Money Saving Tip (2)

thumb_wirelessအခုနောက်ပိုင်း B.Y.O.D (BringYourOwnDevice) လို့ခေါ်တဲ့ကြငြာတွေ Cell phone ရောင်းတဲ့ ကုမ္ပဏီတွေမှာ အများအပြား တွေ့လာရပါတယ်။ ကိုယ့်မှာရှိတဲ့ Unlocked ဖုန်းကို ယူသွားပြီး သူတို့ဆီက Plan နဲ့တွဲသုံးတဲ့အခါ Unlimited Talk, Text and Data ကို ဒေါ်လာ ၅၀ ပတ်ဝန်းကျင်လောက်နဲ့ ရနိုင်ပါတယ်။ သူတို့ဆိုင်တွေမှာ ရှိတဲ့ ဖုန်းတွေ ၀ယ်လဲရပါတယ်။ ပုံမှန် Contract တွေနဲ့ ရောင်းတဲ့ AT&T တို့ Verizon တို့ဆီမှာဆိုရင် Unlimited Plan အတွက် လစဉ် $100 ပတ်ဝန်းကျင်လောက် ပေးရပါတယ်။ သက်သာချင်ရင် လစဉ် မိနစ် နည်းသွားပါလိမ့်မယ်။ ပြီးရင် မိနစ် ပိုသုံးမိလို့၊ Data ပိုသုံးမိလို့ MMS ပိုသွားလို့ ဆိုပြီး ထပ်ပေးရတဲ့ငွေက တော်တော် စိတ်ပျက်စရာကောင်းပါတယ်။ Unlimited Plan သုံးပြီးသွားရင် အဲဒီ စိတ်ချမ်းသာမှုမျိုး ဘယ်လိုမှ ပြန်မလဲနိုင်တော့ပါဘူး။ အဲဒီတော့ လစဉ်ကြေးလဲ သက်သာ၊ စိတ်ချမ်းသာမှုလဲရအောင်  ရှာကြံရပါတော့တယ်။

အဲဒါမျိုးတွေထဲမှာ Metro PCS, Virgin Mobile, H2O, Straight Talk, Simple Mobile ဆိုတာတွေ ရှိပြီး အခုဆို T-Mobile ကလည်း ဈေးလျော့လာတာ တွေ့ရပါတယ်။ ဒါပေမယ့်  Sim card နဲ့ သုံးရတဲ့ iPhone မျိုးကျ သူနဲ့ အစဉ်ပြေတာ ဖြစ်မှ သုံးလို့ရပါတယ်။ အရင်က Metro PCS မှာ Sim Card နဲ့ မရပဲ CDMA တစ်မျိုးပဲ ရပါတယ်။ လွန်ခဲ့တဲ့ အပတ်လောက်ကမှ SIM Card စ ရောင်းတာကြားရပါတယ်။ ဆိုလိုတာက Metro PCS မှာ Android ဖုန်းတွေ အပြင် iPhone လဲ သုံးလို့ရပါပြီ။
Metro PCS ရဲ့ Plan တွေက –
(1) $40 – Unlimited Talk, Text & Data (first 500MB 4G speed- အဲဒါပြည့်သွားရင် 3G ဖြစ်သွားပါမယ်)
(2) $50 – Unlimited Talk, Text & Data (first 2.5GB 4G speed)
(3) $60 – Unlimited Talk, Text & Data (Unlimited 4G speed)
၁ လိုင်းထက်ပိုယူရင် ၁လိုင်းကို $5 ဆီထပ်လျော့ ပေးပါသေးတယ်။

မ၀ယ်ခင် သေချာသိရမှာက ကိုယ့်ဖုန်းက 4G Compatible ဖြစ်ရဲ့လားဆိုတာပါ။ ဥပမာ- iPhone 3 or 4 ဆိုရင် 3G speed ပဲရပါမယ်။ iPhone 4S or 5 မှ 4G speed အပြည့်ရပါမယ်။ iPhone 4 ပဲရှိတဲ့သူက Plan No.1 ပဲ ယူသင့်ပါတယ်။ မ၀ယ်ခင် Area Coverage ကို သူတို့ Web site ဒါမှမဟုတ် ဆိုင်တွေမှာ အရင် စုံစမ်းသင့်ပါတယ်။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ သူတို့ Service ကောင်းမှ ဖုန်းက သုံးရတာ အစဉ်ပြေမှာပါ။ ကိုယ်ဝယ်မယ့် Carrier ကိုလည်း iPhone နဲ့ သေချာ အလုပ် လုပ်မလုပ် အရင်မေးကြည့်ပါ။ ကိုယ်သုံးနေတဲ့ နံပတ်ကို ပြန်ယူမယ်ဆိုလဲ အရင် ကုမ္ပဏီက Account No.# နဲ့ Info အချို့လိုပါတယ်။ အောက်ဖက်မှာ Web site တစ်ချို့ လိပ်စာတွေ ရှိပါတယ်။  အကုန်စုံစမ်းကြည့်ပါ။ ပိုသိလေ ပိုကောင်းလေပါပဲ။

featured_wireless

Related posts:

Filed Under: Featured

Tags:

RSSComments (2)

Leave a Reply | Trackback URL

  1. steven says:

    Are you talking about these kind of plans in Myanmar or here in United States?

  2. Than Naing says:

    ကျေးဇူးတင်ပါတယ်။ လောလောဆယ်တော့ AT&Tနဲ့ညိနေလို့ နိုင်ငံခြားခရီးသွားတုန်းက တော်တော်ဒုက္ခရောက်ခဲ့ရပါတယ်။

Leave a Reply