Welcome! မင်္ဂလာပါ

Author Archives: Administrator

Android စက်များ အသုံးပြုနည်း (မြန်မာလို)

Android စက်များ အသုံးချပုံကို ဗမာလို ရေးသားထားခြင်း ဖြစ်ပါတယ်။  (Download PDF File) User’s Guide Page 1 User’s Guide Page 2 User’s Guide Page 3 User’s Guide Page 4 User’s Guide Page 5 User’s Guide Page 6 User’s Guide Page 7 User’s Guide Page 8 PDF file လည်း ဒီနေရာမှာ ဖတ်လို့ ရပါတယ်။ Download လုပ်လိုလျှင် အောက်နားမှာ ရှာကြည့်ပါ။ အကယ်၍ Loading လုပ်တာကြာနေရင် Refresh ကို နှိပ်ပါ။ Download (PDF, 1.28MB)   Read More...

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ အများကြီး တွေ့ရပါတယ်။ အကူအညီပေးနိုင်တဲ့သူ အလွယ်တကူရှိရင် ပြသနာ မရှိပေမယ့် အဲဒီအခက်အခဲကြောင့် မတင်ဖြစ်လိုက်ပဲ မေ့သွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအတွက် အခြေခံ ကွန်ပြူတာသုံးတတ်ရင်ကို လိုက်လုပ်နိုင်မယ့် နည်းမျိုး ဒီ Video မှာ ရှင်းပြထားပါတယ်။ သဘောမပေါက်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။ Form ဖြည့်ဖို့ အတွက် ဒီ Web site ကလွဲပြီး ဘယ်မှ မသွားမိပါစေနဲ့။ ဒီအစီအစဉ်က FREE ပါ။ ငွေပေးစရာ မလိုပါဘူး။ www.dvlottery.state.gov ………………………………………….. Read More...

Money Saving Tip (2)

အခုနောက်ပိုင်း B.Y.O.D (BringYourOwnDevice) လို့ခေါ်တဲ့ကြငြာတွေ Cell phone ရောင်းတဲ့ ကုမ္ပဏီတွေမှာ အများအပြား တွေ့လာရပါတယ်။ ကိုယ့်မှာရှိတဲ့ Unlocked ဖုန်းကို ယူသွားပြီး သူတို့ဆီက Plan နဲ့တွဲသုံးတဲ့အခါ Unlimited Talk, Text and Data ကို ဒေါ်လာ ၅၀ ပတ်ဝန်းကျင်လောက်နဲ့ ရနိုင်ပါတယ်။ သူတို့ဆိုင်တွေမှာ ရှိတဲ့ ဖုန်းတွေ ၀ယ်လဲရပါတယ်။ ပုံမှန် Contract တွေနဲ့ ရောင်းတဲ့ AT&T တို့ Verizon တို့ဆီမှာဆိုရင် Unlimited Plan အတွက် လစဉ် $100 ပတ်ဝန်းကျင်လောက် ပေးရပါတယ်။ သက်သာချင်ရင် လစဉ် မိနစ် နည်းသွားပါလိမ့်မယ်။ ပြီးရင် မိနစ် ပိုသုံးမိလို့၊ Data ပိုသုံးမိလို့ MMS ပိုသွားလို့ ဆိုပြီး ထပ်ပေးရတဲ့ငွေက တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ Unlimited Plan သုံးပြီးသွားရင် အဲဒီ စိတ်ချမ်းသာမှုမျိုး ဘယ်လိုမှ ပြန်မလဲနိုင်တော့ပါဘူး။ အဲဒီတော့ လစဉ်ကြေးလဲ သက်သာ၊ စိတ်ချမ်းသာမှုလဲရအောင်  ရှာကြံရပါတော့တယ်။ အဲဒါမျိုးတွေထဲမှာ Metro PCS, Virgin Mobile, H2O, Straight Talk, Simple Mobile Read More...

