About

Our Team | History | Constitution and BylawsLocation

Purpose

To establish and maintain our culture, to get better relationship among its people, to help its members in social life, and to help in legal situations, within the constitution and bylaws of federal, state, and local.

[singlepic id=47 w=320 h=240 float=]

အကြောင်းအရာ။       ။မြန်မာနိုင်ငံမှလာရောက်ကြပြီး အမေရိကန်ပြည်ထောင်စုအတွင်းအခြေချနေထိုင်လျက် ရှိကြသော မြန်မာ့တိုင်းရင်းသားမျိုးနွယ်စုများအားလုံးစုပေါင်း၍  စည်းလုံးညီညာသော အသင်းတစ်ခု ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ကြောင်း ဖိတ်ကြားလွှာ

ရည်ရွယ်ချက်။ ။ ။(၁)အဖွဲ့ဝင်တိုင်းရင်းသားများအားလုံး၏ ရိုးရာယဉ်ကျေးမှုများကိုထိန်းသိမ်းရန်
(၂)အဖွဲ့ဝင်တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်စေရန်
(၃)အဖွဲ့ဝင်များအားလုံး၏လူမှုရေးကိစ္စများနှင့်အကျိုးစီးပွားကို ဥပဒေဘောင်အတွင်းမှ ကူညီကာကွယ်စောင့်ရှောက်ရန်

အဖွဲ့ကြီး၏ ရည်ရွယ်ချက်အတိုင်းပင် အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာ့တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမ များအားလုံး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာပြီး လူမှုရေး ကိစ္စအ၀၀ ကို အပြန်အလှန်ကူညီ ကာကွယ်စောင့်ရှောက်နိုင်ရန် ကျွန်တော်တို့အားလုံးမှအထူးကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

တိုင်းတစ်ပါး ရေခြားမြေခြားတွင် လုပ်ဆောင်ရသော အခြေအနေများကြောင့် အခက်အခဲပေါင်းများစွာ ရှိသော်လည်း ကျွန်တော်တို့ညီအစ်ကိုများမှ ညီညွတ်စွာ ပူပေါင်းပါဝင်လာမည်ဆိုပါက မည်သည့်အခက်အခဲမဆို လွယ်ကူစွာ ကျော်လွှားသွားနိုင်မည်ဖြစ်ပါသည်။

ထို့ထက်ပို၍ တစ်ဦးတစ်ယောက် အခက်အခဲ တစုံတရာတွေ့ကြုံလာပါက မိမိတစ်ယောက်တည်း (သို့မဟုတ်) လူအနည်းစုမှ ကာကွယ်ဖြေရှင်းသည်ထက် အားလုံးမှ တစ်ညီတစ်ညွတ်ပြုပြီး စုပေါင်းဖြေရှင်းပါက ပိုမိုထိရောက် လိမ့်မည်ဟု ယုံကြည်ပါသည်။

ကျွန်တော်တို့အားလုံးသိရှိထားကြသည့်အတိုင်း မြန်မာပြည်အတွင်းရှိတိုင်းရင်းသား ညီအစ်ကိုများ စည်းလုံးရေးပျက်ပြား၊ အချင်းချင်းယုံကြည်မှုလျော့နည်းရခြင်းမှာ လက်တစ်ဆုပ်စာ လူတစ်စု၏ ညံ့ဖျင်းမှုများကြောင့် ဖြစ်သည်ဆိုခြင်းကို အထူးရှင်းပြစရာလိုမည်မထင်ပါ။ ထို့ကြောင့် အမြင်ရှင်းလင်းစွာ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပြီး၊ သိလိုသည်များကို ကျွန်တော်တို့ထံ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသင်းကြီးအမြန်အကောင်အထည်ပေါ်လာစေရန် ကျွန်တော်တို့မှတာဝန်များခွဲဝေယူလျက် ညီညွတ်စွာ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ယခုလောလောဆယ်တွင် တွေ့ဆုံမှုများပြုလုပ်ပြီး အလုပ်အမှုဆောင်အဖွဲ့ကို မဲခွဲ၍ ရွေးချယ်တင်မြှောက်ထားပါသည်။ အဖွဲ့ကြီး၏ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်းရေးဆွဲထားပြီး ရရှိလာမည့်အတွေ့အကြုံများအပေါ် အခြေခံ၍ဥပဒေစည်းကမ်းချက်များကို မွမ်းမံပြင်ဆင်သွားမည်ဖြစ်ပါသည်။
အဖွဲ့ဝင်တိုင်း၏အမြင်များကို အစည်းအဝေးတိုင်းတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ပြီး နယ်မြေအလိုက် ကိုယ်စားလှယ်များထားရှိပါမည်။ ၎င်းကိုယ်စားလှယ်များမှ တစ်ဆင့်လည်းပြောဆိုနိုင်ပါသည်။

အဖွဲ့တစ်ခု၏  အသွင်နှင့်အညီ လိုအပ်ချက်များအားလုံးကိုအမေရိကန်ပြည်ထောင်စု တရားဥပဒေ လုပ်ထုံး လုပ်နည်းများအတိုင်း အတွေ့အကြုံရှိသူများထံမှ အကြံဥာဏ်များရယူပြီး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

သို့ပါသောကြောင့် အတွေ့အကြုံရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံး တက်ကြွစွာပါဝင် ဆောင်ရွက်မည်ဆိုပါက အချိန်အနည်းငယ် အတွင်းမှာပင် ကျွန်တော်တို့အသင်းကြီးအောင်မြင်စွာပေါ်ပေါက် လာလိမ့်မည်ဟု ယုံကြည်ရင်း အမေရိကားရောက် အမိမြန်မာပြည်မှတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံးကိုလေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

Our Team | History | Constitution and BylawsLocation