားစု တစ်စု လျော့သွားတာ အမှန်ပါ။  ကျွန်တော်တို့တွေ ဒီရောက်မှ တွေ့ဆုံ သိကျွမ်းခဲ့ကျပေမယ့် ခင်ရာဆွေမျိုး  ညီအစ်ကို ရင်းများလို ကူညီလိုက် ငြင်းခုံလိုက်နဲ့ ပျော်ပျော်ပါးပါး လက်တွဲလုပ်ခဲ့ကြတာ ကာလတစ်ခုတိုင်ခဲ့ပါပြီ။ ကိုသက်လွင် မသွားခင် တစ်ရက် (August 11 2012) ညက အချိန်ယူပြီးကျွန်တော်တို့ အဖွဲ့ဝင်များနဲ့ နှုတ်ဆက်စကားပြောဖို့  ထမင်းအတူ စားဖြစ်ခဲ့ကြပါတယ်။  ကိုကျော်ဦး၊ ကိုပီတာ၊ ကိုမောင်ငယ်၊ ကိုရာဇာ၊ ကိုလှိုင်ဝင်း၊ ကိုသီဟန်၊ ကိုစိန်မြင့်အောင်၊ ကိုအောင်သက်၊ ကိုဘရန်ရှောင်၊ ကိုရဲမင်းဦး+မသူဇာ၊ နှင့် Read More...

3rd Annual Anniversary Celebration

ဇွန်လ ၂ ရက်နေ့ ညတွင် UNOB အသင်း နှစ်ပတ်လည် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အစီအစဉ်များကို အခမ်းအနားမှုး ကိုစိန်မြင့်အောင် မှ စတင်ကြေငြာပြီး၊ ဥက္ကဌ၊ အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးတို့မှ အဖွင့် မိတ်ဆက်စကား၊ ကျေးဇူးတင်စကား၊ နှစ်ပတ်လည် ငွေစားရင်း ရှင်းတမ်းများကို အသီးသီး ပြောကြားခဲ့ပါသည်။ ဖိတ်ကြားထားသည့် မိတ်ဆွေ အပေါင်းအသင်းများ၊ အဖွဲ့ဝင်များ စုံညီစွာ လာရောက်ခဲ့သည့်အတွက် စည်စည်ကားကား ရှိခဲ့သလို BINGO အစီအစဉ်ကြောင့်လည်း အလွန်ပျော်ရွှင်ကြရပါသည်။ ဆုအများစုကို အမှုဆောင် နာယကကြီးများမှ သိမ်းကျုးံ ရရှိသွားခဲ့သဖြင့် ကျန်ရှိသော သူများမှ သိပ်မကျေနပ်ပါ။ တစ်ချို့ကလည်း လက်မှတ် အဟောင်းများကို လွှင့်မပစ်ပဲ ဆက်တိုက်ကစားကာ ဆုမဲများ ရရှိသွားကြ လေသလားဟု သံသယ၀င် ကြပါသည်။ မည်သို့ဆိုစေ BINGO ပေါက်သွားသည့် နာယကကြီးများ ကတော့ ပျော်မဆုံး မော်မဆုံး ဆုများ သယ်ဆောင်သွားပြီး ဖြစ်ပါသည်။ အားလုံးပျော်ခဲ့ကြပါသည်။ Birthday Cake Academy Ko Soe Read More...

3rd Anniversary Invitation

Attention to all members and guests, The UNOB invites you to the 3rd Annual Anniversary. We hope you come and support our organization, and welcome anyone to be a part of this celebration. Elks Lodge #1352 6188  Belvedere Road, West Palm Beach, FL 33413 June 2nd. 2012 7:00PM TO 11:00PM Here is the invitation letter in PDF. Download (PDF, 315KB) Read More...