Sony Media Player review

ပြည်ပရောက် မြန်မာမိသားစုတွေ မြန်မာဗွီဒီယိုတွေ ကြည့်ကြတာ သွားလေရာ သတိထားမိပါတယ်။ ကွန်ပျူတာနဲ့ချိပ်၊ ကြိုးတွေ ရှုပ်ရှပ်ခတ်၊ ကြည့်နေရင်း ဟိုကမလာ။ ဒီကပျက်၊ PC Virus ထိတဲ့အခါ ပြသနာတွေတက် စုံနေတာပါပဲ။ အခုတလော E-Store တွေမှာ ပေါပေါလောလောတွေ့နေတဲ့ Smart TV တွေနဲ့ဆို ပိုအဆင်ပြေကြမယ် ထင်ပါတယ်။ ဒါပေမယ့် WiFi မပါတဲ့ TV တွေရှိနေကြတဲ့ ဥပမာ- ကျွန်တော့်လိုလူအတွက် TV အသစ်တစ်လုံးဝယ်စရာ မလိုပါဘူး။ Apple TV, Roku, Google TV စတဲ့ Internet Media Player လေးတွေ ၀ယ်သုံးလိုက်ရင် အဆင်ပြေပါတယ်။ သူ့ဟာနဲ့သူ အားလုံးကောင်းကြပါတယ်။ အဲဒီထဲကမှ Google TV က internet web page တွေ ကြည့်နိုင်ပြီး မြန်မာ web site တွေ အများစုသုံးတဲ့ Flash video ကို ဖွင့်နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာများအတွက် သင့်တော်တယ်လို့ ယူဆရတဲ့ Google TV ကို ဘယ်လောက်အထိ အသုံးတည့်မလဲ သိချင်လို့  စမ်းသပ်ကြည့်ဖြစ်ပါတယ်။  Sony ကတော့ Amazon မှာ US$169 ရှိပါတယ်။ အခြား Brand တွေဆိုရင်တော့ US$100 Read More...

Phi Phi ၏ ဈာပနအခမ်းအနား

ဖီးဖီး၏ ဈာပန အခမ်းအနားမှ မှတ်တမ်းတင် ဓါတ်ပုံများ – Read More...

Ship to Myanmar (စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး)

MyAddressUS can assist you in sending documents and small packages door to door to major cities in Myanmar within 5 business days. We have partnered with U.N.O.B. to provide their members a free membership ($120.00 annual value) and 10% off their first shipment. Getting started is simple and directed by you; Register for a Membership  Access MyAddressUS.com (http://www.myaddressus.com/membership.php) and select Premium Membership Enter all required information in Steps 1, 2, and 3. In Step 3, be sure to enter UNOB as the Promo Code Upon completion, you’ll be Read More...

Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99 ဖြစ်ပြီး $1000 အတွက် $16.99 ဖြစ်တာကို  Western Union ရဲ့ web site မှာ တွေ့ရပါတယ်။ Western Union ရှိတဲ့ နေရာတွေကနေ အလွယ်တကူ လွှဲနိုင်ပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။ အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ၀န်ဆောင်ခ ပြောင်းလဲမှုရှိပါတယ်။ လွှဲဖူးတဲ့သူတစ်ချို့ကတော့  အဆင်ပြေကြောင်း ပြောကြပါတယ်။ အမေရိကားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ အခြားနိုင်ငံများမှလည်း အဆင်ပြေမယ် မျှော်လင့်ပါတယ်။ Link:  http://www.westernunion.com Read More...

2013 South Florida သင်္ကြန်

2013 ခုနှစ် တောင်ပိုင်း ဖလော်ရီဒါ သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း ကြားသိရပါတယ်။ နေရာကို Okeechobee ကန်အနီးက သီတဂူကျောင်းမှာ သတ်မှတ်ထားပါတယ်။ တေးသံရှင်မီမီဝင်းဖေ၊ စန္ဒယားကိုသစ်၊ လူရွှင်တော်ကိုယဉ်ထွေး တို့နှင့်အတူ သင်္ကြန်ယိမ်းအက၊ ကရင် ဒုံးယိမ်းအက၊ အခြားမြန်မာ့ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။ အချိန် = နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ အထိ နေံရက် = ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက် (Easter Sunday) 3/31/2013 နေရာ  = 13425 US Hwy. 441 S.E Okeechobee, FL-34974 Florida Thingyan 2013 Note: ပန်းချီအောင်ကျော်ခင်၏ပန်းချီပုံကို ယူသုံးထားပါသည်။ Read More...

Florida နှစ်သစ်ကူး အကြိုပွဲတော်

ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။  ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။ Read More...

Fundraising Event in Florida 2012

နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။  ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ ပညာရှင်နှစ်ဦးတို့မှ လာရောက် အားပေးကြသော မြန်မာ မိသားစုများအား ဂီတဖြင့် တရင်းတနှီး ဧည့်ခံဖျော်ဖြေခဲ့ကြရာ ပွဲမှာ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံများကို အခြားသူများထံမှလည်း ရှာဖွေတင်ပြပေးပါဦးမည်။ Read More...